- မူရင်းစာမျက်နှာ »
- Computer Computerတည်ဆောက်မယ် »
- Windows 10 တွင် Hosted Network Error ကို ဖြေရှင်းခြင်း
ရေးသားသူ : Christ Leo
Tuesday, January 17, 2017
Windows 10 မှာ Hotspot အတွက် Third party ဆော့ဖ်ဝဲကို မသုံးဘဲ built-in အနေနဲ့ အသုံးပြုနိုင်အောင် ပြုလုပ်ပေးထားပါတယ်။ Hotspot ကို အသုံးပြုဖို့အတွက် Wireless Hosted Network feature ဟာ အလုပ်မလုပ် ဆောင်နိုင်ဘူးဆိုရင် ဖော်ပြပါ နည်းလမ်းအတိုင်း ပြုလုပ်နိုင်ပါတယ်။
Command prompt မှာ hosted network အလုပ်စတင်လုပ်ဆောင်ဖို့
netsh wlan start hostednetwork
ဆိုတဲ့ command ကိုရိုက်ထည့်တဲ့အခါမှာ The hosted network couldn’t be started ဆိုတဲ့ error ဖြစ်နေတယ်ဆိုရင် အရင်ဆုံး စစ်ဆေးဖို့က Wireless adapter တွေ ဖွင့်ထားလား၊ မဖွင့်ထားဘူးလား ဆိုတာကို စစ်ဆေးရပါမယ်။
Laptop အသုံးပြုသူများ အနေနဲ့ Wireless အတွက် Hardware key တွေကို စစ်ဆေးကြည့်ပြီး ပိတ်ထားတယ်ဆိုရင် ဖွင့်ရပါမယ်။
နောက်တစ်ခုကတော့ Airplane Mode က enable ဖြစ်နေတယ်ဆိုရင် disable ပြုလုပ်ပေးပြီး ကွန်ပျူတာကို restart ပြုလုပ်ပေးရပါမယ်။
ဒုတိယ နည်းလမ်းအနေနဲ့ Control Panel > Network and Internet > Network Connection အောက်မှာရှိတဲ့ Microsoft Hosted Network Virtual Adapter ကို enable ပြုလုပ်ပေးရပါမယ်။
နောက်ထပ် နည်းလမ်းတစ်ခုကတော့ Win + R key ကို နှိပ်ပြီး devmgmt.msc ဆိုတဲ့ command ကို ထည့်ကာ Device Manager ကိုဖွင့်ပါ။ Device manager ထဲကိုရောက်ပြီဆိုရင် Network adapter ကို ရွေးချယ်ပြီး Hosted Network card ကို enable ပြုလုပ်ပေးလိုက်ပါ။
အထက်မှာ ဖော်ပြထားတဲ့အတိုင်း လုပ်ဆောင်ပြီးပြီဆိုရင် hosted network အသစ် တစ်ခုကို ထပ်မံတည်ဆောက်ဖို့ အတွက် command prompt ထဲမှာ
netsh wlan set hostednetwork mode=allow ssid=yourwifiname key=yourwifipassword
ဆိုတဲ့ command ကို ထည့်သွင်းရပါမယ်။ ssid နဲ့ key အနောက်မှာ မိမိအသုံးပြုချင်တဲ့ WiFi Name ပေးရမှာဖြစ်ပြီး key နောက်မှာ password ထည့်သွင်းရမှာ ဖြစ်ပါတယ်။
ပြီးရင် netsh wlan start hostednetwork ဆိုတဲ့ command ကို ထည့်သွင်းလိုက်ရင် hosted network ကို စတင် အသုံးပြုနိုင်ပါပြီ။
Ref: TechnicalNotes