ရေးသားသူ : Christ Leo Friday, July 29, 2016

စတင်တည်ဆောက်ခြင်း

ဒီအခန်းမှာတော့ ကွန်ပြူတာကို စတင်တပ်ဆင် တည်ဆောက်တော့မှာဖြစ်တော့ပေသတည်း၊ အကျွနုပ် waiferkolar အသုံးပြုသော Components များသည် သင်တို့အသုံးပြုနေသော Components များနှင့် ညီနေလိမ့်မည်ဟု တထစ်ချမတွက်ယူနိုင်ပါ၊ သို့သော်ကား အကျွနုပ် တပ်ဆင် တည်ဆောက်ပြသည်ကိုကြည့်၍ သင်တို့အနေနှင့် သဘောတရား ကိုအတိုင်းအတာ တစ်စုံအထိ သိသွားမည် မှာသေချာပေသည်၊ သင်တို့ ဘယ်လိုအမျိုးအစား Components များကိုအသုံးပြုသည်ဖြစ်စေကာမူ လုပ်ထုံး ကိုင်ထုံး များမှာ အခြေခံအားဖြင့်တူညီကြပါသည်၊ ထိုထိုသောအကြောင်းအရင်းကြောင့်ပင်လျှင် အကျွနုပ် တည်ဆောက်ပြမည်ဖြစ်သော ကွန်ပြူတာ ကို အာရုံနှစ်ပါး စိတ်မကားပဲ တည်ကြည့်စိတ်ထား အာရုံတစ်ပါး ဖြင့်သာ စူးစိုက်လေ့လာ ကြပါတော့လို့ အများအကြိုးမျော်နိုးဆော်တိုက်တွန်းလျှက် ……….၀ိုင်ဖာကိုလာ

အများဘ၀င် ကြည်လင်ပီတိ ဂွမ်းဆီထိစေမယ့် အဖွင့်စကားမြွက်ကြွားပြီးတကာလ Motherboard ကို ဖွင့်ကာထုတ်လို့ စတင်လိုက်မယ်၊ လာစမ်းဟဲ့ Motherboard


အထက်က ပုံကတော့ Motherboard ကိုဝယ်လာတဲ့ပုံပါ၊ ဘူးနဲ့ အတူပါလာတဲ့ Motherboard ကိုစတင်ဖွင့်လိုက်ပါမယ်၊ ဘူးက နှစ်ထပ်၊ ပထမအထပ်ကို  အောက်က အတိုင်း တွေ့ရမယ်၊

အထက်က ပုံကတော့ Motherboard ကိုဝယ်လာတဲ့အခါ ပါလာမယ့် ဘူး ကိုဖွင့်လိုက်ရင် စတင်မြင်တွေပရမယ့်မြင်ကွင်းပါ၊ ပစ္စည်းသုံးမျိုးပါတယ်၊ ခါးပတ်လိုပစ္စည်း (အပေါ်မှာမြားအနီပြထားတယ်) ကတော့ IDE Cable လို့လဲ ခေါ်တယ် Hard Drive Cable လို့လဲခေါ်တယ်၊  သူကတော့ သင့်ကွန်ပြူတာရဲ့ Motherboard နဲ့ Hard Drive တို့ကိုချိတ်ဆက်ပေးမယ့် Cable ပါ၊ နောက်ထပ်ပစ္စည်ကတော့ အနီရောင်ကြိုး၊ မြင်ကွင်းပိုရှင်းသွားအောင် အောက်မှာကြည့်လိုက်ပါ၊

အထက်မှာတော့ Motherboard နဲ့ တွဲပါလာမယ့် အနီရောင်ကြိုးပါ၊ SATA Cable ပါ၊ ရှေ့နောက် နှစ်ပုံပြထားတယ်၊  Four Pin Converter ပါတယ်၊ နောက်ထပ် တစ်ခုကျန်သေးတယ်၊ အောက်မှာကြည့်၊

အထက်က ပုံမှာပြထားတဲ့ ပစ္စည်းလေးကတော့ Motherboard နဲ့ တွဲပါလာမယ့် ပစ္စည်းလေးပါ၊ အဲ့ဒါက Motherboard နဲ့ Case နဲ့ ချိတ်မယ့်ပစ္စည်းပါ၊( နောက်တစ်ခန်းမှာ သူ့ကိုသေချာသုံးရမယ် သေချာပြမယ်) တကယ်တော့အဲ့ဒီ့ ပစ္စည်းလေးတပ်မယ့်နေရာက Case မှာပါလာပြီးသား။ ဒါပေမယ့် Case မှာပါလာတဲ့တစ်ခုကိုသုံးတာထက် Motherboard နဲ့ ပါလာတာ ကိုသုံးတာက Motherboard နဲ့ ပါလာတာကိုသုံးတာပိုကောင်းတယ်၊ Motherboard နဲ့ Fix ဖြစ်တယ်၊ အခုတော့သိပ်စိတ်မကူနဲ့ နောက်အခန်းမှာ လက်တွေ့သေချာထပ်ရှင်းပြမယ်၊ လောလောဆယ်တော့ အဲ့ဒီ့ပစ္စည်းလေးက အရေးတကြီးအသုံးဝင်တယ်ဆိုတာပဲ မှတ်ထားလိုက်၊

အခုအထက် ပစ္စည်းသုံးခုကို ထုတ်ပြီးသွားပီဆိုရင် ပထမအထပ် ကုန်ပီ၊ ဒုတိယ အထပ်ကိုသွားမယ်၊ အောက်က အတိုင်း ဒုတိယအထပ်ကိုဖွင့်လိုက်၊


အထက်က အလွှာက မဖွင့်ခင်ပုံ၊ အောက်မှာဖွင့်လိုက်တော့ မြင်ရမယ့်ပုံ

အထက်က မြင်ရတာကတော့ ဒုတိယ အထပ်မှာနေရာယူထားတဲ့ Motherboard ပါ၊ သူ့ကို အိတ်ထဲကိုထည့်ထားတယ်၊ အောက်မှာသေချာကြည့်ကြည့်၊
အထက်က ပုံမှာပြထားတဲ့အတိုင်း Motherboard ကို ပလက်စတစ်နဲ့ သေချာထုတ်ထားတယ်၊ လက်နဲ့ ကိုင်ပြထားတဲ့နေရာကတော့ အိတ်ကို ချုပ်ထားတဲ့ ခါးပတ်လေးပါ၊  Motherboard ကို အပြင်ကိုထုတ်လိုက်ရင် အောက်မှာ စာအုပ်တစ်အုပ်နဲ့ CD တစ်ချပ်ပါမယ်၊ အဲ့ဒီ့ စာအုပ်က Motherboard ကိုတပ်ဆင်အသုံးပြုပုံ နဲ့ CD ကတော့ သင့်ကွန်ပြူတာ ကိုအားလုံး ပြီးဆုံးအောင်တည်ဆောက်ပြီးလို့ OS ကိုလဲ Install လုပ်ပြီးသွားရင်အဲ့ဒီ့ CD ခွေကို Install လုပ်ရမှာ၊ အောက်မှာ စာအုပ်နဲ့ CD ကိုကြည့်၊
အထက်က တော့ အရေးကြီးတယ်လို့သတိပေးထားတဲ့ CD နဲ့ အညွန်းစာအုပ်ပါ၊ အောက်မှာ Motherboard ကိုကြည့်လိုက်ပါ၊
1.     IDE တပ်ဆင်မယ့်နေရာ၊

2.     PSU (Power Supply Unit) တပ်ဆင်မယ့် Main နေရာ၊ (24pin TAX 12V)

3.     RAM တပ်ဆင်မယ့်နေရာ၊

4.     FSB (front side bus) တပ်ဆင်မယ့်နေရာ

5.     SATA Adapter တပ်ဆင်မယ့်နေရာ

6.     USB Port နဲ့ အခြား hard phone, များတပ်ဆင်မယ့်နေရာ

7.     BIOS မှာပါဝင်တဲ့သတင်းအချက်အလက်တွေကိုသိုလှောင်ထားတဲ့ Battery

8.     Processor တပ်ဆင်မယ့်နေရာ

9.     Sound Card ကဲ့သို့သော အခြား ကဒ်များထည့်ရန်နေရာ



နောက်တစ်ခန်းမှာ ဆက်ရန်ရှိ၊

အခြားPostများကြည့်လိုပါကအပေါ်က Menu မှာကြည့်လို့ရပါတယ်နော်
ကျွန်တော်ပိုင်နေရာလေးများ
ရောင်ပြန်လေးစာပေသို့ဒီမှာသွားပါ
18+တို့ဆုံဆည်းရာသိုဒီမှာသွားပါ
****အဆင်မပြေမှု့တစ်စုံတစ်ရာရှိပါက****
 
Facebook Account ဖြစ်တဲ့

အောက်ပါပုံလေးကိုနှိပ်ပြီးဝေဖန်အကြံပေးနိုင်ပါတယ်
https://www.facebook.com/yaungpyan.tec

****ကျွန်တော့်ရဲ့ ရောင်ပြန်လေး(နည်းပညာ)Page ကို Like နှိပ်ထားပါဦး****
https://www.facebook.com/yaungpyanlaytechnology/
@@@@စာပေ၀ါသနာပါရင်ကျွန်တော့်ရဲရောင်ပြန်လေး-စာပေ PageကိုLikeနှိပ်ထားပါဦး@@@@
https://www.facebook.com/yaungpyanebook/
$$$$အားပေးမှု့ကိုအထူးပင်ကျေးဇူးတင်ရှိပါသည်$$$$

ကိုယ်စိတ်နှစ်ဖြာကျန်းမာ၊ ချမ်းသာကြပါစေ

Leave a Reply

အဆင်မပြေတာများ ၊ လိုချင်တာများရှိရင်မှာခဲ့ပါ။

ကျွန်တော့်ရဲ့ရေးဖော်ရေးဖက်များ

Yaung Pyan Lay (ရောင်ပြန်လေး နည်းပညာ)
ဂျူးကလေး(ရောင်ပြန်လေး စာပေ)
Mr Yaung Pyan (Golden Myanmar)
ကိုမြတ် ( MICT Garden)
ငွေဇင်မိုး (ငွေဇင်မိုး မုံရွာ)
Aung Ko Latt (Aung Ko Latt စွယ်စုံ)
Maung Pauk (မောင်ပေါက်နည်းပညာ)
CKKH(နည်းပညာ)

Subscribe to Posts | Subscribe to Comments

@Copy Right 2016 / Designe By ရောင်ပြန်လေး(နည်းပညာ) / Power By Yaung Pyan Lay

- Copyright © 2025 ​ရောင်​ပြန်​​လေး - Hatsune Miku - Powered by Blogger - Designed by Johanes Djogan -