ရေးသားသူ : Christ Leo Friday, October 7, 2016

ကဲ ဒီတစ်ခါလည်း အားလုံးအတွက် အသုံးဝင်မယ့်ဟာလေးကို Tutorial လေးအဖြစ် ရေးပေးလိုက်ပါတယ်။ အဲ့ဒါကတော့ တော်တော်များများသိသော သုံးဖူးတဲ့ VirtualBox ကို Linux ပေါ်မှာ Install ပြုလုပ်နည်းလေးပါ။ VirtualBox ဆိုတာက Open Source Cross-platform Virtualization Software တစ်ခုဖြစ်ပြီးတော့ ဘယ် OS ပေါ်မှာပဲဖြစ်ဖြစ် Install ပြုလုပ်လို့ရပါတယ်။ အဲ့တော့ Window ပေါ်မှာ Install ပြုလုပ်တာက လွယ်တယ်လို့ ဆိုလိုချင်ပါတယ်။ တစ်နည်းအားဖြင့် Software ရှိရင်ကို Install ပြုလုပ်လို့ရပါတယ်။ တခြား တကူးတက လုပ်ပေးစရာမလိုပါဘူး ။ ဒါပေမယ့် Linux OS တွေပေါ်မှာ Install ပြုလုပ်ပေးတဲ့ အခါမှာကျတော့ နည်းနည်းအလုပ်ပေးရတဲ့ အဆင့်လေးတွေ လိုလာပါတယ်။ အဲ့ဒါလေးကို ကျွန်တော်က Step by Step ပုံလေးတွေနဲ့ ပြသွားပါမယ်ဗျ။ အခု Tutorial မှာပါတဲ့ VirtualBox Version က 5.1 ဖြစ်ပါတယ်။

Lets start !!

Installing Virtual Box 5.1 in RHEL/CentOs နှင့် Fedora

Step-1 (For RHEL နှင့် CentOs  7/6)

အရင်ဆုံး Install ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ Repository ဆောက်ပေးဖို့လိုပါတယ်။ ဒါကြောင့် အောက်ပါပုံတွင် ဖော်ပြထားသော လမ်းကြောင်းအတိုင်း လိုက်ဝင်လိုက်ပါ။

#cd /etc/yum.repos.d/

ပြီးရင် လိုအပ်တဲ့ repo ကို Download ချပါမယ်။


ပုံ - ၁



Step-1 (For CentOs5)

အောက်က Command လေးနှစ်ကြောင်းအတိုင်း ရိုက်ပေးလိုက်ပါ။


ပုံ - ၂

  
#rpm –Uvh epel-release-5-4.noarch.rpm

ပုံ -၃





Step-1 ( For Fedora 24 to 12 )

Fedora Version 12 ကနေ 24 ကြား သုံးစွဲနေတဲ့ သူတွေရှိတယ်ဆိုရင်တော့ အောက်ကအတိုင်း လိုက်လုပ်ပေးလိုက်ပါ။

#cd /etc/yum.repos.d/


ပုံ - ၎



အခုဆိုရင် အဆင့် ၁ အတွက် လိုက်လုပ်ဖို့ကို Red Hat / CentOs / Fedora စသော Linux Distro ၃ မျိုးအတွက် သူတို့ရဲ့ Version အလိုက် လုပ်ပြခဲ့တာ ဖြစ်ပါတယ်။

အခု အဆင့် ၂ မှာတော့ VirtualBox Install ပြုလုပ်ပြီးသောခါ အလုပ်လုပ်ဖို့ လိုအပ်တဲ့ Package တွေကို Download ပြုလုပ်ထားရမှာ ဖြစ်ပါတယ်။ အပေါ်က OS 3 ခုလုံးအတွက် Download ပြုလုပ်ရမှာက တူတူပဲမို့ တူတူရိုက်ထည့်လိုက်လို့ရပါတယ်။

Step – 2

#yum update

#yum install binutils qt gcc make patch libgomp glibc-headers glibc-devel kernel-headers kernel-devel dkms  

ပုံ - ၅



Install ပြုလုပ်ရတဲ့ Package Name တွေ ရောကုန်မှာစိုးလို့ တစ်ခုချင်း ပြန်ရေးပေးလိုက်တယ်နော်။ နာမည်ရိုက်တဲ့အခါ မှားတတ်တာမို့ သတိထားရိုက်ပေးပါ။ စာလုံးပေါင်း မှားမရိုက်မိအောင် သတိထားပေးပါ။ Download ဆွဲရမယ့် Package တွေက -

 binutils    qt   gcc   make  patch   libgomp   glibc-headers   glibc-devel    kernel-headers  
 kernel-devel    dkms

အပေါ်က လိုအပ်တဲ့ Package တွေ Download ပြုလုပ်ပြီးသွားရင် ဒီတစ်ခါ VirtualBox 5.1 ကို Download ပြုလုပ်ပြီး Install လုပ်ပါ့မယ်။ အောက်က အတိုင်း လိုက်ရိုက်လိုက်ပါ။

Step -3

#yum install VirtualBox -5.1

ပုံ - ၆





VirtualBox  ရော လိုအပ်တဲ့ Package တွေပါ Download ပြီးသွားရင်တော့ အခု VirtualBox  User and Group ကို Create လုပ်ပေးရပါမယ်။ ပြီးရင် လိုအပ်တဲ့ Kernel Module ကို Rebuild လုပ်ပေးရပါမယ်။ သို့အတွက်ကြောင့် အောက်က အဆင့်လေးတွေ လိုက်လုပ်ပေးပါအုံး။

Step-4  (For RHEL/CentOs 7  နှင့် Fedora 24-19 )

#/usr/lib/virtualbox/vboxdrv.sh setup

ပုံ - ၇




Step-4  (For RHEL/CentOs 6/5 နှင့် Fedora 18-16 )

#service vboxdrv setup

ပုံ - ၈




အဆင့် ၄ ကိုလုပ်ပြီးသွားရင် နောက်တစ်ဆင့်အနေနဲ့ အဆင့်၅ ကိုလိုက်လုပ်ပေးပါ။

Step – 5
#usermod –aG vboxusers user_name 

(user_name ဆိုသည့် နေရာတွင် လက်ရှိဝင်ရောက်နေသော user name အားထည့်ပေးပါ/ ကျွန်တော် ကတော့ ကျွန်တော့်ရဲ့ normal user name က belo မို့လို့ belo လို့ထည့်ထားပါတယ် )

ပုံ - ၉




ပြီးရင်တော့ VirtualBox  ကိုသုံးစွဲနိုင်ပါပြီဗျ။ Terminal ကပဲခေါ်ခေါ် Applications ဘားက ပဲ ခေါ်ခေါ် ရပါတယ်ဗျ။

Step -6 

#VirtualBox  


Debian, Ubuntu and Linux Mint သုံးစွဲတဲ့သူတွေဆိုရင်တော့ အောက်က Command တွေတိုင်း လိုက်ရိုက်ပေးလိုက်ပါ။

$sudo sh –c ‘echo “deb http://download.virtualbox.org/virtualbox/debian $(lsb_release -cs) contrib” >> /etc/apt/sources.list.d/VirtualBox .list’

$wget –q https://www.virtualbox.org/download/oracle_vbox.asc -O- | sudo apt-key add –

$sudo apt-get update

$sudo apt-get install VirtualBox -5.1

ပြီးရင် သူ့မှာလည်း Terminal ကနေ VirtualBox  လို့ရိုက်ခေါ်သုံးစွဲနိုင်ပါပြီဗျ။ ကဲ အားလုံးပဲ လိုက်စမ်းရတာ အဆင်ပြေပါစေဗျာ။
You can not success without Practice !!

6-10-2016
စီစဉ် တင်ဆက်သူ - bel0 (MEHN Team)


ယခုဘလော့သည်မိတ်ဆွေများထံမှပြန်လည်မျှဝေထားပါသည်
ကျွန်တော်ပိုင်နေရာလေးများ
ရောင်ပြန်လေးစာပေသို့ဒီမှာသွားပါ
18+တို့ဆုံဆည်းရာသိုဒီမှာသွားပါ
****အဆင်မပြေမှု့တစ်စုံတစ်ရာရှိပါက****
 
Facebook Account ဖြစ်တဲ့

အောက်ပါပုံလေးကိုနှိပ်ပြီးဝေဖန်အကြံပေးနိုင်ပါတယ်
https://www.facebook.com/yaungpyan.tec

****ကျွန်တော့်ရဲ့ ရောင်ပြန်လေး(နည်းပညာ)Page ကို Like နှိပ်ထားပါဦး****
https://www.facebook.com/yaungpyanlaytechnology/
@@@@စာပေ၀ါသနာပါရင်ကျွန်တော့်ရဲရောင်ပြန်လေး-စာပေ PageကိုLikeနှိပ်ထားပါဦး@@@@
https://www.facebook.com/yaungpyanebook/

Leave a Reply

အဆင်မပြေတာများ ၊ လိုချင်တာများရှိရင်မှာခဲ့ပါ။

ကျွန်တော့်ရဲ့ရေးဖော်ရေးဖက်များ

Yaung Pyan Lay (ရောင်ပြန်လေး နည်းပညာ)
ဂျူးကလေး(ရောင်ပြန်လေး စာပေ)
Mr Yaung Pyan (Golden Myanmar)
ကိုမြတ် ( MICT Garden)
ငွေဇင်မိုး (ငွေဇင်မိုး မုံရွာ)
Aung Ko Latt (Aung Ko Latt စွယ်စုံ)
Maung Pauk (မောင်ပေါက်နည်းပညာ)
CKKH(နည်းပညာ)

Subscribe to Posts | Subscribe to Comments

@Copy Right 2016 / Designe By ရောင်ပြန်လေး(နည်းပညာ) / Power By Yaung Pyan Lay

- Copyright © ​ရောင်​ပြန်​​လေး - Hatsune Miku - Powered by Blogger - Designed by Johanes Djogan -