- မူရင်းစာမျက်နှာ »
- Computer Computerတည်ဆောက်မယ် »
- htbcomputer_1
ရေးသားသူ : Christ Leo
Friday, July 29, 2016
Motherboard
ဒီသင်ခန်းစာမှာတော့ Motherboard ရွေးချယ်ခြင်းကို သင်ပြသွားမယ်၊ ကွန်ပြူတာကို အလုပ်လုပ်စေမယ့် အစိတ်အပိုင်းအားလုံးကို Motherboard ထဲမှာချိတ်ဆက်ရပါတယ်၊ တိထွင်ထားတဲလူတွေကကို ကွန်ပြူတာကို အစိတ်အပိုင်းတစ်ခုပဲဖြစ်စေချင်တယ်၊ အဲ့ဒီ့ အစိတ်အပိုင်းထဲမှာ အားလုံးပေါင်းထည့်ပြီးအလုပ်လုပ်စေချင်တယ်၊ ဒါကြောင့်သူတို့က Motherboard ကို တည်ဆောက်ပြိး ကွန်ပြူတာ Component တွေအားလုံးကို Motherboard ထဲမှာ ချိတ်ဆက် ထည့်သွင်းထားတယ်။
အထက်မှာတော့ Motherboard တစ်ခုကိုဥပမာ ပြထားပါတယ်၊ အဲ့ဒီံ Motherboard ထဲမှာပဲ သင့်ရဲ့ အခြားအခြားသေား ကွန်ပြူတာ အစိတ်အပိုင်း conponents တွေထဲရမှာပါ၊ ဒါကြောင့် အခြား conponents တွေဝယ်တဲ့အခါ သင်အသုံးပြုမယ့် Motherboard မှာ သုံးလို့ရမရ သေချာစမ်းစစ်ပြီးမှဝယ်သင့်ပါတယ်၊ Motherboard ကိုဝယ်တဲ့အခါမှာ ထုတ်လုပ်တဲ့ ကုမ္မဏီကိုသေချာသတိထားသင့်ပါတယ်၊ ဈေးပေါတိုင်းဝယ်မယ်ဆိုရင်ဖြင့် သင့်ကွန်ပြူတာ ဘယ်လိုမှကောင်းလာနိုင်မှာမဟုတ်ပါဘူး၊
အနီရောင်မြားပြထားတဲ့ အဖြူတုံးလေးက CPU ပါ၊ အစိမ်းရောင်မြားပြထားတဲ့ အတုံးလေးကတော့ Front Side Bus (FSB) ပါ၊ FSB ကလဲ သင့်ကွန်ပြူတာ အတွက် တကယ့်ကို အရေးကြီးလှပါတယ်၊ FSB က CPU နဲ့ RAM တို့ကိုချိတ်ဆက်ပေးထားတယ်၊ Front Side Bus ရဲ့ အလုပ်က အချက်အလက်တွေ Commonds ခိုင်းစေချက်တွေ instrustions ညွန်ကြားချက်တွေကို CPU နဲ့ Ram တို့ အကြား အပြန်အလှန်ပို့ပေးပါတယ်၊ CPU က ပို့လိုက်တဲ့ သတင်းအချက်အလက်ကို RAM ကို ပို့ပေးတယ်၊ ဒီလိုပဲ CPU ကတောင်းဆိုလို RAM က ပို့လိုက်တဲ့ အချက်အလက်တွေကိုလဲ CPU ကိုပြန်ပို့ပေးတယ်၊ အဲ့ဒီ့လို CPU နဲ့ RAM အကြား အပြန်အလှန်ပို့ဆောင်မူကို ပြုလုပ်ပေးတာက FSB ပါ၊ ဒါကြောင့် FSB ကိုဝယ်တဲ့အခါမှာ အမြန်နှုန်းကို သတိထားဖို့လိုတယ်၊ သင်အသုံးပြုတဲ့ CPU က ဘယ်လောက်မြန်မြန် FSB က နှေးနေရင် သင့်ကွန်ပြူတာ အလုပ်လုပ်တာ နှေးနေမှာပါ၊ Front Side Bus ရဲ့ အမြန်နှုန်းကိုတော့ Migaheartz (MHz) နဲ့ တိုင်းတာပါတယ်၊
Motherboard နဲ့ ပတ်သတ်ပြီး ၀ယ်ယူတဲ့အခါ သတိထားရမှာကတော့ Motherboard ရဲ့သွင်ပြင်လက္ခဏာပါ၊ USB အပေါက် ဘယ်နှစ်ပေါက်ပါသလဲ၊ Fire wire port ပါလား မပါလား၊ Build in Audio & Video တို့ပါလား ဆိုတာကိုစစ်ဆေးရပါမယ်၊ ဒီလို USB ဘယ်နှစ်ပေါက်ပါလဲ Fire wire port ပါလားမပါလား Build in Audio ဖြစ်လားမဖြစ်လားဆိုတာကို Motherboard မှာ USB အပေါက် တွေ Fire Wire အပေါက်တွေ နဲ့ hardphone (earphone) တို့ထည့်သွင်းမယ့် အပေါက်တွေ ပါမပါကိုကြည့်ပြီးသိနိုင်ပါတယ်၊ အဲ့ဒီ့ အပေါက်တွေပါရင် အဓိပ္ပါယ်က သူနဲ့ သတ်ဆိုင်တဲ့ USB, Firewire, Audio build in ပါတယ်ပေါ့၊
အထက်က ပုံကတော့ USB နှစ်ပေါက် Fire Wire တစ်ပေါက် နဲ့ Audio Build In တစ်ခုပါတဲ့ပုံကိုဥပမာ ပြထားတာပါ၊ ၀ယ်တဲ့ အခါမှာ တစ်ခုခု မပါလာခဲ့ရင်တော့ Expansion Pack ထည့်ရတော့မယ်၊ ဒါကိုတော့ နောက်မှပဲရှင်းပြပါမယ်၊ Motherboard ရဲ့ Form factor ကလဲ အရေးကြီးပါတယ်၊ Form Factor ဆိုတာက Motherboard ရဲ့ တည်ဆောက်ထားတဲ့ပုံသဏ္ဍန်ပါ၊ သင်ဝယ်ယူထားတဲ့ Motherboard က သင်အသုံးပြုမယ့် case နဲ့ ကိုက်ညီဖို့လိုအပ်ပါတယ်၊ သင်ဝယ်ထားတဲ့ Motherboard က 2 ပေအကျယ်ရှိပြီး သင် အသုံးပြုမယ့် Case က ၁ ပေပဲ ကျယ်တယ်ဆိုရင် ဘယ်လိုမှ ၀င်ဆံ့ မှာ မဟုတ်ပါဘူး၊
ဒီတော့ Motherboard တစ်ခုကိုဝယ်တဲ့အခါမှာ brand name ကို သတိပြုပါ၊
အခြား Components တွေနဲ့ တွဲဖက်အသုံးပြုလို့ရလားမရလား ကိုသတိပြုပါ၊
USB , Fire wire, Audio & Video Build in ပါမပါသတိပြုပါ၊ (onboard audio and video)
FSB ကိုရွေးတဲ့အခါအမြန်နှုန်း ကိုသတိပြုပါ၊ 1000 MHz လောက်ဆိုရင် ဖြင့်အတော်လေးချောချောမွေ့မွေ့ အလုပ်လုပ်ဆောင်နိုင်ပါပီ။
အခြားPostများကြည့်လိုပါကအပေါ်က Menu မှာကြည့်လို့ရပါတယ်နော်
ကျွန်တော်ပိုင်နေရာလေးများ
ရောင်ပြန်လေးစာပေသို့ဒီမှာသွားပါ
18+တို့ဆုံဆည်းရာသို့ဒီမှာသွားပါ
****အဆင်မပြေမှု့တစ်စုံတစ်ရာရှိပါက****
Facebook Account ဖြစ်တဲ့
အောက်ပါပုံလေးကိုနှိပ်ပြီးဝေဖန်အကြံပေးနိုင်ပါတယ်