- မူရင်းစာမျက်နှာ »
- Other IT News »
- iPhone 7 ရဲ့ ပုံစံအပြည့်အစုံကို ပြသထားတဲ့ ဗီဒီယိုပေါက်ကြားလာ
ရေးသားသူ : Christ Leo
Tuesday, August 30, 2016
အခုအချိန်မှာတော့ Samsung က Galaxy Note 7 , S7 နဲ့ S7 Edge စတဲ့ ဖုန်းတွေနဲ့ စမတ်ဖုန်းလောကကို ဦးဆောင်ထားချိန်မှာ ပြိုင်ဘက်ကောင်းတစ်ယောက်ဖြစ်တဲ့ Apple ရဲ့ iPhone 7 ကရော ဘယ်လိုပုံစံနဲ့လာအုံးမလဲဆိုတာကို အားလုံးက စိတ်ဝင်စားလျက်ရှိနေကြပါတယ်။
နောက်ထွက်မယ့် iPhone 7 အတွက်တော့ ကောလဟလတွေ အမျိုးမျိုးထွက်ပေါ်လျက်ရှိနေပြီး headphone jack ကို ဖယ်ရှားသွားမယ် ၊ မျက်နှာပြင်ပြည့် display ပါလာမယ် ၊ Home ခလုပ်ကို
ဖြုတ်ပစ်မယ် အစရှိသဖြင့် ခန့်မှန်းနေကြပါတယ်။ ကင်မရာပိုင်းမှာတော့ Lens နှစ်ခုနဲ့ ကင်မရာပါလာမယ်လို့ခန့်မှန်းနေကြပြီး RAM 3GB နဲ့ storage 256GB အထိ ပါဝင်လာမယ် အစရှိသဖြင့် သတင်းတွေအမျိုးမျိုး
ထွက်ပေါ်နေကြတာပါ။
အခုနောက်ဆုံးပေါက်ကြားလာတဲ့ ဗီဒီယိုအရတော့ iPhone 7 မှာ Home ခလုတ်ကို ဆက်လက်ထားရှိထားတာကို တွေ့ရပြီး ဒီခလုတ်ဟာဆိုရင်လည်း Force Touch နည်းပညာကို အသုံးပြုထားတယ်လို့ သိရပါတယ်။ နားကြပ်ပေါက်ကတော့ တကယ်ပဲမပါဝင်တော့တာကိုတွေ့ရပြီး အားသွင်းတဲ့ Lightning အပေါက်မှာပဲ ထည့်သွင်းအသုံးပြုနိုင်တဲ့ နားကြပ်တွေလည်း ပါဝင်လာတာကို တွေ့ရမှာပါ။
iPhone 7 ရဲ့ ကင်မရာကတော့ Lens နှစ်ခုကို အသုံးပြုထားတာကိုလည်း ဒီဗီဒီယိုထဲမှာတော့ အသစ်ပါဝင်လာမယ့်နက်ပြာရောင် iPhone ကိုတော့ မတွေ့ရသေးပါဘူး။
ယခုဘလော့သည်မိတ်ဆွေများထံမှပြန်လည်မျှဝေထားပါသည်
ကျွန်တော်ပိုင်နေရာလေးများ
ရောင်ပြန်လေးစာပေသို့ဒီမှာသွားပါ
18+တို့ဆုံဆည်းရာသို့ဒီမှာသွားပါ
****အဆင်မပြေမှု့တစ်စုံတစ်ရာရှိပါက****
Facebook Account ဖြစ်တဲ့
အောက်ပါပုံလေးကိုနှိပ်ပြီးဝေဖန်အကြံပေးနိုင်ပါတယ်