ရေးသားသူ : Christ Leo Tuesday, August 30, 2016



လူတွေက ကွန်ပျူတာ ဟက်ကာလို့ ပြောရင် အဖွဲ့လိုက်လှုပ်ရှားကြတယ်လို့သာ သိထားပြီး Sexy ဖြစ်တဲ့ အမျိုးသမီး တွေလည်း ဟက်ကာ ဖြစ်နေလိမ့်မယ်လို့ မထင်ကြပါဘူး။ ဒါပေမယ့် SexyCyborg ဆိုတဲ့ နာမည်နဲ့ လှုပ်ရှားနေတဲ့ ဒီ ဟက်ကာကောင်မလေး အကြောင်း သိသွားရင်တော့ ဘယ်လောက် အန္တရာယ် များတယ်ဆိုတာ နားလည်သွားမှာပါ။

ဓါတ်ပုံဝေမျှတဲ့ လူမှုကွန်ရက်တစ်ခုဖြစ်တဲ့ Imgur မှာတော့ SexyCyborg ဆိုတဲ့ ဟက်ကာမလေးက သူ့ရဲ့ ဒေါက်ဖိနပ် ထဲမှာ ဖွက်ထားတဲ့ အဆင့်မြင့် နည်းပညာ တွေ အကြောင်းကို ဖော်ပြခဲ့ပါတယ်။



သူမရဲ့ စစ်ဆင်ရေူတွေကတော့ သာမန် ဟက်ကာတွေထက် အဆင့်မြင့်ပါတယ်။ သူမဟာ သူမပစ်မှတ်ဖြစ်တဲ့ ရန်သူတွေရဲ့ ဌာန ချုပ်ကို လှည့်စားပြီး အရင်ဝင်ရောက်ရပါတယ်။ပြီးတဲ့နောက်မှာမှ ပစ်မှတ် ကွန်ပျူတာတွေကို သူမရဲ့ နည်းပညာမြင့် ဒေါက်ဖိနပ် နဲ့ ဟက်(Hack) လုပ်တာဖြစ်ပါတယ်။

"အရင်ဆုံး ပစ်မှတ်နဲ့အနီးဆုံးမှာရှိတဲ့ အမျိုးသားတစ်ယောက်ကို အသုံးချရပါတယ်။ အဲဒီအမျိုးသားနဲ့ ခင်မင်သွားရင် သူတို့ ရုံးခန်း (သို့) ဌာန ထဲကို ၀င်ရောက်ခွင့်ရအောင်လုပ်ရပါတယ်။ အဲဒီအခါမှာလည်း ကျွန်မကို ဟက်ကာတစ်ယောက်လို့ သတိမထားမိအောင် အ၀တ်အစား တွေရဲ့ အကူအညီကို ရယူပါတယ်" လို့ သူမကဆိုပါတယ်။

SexyCyborg ဟာ တရုတ်နိုင်ငံမှာ အထင်ရှားဆုံး ဘရုစ်လီ မွေးဖွားရာဒေသဖြစ်တဲ့ FoShan ဒေသကလာပြီးထို FoShan ဒေသဟာလည်း အရိပ်မဲ့ခြေထောက်သိုင်း ဆိုတဲ့ ကွန်ဖူးအတတ်ပညာ ပေါက်ဖွားရာဒေသဖြစ်ပါတယ်။



သူမရဲ့ နည်းပညာမြင့် ဒေါက်ဖိနပ် အတွင်းမှာတော့ USB Keylogger လိုမျိုး ဟက်(Hack) ပြုလုပ်နိုင်မယ့် ကိရိယာတွေပါဝင်နေပါတယ်။ ထိုကိရိယာတွေကို အသုံးချပြီး ကွန်ပျူတာနဲ့ ချိတ်ဆက်လိုက်ရုံနဲ့ ကွန်ပျူတာ အတွင်းမှာ အလွယ်တကူ ရှာဖွေမရနိုင်တဲ့ Password တွေအပါအ၀င် အရေးကြီး သတင်းအချက်အလက်တွေကို ရယူနိုင်စွမ်းရှိတယ်လို့ သိရပါတယ်။ဒါ့အပြင်သူမဟာ Pen Testing Device ကို အသုံးပြုပြီးတော့လည်း ကွန်ရက်တွေထဲကို ၀င်ရောက်သုံးစွဲနိုင်စွမ်းရှိတယ်လို့သိရပါတယ်။

တစ်ကယ်တော့ SexyCyborg ဟာ ဟက်ကာ တစ်ယောက် အဖြစ် လုပ်ကိုင်နေရုံတင်မကပဲ အ၀တ်အစားတွေကို နည်းပညာနဲ့ ပေါင်းစပ်မှုကိုလည်း ဖန်တီးပြီး သူမရဲ့ အကျော်ကြားဆုံး ဒီဇိုင်းကတော့ မီးအလင်းရောင် ထုတ်ပေးနိုင်တဲ့ စကတ်ပဲ ဖြစ်တယ်လို့သိရပါတယ်။ SexyCyborg ရဲ့ နာမည်အရင်းကိုတော့ သူမက ထုတ်ဖော်ပြောကြားချင်းမရှိခဲ့ပါဘူး။

( Mario )
Credit>>>သစ်ထူးလွင်


ယခုဘလော့သည်မိတ်ဆွေများထံမှပြန်လည်မျှဝေထားပါသည်
ကျွန်တော်ပိုင်နေရာလေးများ
ရောင်ပြန်လေးစာပေသို့ဒီမှာသွားပါ
18+တို့ဆုံဆည်းရာသိုဒီမှာသွားပါ
****အဆင်မပြေမှု့တစ်စုံတစ်ရာရှိပါက****
 
Facebook Account ဖြစ်တဲ့

အောက်ပါပုံလေးကိုနှိပ်ပြီးဝေဖန်အကြံပေးနိုင်ပါတယ်
https://www.facebook.com/yaungpyan.tec

****ကျွန်တော့်ရဲ့ ရောင်ပြန်လေး(နည်းပညာ)Page ကို Like နှိပ်ထားပါဦး****
https://www.facebook.com/yaungpyanlaytechnology/
@@@@စာပေ၀ါသနာပါရင်ကျွန်တော့်ရဲရောင်ပြန်လေး-စာပေ PageကိုLikeနှိပ်ထားပါဦး@@@@
https://www.facebook.com/yaungpyanebook/

Leave a Reply

အဆင်မပြေတာများ ၊ လိုချင်တာများရှိရင်မှာခဲ့ပါ။

ကျွန်တော့်ရဲ့ရေးဖော်ရေးဖက်များ

Yaung Pyan Lay (ရောင်ပြန်လေး နည်းပညာ)
ဂျူးကလေး(ရောင်ပြန်လေး စာပေ)
Mr Yaung Pyan (Golden Myanmar)
ကိုမြတ် ( MICT Garden)
ငွေဇင်မိုး (ငွေဇင်မိုး မုံရွာ)
Aung Ko Latt (Aung Ko Latt စွယ်စုံ)
Maung Pauk (မောင်ပေါက်နည်းပညာ)
CKKH(နည်းပညာ)

Subscribe to Posts | Subscribe to Comments

@Copy Right 2016 / Designe By ရောင်ပြန်လေး(နည်းပညာ) / Power By Yaung Pyan Lay

- Copyright © 2025 ​ရောင်​ပြန်​​လေး - Hatsune Miku - Powered by Blogger - Designed by Johanes Djogan -