ရေးသားသူ : Christ Leo Friday, July 29, 2016

  RAM

ဒီအခန်းမှာတော့ ကွန်ပြူတာတစ်လုံးတည်ဆောက်ရာမှာ အရေးကြီးတဲ့ RAM အကြောင်းကို သင်ပေးမယ်၊ RAM ဆိုတာ Random access memory ပါ၊ ကွန်ပြူတာ မှာပါဝင်တဲ့ Components တိုင်းမှာ သက်ဆိုင်ရာ အလုပ်ရှိပါတယ်၊ ဒီလိုပါပဲ RAM မှာလဲ သူထမ်းဆောင်ရမယ့် တာဝန်ရှိပါတယ်၊ RAM ရဲ့ အလုပ်ကတော့ Programs တွေကို ၀န်တင်ပေးဖို့နဲ့ အဲ့ဒီ့ Programs တွေ Run နေတဲ့အချိန်မှာ အသုံးပြုတဲ့ Memory အဖြစ်အလုပ်လုပ်ပေးဖို့ပါ၊ ဒီမှာမရှုပ်သွားစေချင်ဘူး၊ Memory အဖြစ် ကွန်ပြူတာ မှာ Hard drive တွေရှိပြီးသား ဘာလို့ RAM က ထပ်ပါလာရသေးလဲ၊ ဟုတ်ပါတယ်၊ Momery အဖြစ် Hard drive တွေကိုသုံးလို့ရသော်ငြှား RAM ကိုသုံးတာ အဆပေါင်းများစွာ ပိုပြီးလျှင်မြန်စေပါတယ်၊ ဒါကြောင့်ပဲ Programs တွေ Run နေတဲ့အခါမှာဆိုရင် Run ကို Memory အဖြစ်သုံးခြင်းဖြစ်ပါတယ်၊ ဒါကြောင့် သင့်ကွန်ပြူတာကို အလုပ်မြန်မြန်လုပ်စေချင်ရင်ဖြင့် RAM ကို များများ ထည့်ထားဖို့လိုအပ်ပါတယ်၊ RAM များများ ထည့်ရင်ဖြင့် ဈေးကြီးမှာပေါ့၊ ဟုတ်ပါတယ်၊ ဒါပေမယ့် တန်တယ်ဗျ၊ RAM က အလုပ်လုပ်ရင် သိပ်ကိုမြန်တာ၊

RAM ကိုဝယ်တဲ့အခါမှာလဲ အဲ့ဒီ့ RAM က သင့်ကွန်ပြူတာရဲ့  Motherboard နဲ့ တွဲသုံးလို့ရမရ ကို ရွေးချယ်ရပါမယ်၊ တွဲသုံးလို့ရမှ ပဲဝယ်ရမယ်၊ ဒီလို Motherboard နဲ့ တွဲသုံးလို့ ရတဲ့ RAM  ဟုတ်မဟုတ်ကို စစ်ဆေးဖို့အတွက် အချက်အနည်းငယ်ကိုတော့ သိထားရမယ်၊

၁. RAM ရဲ့ STYLE က အရေးကြီးပါတယ်၊ ကုမ္မဏီ မျိုးမျိုးက RAM တွေကိုထုတ်နေကြတော့  STYLE တွေလဲ အမျိုးအမျိုးဖြစ်လာတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် အဓိက Style သုံးမျိုးတော့ရှိတယ်၊ သူတို့ကတော့

DDR = double data rate  အမြန်နှုန်း အဆင်ပြေတယ်၊ သုံးလို့အတော်သင့်တော်ပီ၊ (DDR လို့သူ့ကိုခေါ်တာက SD ဆိုတဲ့ ရှေ့ပိုင်းသုံးခဲ့တဲ့ RAM ထက်နှစ်စမြန်လို့ပါ၊ သိစရာမလိုဘူး)

DDR2=  အမြန်နှုန်းကတော့ DDR ရဲ့နှစ်ဆ မြန်တယ်၊ အလုပ်လုပ်ပုံ အတော့ကိုကောင်းပီ၊ အသုံးသင့်ဆုံးအခြေအနေပါပဲ၊

DDR3 = အမြန်နှုန်းကတော့ DDR ရဲ့ သုံးဆ၊ သိပ်ကိုမြန်လွန်းတယ်၊ ဈေးကလဲ ခေါင်ခိုက်နေမယ်၊ ၀ယ်ရင်တော့ ဖြစ်တယ်၊ ဒါပေမယ့် သင်ဒီလောက်မြန်တဲ့ အမြန်နှုန်းမျိုးကို မလိုအပ်ပါဘူး၊

၂. RAM ကိုရွေးချယ်တဲ့အခါမှာ Pin Count ကိုတော့ သေချာဖတ်ရမယ်၊ RAM တစ်ခုကိုကြည့်ရင် သူ့မှာ Pin Cout လို့ခေါ်တဲ့ ရွေရောင် Pin လေးတွေကိုတွေ့ရမယ်၊(ခွေးသွားစိတ်ပုံစံ အပ်ချောင်းလေးတွေ)  အဲ့ဒီ့ Pin လေးတွေရဲ့ အရေအတွက်က သင့်ကွန်ပြူတာရဲ့ Motherboard မှာရှိတဲ့ RAM ထည့်ရမယ့် အစိတ်အပိုင်းမှာပါတဲ့ Pin အပေါက် အရေအတွက်နဲ့ ညီရမယ်၊ ဒါမှမဟုတ်ရင် ပိုတာကိုချိုးပစ်၊ ဟား ဟား ဟား နောက်တာ၊ မချိုးပြစ်နဲ့နော်၊ RAM မှာပါတဲ့ PIN cout နဲ့ Motherboard မှာပါတဲ့ PIN Count တို့ကိုရေတွက်ပြီး သေချာ ကိုက်ညီမှဝယ်ပေါ့၊

3. Motherboard အမျိုးမျိုးမှာရှိတဲ့ RAM ထည့်တဲ့နေရာမှာ Pin count  ပမာဏ အမျိုးမျိုးရှိတယ်၊ ဥပမာ သင်က DDR2 RAM ကိုရွေးမယ်ဆိုရင် DDR2 မှာ အမျိုးအစားသုံးမျိုးရှိတယ်၊ PIN Count လဲသုံးမျိုးရှိတယ်၊ ဒါ့ကြောင့် Pin count ကိုသေချာရေတွက်ဖို့ လိုပါတယ်၊ (အဲ သင်ဝယ်တဲ့အခါမှာ အညွန်းကိုသေချာကြည့်ပါ၊ အဲ့ဒီ့ မှာ Pin count အရေအတွက် အတိအကျကို ရေးထားတတ်ပါတယ်)

သိပ်အရေးကြီးတဲ့အခြားအချက်တစ်ခုကတော့ သင့်ကွန်ပြူတာရဲ့ Motherboard Standard က DDR2 800 ဆိုပါဆို့ ဒါဆိုရင် သင်ဝယ်ရမယ့် RAM က DDR2 800 သို့မဟုတ် 800 ထက်မြင့်တဲ့ အမြန်နှုန်းကို ၀ယ်ရပါမယ်၊ သင်ဝယ်တဲ့ RAM ရဲ့ အမြန်နှုန်းက သင့်ကွန်ပြူတာ Motherboard ရဲ့ အမြန်နှုန်းအောက် ရောက်နေလို့ကတော့ သင်တည်ဆောက်တဲ့ကွန်ပြူတာ ဘယ်တော့မှအလုပ်လုပ်တော့မှာမဟုတ်ပါဘူး၊ ဒါ့ကြောင့် RAM ကိုဝယ်တဲ့အခါ Motherborad Standard ထက်မြန်တာကိုဝယ်ပါ၊ DDR 800, DDR 1000 DDR 2000 စသဖြင့် အမျိုးမျိုးရှိတယ်၊ DDR နောက်မှာပါလာတဲ့ ဂဏန်း တန်ဖိုးကြီးလေလေ သင့်ရဲ့ RAM အလုပ်လုပ်တာမြန်လေလေပါပဲ၊ သေချာသတိထားရမှာကတော့ RAM ရဲ့အမြန်နှုန်းက Motherbobard Standard အောက်ကို မရောက်သွားဖို့ပဲ၊ ရောက်သွားလို့ကတော့ ကွန်ပြူတာ အသေကြီးကိုပဲရမယ်၊

RAM ပိုများလေး ကွန်ပြူတာ အလုပ်လုပ်တာ ပိုမြန်လေဆိုတာတော့ ဟုတ်ပါရဲ့ ဒါပေမယ့် သင့်ကွန်ပြူတာရဲ့ Motherboard ကလက်ခံတဲ့ Maximun ပမာဏထက်တော့ ကျော်လို့မရဘူး၊ ဒါကိုတော့ Motherboard ကိုဝယ်တဲ့အခါ ပါလာတဲ့အညွန်းမှာဖတ်ပါ၊  RAM ပမာဏက Motherboard ရဲ့ ပမာဏ ထက်ကျော်သွားလို့ကတော့ သင့်ကွန်ပြူတာရဲ့ window system က RAM ကိုမမှတ်မိတော့ဘူး၊ ဒီတော့အလုပ်မလုပ်တော့ဘူးပေါ့၊ ပုံမှန်အားဖြင့် 4 Gigerbite လောက်ဆိုရင်ဖြင့် အတော့ကိုလုံလောက်သွားပါပီ၊ သင် လုပ်နေတဲ့အလုပ်တွေလောက်တော့ 4 Gb  က အေးဆေးလိုက်နိုင်ပါတယ်၊

RAM ကိုဝယ်တဲ့အခါ အချက်အလက်က အကုန်ပါလာမှာပါ၊ RAM ကိုပတ်ထားတဲ့ အဖြူရောင်စာရွက် မှာ အောက်ကလိုစာသားပါမယ်၊ အဲ brand တော့တူချင်မှတူမယ်၊ အောက်မှာဥပမာကြည့်၊

Kingston 1 Gb (2 x 512 Mb)

240-pin DDR2 800

အထက်က စာသားမျိုးက သင် RAM ၀ယ်တဲ့အခါမှာ RAM နဲ့ အတူပါလာမယ့်စာသားပါ၊ Kingston ဆိုတာက ထုတ်လုပ်တဲ့ ကုမ္မဏီနာမည်၊ 1GB ဆိုတာက RAM ရဲ့ အရွယ်အစား (2 x 512mb) ဆိုတာက 512 Migerbite ရှိတဲ့ RAM နှစ်ချောင်ကိုပေါင်းထားပြီး 1 Gb ဖြစ်အောင်လုပ်ထားတယ်လို့ပြောတယ်၊ 240-pin ဆိုတာက pin count 240 ပါတယ်ပြောတယ်၊  DDR2 ဆိုတာက Run အမျိုးအစား Double data rate ထပ် နှစ်ဆ မြန်တယ်ပြောတာ၊ 800 ဆိုတာက တော့ အမြန်နှုန်း၊


အခြားPostများကြည့်လိုပါကအပေါ်က Menu မှာကြည့်လို့ရပါတယ်နော်
ကျွန်တော်ပိုင်နေရာလေးများ
ရောင်ပြန်လေးစာပေသို့ဒီမှာသွားပါ
18+တို့ဆုံဆည်းရာသိုဒီမှာသွားပါ
****အဆင်မပြေမှု့တစ်စုံတစ်ရာရှိပါက****
 
Facebook Account ဖြစ်တဲ့

အောက်ပါပုံလေးကိုနှိပ်ပြီးဝေဖန်အကြံပေးနိုင်ပါတယ်
https://www.facebook.com/yaungpyan.tec

****ကျွန်တော့်ရဲ့ ရောင်ပြန်လေး(နည်းပညာ)Page ကို Like နှိပ်ထားပါဦး****
https://www.facebook.com/yaungpyanlaytechnology/
@@@@စာပေ၀ါသနာပါရင်ကျွန်တော့်ရဲရောင်ပြန်လေး-စာပေ PageကိုLikeနှိပ်ထားပါဦး@@@@
https://www.facebook.com/yaungpyanebook/
$$$$အားပေးမှု့ကိုအထူးပင်ကျေးဇူးတင်ရှိပါသည်$$$$

ကိုယ်စိတ်နှစ်ဖြာကျန်းမာ၊ ချမ်းသာကြပါစေ

Leave a Reply

အဆင်မပြေတာများ ၊ လိုချင်တာများရှိရင်မှာခဲ့ပါ။

ကျွန်တော့်ရဲ့ရေးဖော်ရေးဖက်များ

Yaung Pyan Lay (ရောင်ပြန်လေး နည်းပညာ)
ဂျူးကလေး(ရောင်ပြန်လေး စာပေ)
Mr Yaung Pyan (Golden Myanmar)
ကိုမြတ် ( MICT Garden)
ငွေဇင်မိုး (ငွေဇင်မိုး မုံရွာ)
Aung Ko Latt (Aung Ko Latt စွယ်စုံ)
Maung Pauk (မောင်ပေါက်နည်းပညာ)
CKKH(နည်းပညာ)

Subscribe to Posts | Subscribe to Comments

@Copy Right 2016 / Designe By ရောင်ပြန်လေး(နည်းပညာ) / Power By Yaung Pyan Lay

- Copyright © 2025 ​ရောင်​ပြန်​​လေး - Hatsune Miku - Powered by Blogger - Designed by Johanes Djogan -