- မူရင်းစာမျက်နှာ »
- Other IT News »
- Google က မိတ်ဆက်လိုက်တဲ့ စမတ်ဖုန်းအသစ် Pixel
ရေးသားသူ : Christ Leo
Wednesday, October 5, 2016
Google က အသစ်ထုတ်လုပ်လိုက်တဲ့ Pixel အမည်ဖြင့် စမတ်ဖုန်းတွေကို စတင် မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ Pixel နဲ့ Pixel XL လို့ အမည်ပေးထားတဲ့ စမတ်ဖုန်းသစ် နှစ်မျိုးကို Google က အောက်တိုဘာ ၄ ရက် ဆန်ဖရန်စစ္စကို အခမ်းအနားမှာ မိတ်ဆက်ခဲ့ပါတယ်။
Pixel က မျက်နှာပြင် အရွယ်အစား ၅ လက်မဖြစ်ပြီး Pixel XL က မျက်နှာပြင်အရွယ်အစား ၅.၅ လက်မ ဖြစ်ပါတယ်။ Pixel စမတ်ဖုန်းတွေကို HTC က တပ်ဆင်ထုတ်လုပ်ပေးထားပြီး ဒီဇိုင်းပိုင်းကိုမူ Google က ဖန်တီးထားကြောင်း 'phone by Google' လို့ အတိအလင်း ညွန်းဆိုထားပါတယ်။
Pixel စမတ်ဖုန်းတွေမှာ နောက်ဆုံးပေါ် Snapdragon 821 ပရိုဆက်ဆာကို အသုံးပြုထားပြီး 4GB RAM ဖြစ်ကြောင်း သိရပါတယ်။ Pixel စမတ်ဖုန်းဟာ အသုံးပြုသူက မေးခွန်းတွေ မေးမြန်းမှုကို အလိုအလျောက် ပြန်လည်ဖြေကြားပေးမှု အပါအဝင် အခြား လုပ်ဆောင်ချက်တွေ ကူညီပေးနိုင်တဲ့ 'Google Assistant' ပထမဆုံးပါဝင်တဲ့ ဖုန်းအမျိုးအစားလည်း ဖြစ်ပါတယ်။
Pixel ရဲ့ 12.3 megapixel ကင်မရာက အလင်းရောင် အမျိုးမျိုးမှာပင် ရုပ်ထွက်အကောင်းဆုံး ဓာတ်ပုံတွေကို ရိုက်ကူးနိုင်တယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် Pixel စမတ်ဖုန်းပိုင်ရှင်ဟာ Google ရဲ့ cloud storage ကို ပမာဏကန့်သတ်ချက်မရှိဘဲ အသုံးပြုနိုင်မှာ ဖြစ်တာကြောင့် ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို အကောင်းဆုံး သိမ်းဆည်းထားနိုင်မှာ ဖြစ်ပါတယ်။
၇ နာရီကြာ အသုံးပြုနိုင်ရန်အတွက် ဘက်ထရီအားသွင်းမှုကို ၁၅ မိနစ်အတွင်း ပြုလုပ်နိုင်ပါတယ်။ Pixel XL ရဲ့ ဘက်ထရီက 3450mAh ဖြစ်ပြီး Pixel ရဲ့ ဘက်ထရီကတော့ 2770mAh ဖြစ်ပါတယ်။ Pixel စမတ်ဖုန်းတွေရဲ့ ဒေတာသိုလှောင်နိုင်မှုကို 32GB နဲ့ 128GB နှစ်မျိုး ရွေးချယ်နိုင်ပါတယ်။
ဒေတာသိုလှောင်နိုင်မှု 32GB ဖြင့် Pixel ရဲ့ ဈေးနှုန်းက မြန်မာငွေ ရှစ်သိန်းကျော် (အမေရိကန်ဒေါ်လာ ၆၄၉) ဖြစ်ပြီး 128GB ဆိုပါက မြန်မာငွေ ကိုးသိန်းခွဲကျော် (အမေရိကန်ဒေါ်လာ ၇၄၉) ဖြစ်ပါတယ်။
မျက်နှာပြင်အရွယ်အစား ပိုမိုကြီးတဲ့ Pixel XL ဈေးနှုန်းမှာ 32GB ကို မြန်မာငွေ ကိုးသိန်းခုနစ်သောင်းကျော် (အမေရိကန်ဒေါ်လာ ၇၆၉) နဲ့ 128GB အတွက် မြန်မာငွေ ဆယ့်တစ်သိန်းကျော် (အမေရိကန်ဒေါ်လာ ၈၆၉) ကျသင့်မှာဖြစ်ကြောင်း သိရပါတယ်။ Google ရဲ့ Pixel စမတ်ဖုန်းတွေကို အနက်၊ အပြာနဲ့ ငွေရောင်များအဖြစ် အရောင်သုံးမျိုး ထုတ်လုပ်ထားပြီး ကြိုတင်မှာကြားနိုင်ပြီလို့ ဆိုပါတယ်။
ယခုဘလော့သည်မိတ်ဆွေများထံမှပြန်လည်မျှဝေထားပါသည်
ကျွန်တော်ပိုင်နေရာလေးများ
ရောင်ပြန်လေးစာပေသို့ဒီမှာသွားပါ
18+တို့ဆုံဆည်းရာသို့ဒီမှာသွားပါ
****အဆင်မပြေမှု့တစ်စုံတစ်ရာရှိပါက****
Facebook Account ဖြစ်တဲ့
အောက်ပါပုံလေးကိုနှိပ်ပြီးဝေဖန်အကြံပေးနိုင်ပါတယ်