ရေးသားသူ : Christ Leo Wednesday, February 22, 2017


လုပ်ငန်းရှင် ဖြစ်စေ၊ ကုမဏီ အဖွဲ့ အစည်းနဲ့ ဖြစ်စေ၊ ပစ္စည်း ရောင်းဝယ်ဖို့ စီးပွားရေး လုပ်ဖို့ မားကက်တင်း လုပ်ကြ ရပါတယ်။ သမားရိုးကျ ပုံစံ အပြင်မှာ စီးပွားရေး လုပ်တာထက် ဆိုရှယ် မီဒီယာ တွေနဲ့ ချိတ်ဆက်ပြီး မာကက်တင်း လုပ်ကြမယ် ဆိုရင် လူအများ သိလာနိုင်တဲ့ အပြင် အ မြတ်ခွန် ကြော်ငြာခ နည်းနည်းနဲ့ သက်သက် သာသာ လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။

ဒစ်ဂျစ်တယ်လ်မာကတ်တင်း

ဒစ်ဂျစ်တယ်မာကက်တင်းဆိုတာကတော့ အီလက်ထရွန်းနစ်မီ ဒီယာ ဒါမှမဟုတ် သမား ရိုးကျ မာ ကက်တင်းဆင်းတာလို မဟုတ်တဲ့ မိုဘိုင်းလ်အက်ပ်၊ မက်ဆေ့ခ်ျ စတာတွေကို အသုံးချပြီး သုံးစွဲ ဝယ်ယူ သူတွေနဲ့ လေလှိုင်းပေါ်မှာ ပဲ အမြဲ ဆက်ဆံနေ ရတာ ဖြစ်တယ်။

မိမိအနေနဲ့ သုံးစွဲဝယ်ယူသူ customer တွေနဲ့ ခင်မင်ရင်းနှီးမှု တစ်ခုရအောင် ဝန်ဆောင်မှုအမျိုး မျိုးနဲ့ ဆွဲဆောင်ရမှာဖြစ်ပါတယ်။

မိမိဘက်က ဝယ်ယူသုံးစွဲသူကို ပထမဆုံးအကြိမ်မှာပဲ စိတ်ချမ်းသာအောင် ပစ္စည်းကို အနည်းငယ်လျှော့ဈေးပေးမယ်၊ အပြောအဆိုချိုသာပြီး သူတို့ စိတ်ကြိုက် ဝန်ဆောင်မှုမျိုးတွေပေးရင် နောက်တစ်ကြိမ်မှာ မိမိဆီမှာပဲ ဝယ်နိုင်ခြေများပါတယ်။

ဆွဲဆာင်မှုရှိအောင်

ဝက်ဘ်ဆိုက် ကလည်း ဝယ်ယူ သုံးစွဲသူ customer ဝင်ကြည့် ချင်အောင် အမြင် ရှင်းလင်းနေဖို့ လို အပ်ပါတယ်။

ဝက်ဘ်ဆိုက်ရဲ့ စာမျက်နှာနဲ့ ကိုယ်ထည်တစ်ခုလုံးရဲ့ အရောင်ကို   အလင်းရောင်တောက်ပတဲ့ အစိမ်းရောင်၊ အပြာနုရောင်လိုမျိုး နဲ့ ဆွဲဆောင်ထားရပါမယ်။

‘ကုမဏ္ဏီ ထောင်ထား တဲ့သူ တွေ၊ အဖွဲ့ အစည်း တွေနဲ့ စီးပွားရေး လုပ်တယ် ဆိုရင်တော့ ဝက်ဘ် ဆိုက် ထောင်ထားတာ ကောင်းတယ်၊ ရိုးရိုး သာမန် တစ်ကိုယ်တည်း စီးပွားရေး လုပ်တာ ဆိုရင်တော့ အွန်လိုင်း ဖေ့စ်ဘုတ်ခ်ပေါ် မှာ group နဲ့ အရောင်း အဝယ်က ဘာမှ မကုန် ဘူး” လို့ ပြည်တွင်းရှိ ဘလော့ဂါ တစ်ဦးက ဆိုပါတယ်။
ဒီလို စီးပွား ရှာကြတယ်

ဝက်ဘ်ဆိုက်နဲ့ စီးပွားရှာတဲ့ အပိုင်းမှာ အကြမ်းဖျင်း သဘောအရ နှစ်ပိုင်း ရှိပါတယ်။ Delivery စနစ်နဲ့ ဝက်ဘ်ဆိုက်ပေါ်တင်ပြီး ပစ္စည်း ရောင်းချကာ စီးပွားရှာတာက တစ်ပိုင်း၊ နောက် တစ်ပိုင်းက တော့ blogger လိုမျိုး နည်းပညာ sharing လုပ်တဲ့ သူမျိုးတွေက ဖုန်းအက်ပ်တွေ၊ နည်းပညာနဲ့ ဆိုင်တာ တွေကို ကြော်ငြာ Ads.fy ဝက်ဘ်ဆိုက်တွေ သုံးပြီး စီးပွားရှာတဲ့ ပုံစံ လိုမျိုး ဖြစ်ပါတယ်။

‘သူက ဘယ်လိုလဲ ဆိုတော့ သုံးစွဲသူ customer တွေဘက်က အပလီကေးရှင်း တစ်ခုကို ဒေါင်းလုပ် ဆွဲချင်ဆိုရင် download ကို နှိပ်လိုက်ရတယ်၊ နှိပ်တဲ့အခါမှာ တကယ့် တကယ်တော့ တိုက်ရိုက် မသွားခိုင်းသေးဘူး ads.fy လင့်ခ် ကို အရင် ညွှန်းတယ်၊ ပြီးတော့မှ တစ်ဆင့် တစ်ဆင့်စီ ဒေါင်းလုပ်ဒ် ဆွဲရမယ့် နေရာကို ရောက်သွားတယ်၊ ဘာလို့လဲ ဆိုတော့ ads.fy လင့်ခ် ကို ကြားထဲက ခံထားတဲ့ အတွက် သုံးစွဲသူက ကြော်ငြာကို ဖြတ်သွားရတဲ့ အတွက် အဲဒီ ကနေ ပိုက်ဆံတွေကို ဖြတ် လိုက်တယ်” လို့ ပြည်တွင်း အိုင်တီနည်း ပညာရှင် ကိုရန်နိုင်မြင့် က ပြောပါ တယ်။

ဂူးဂဲလ်ကနေကြော်ငြာနည်း

ဂူးဂဲလ် ကတော့ တစ် ကမ္ဘာလုံးမှာ ရှိတဲ့ သုံးစွဲ သူတွေ အားလုံး မြင်ရတာကြောင့် မိမိဆိုက်ကို လူသိစေဖို့ ကိုယ့်ရဲ့ ပြည်တွင်း ကနဲ့လည်း ကြော်ငြာနိုင် ပါတယ်။

ကြော်ငြာဖို့ ဆိုရင် SEO နဲ့ ဂူးဂဲလ်မှာ ကြော်ငြာခ ပေးသွင်းရမှာ ဖြစ်တယ်။

ရောင်းချမယ့်သူအနေနဲ့ ကားပစ္စည်းရောင်းတယ်ဆိုရင် သုံးစွဲသူတွေဘက်က car လို့ search မှာ ရှာလိုက်တာနဲ့ သူတို့ရဲ့ဝက်ဘ် ဆိုက်လင့်ခ်အရင်ပေါ်အောင်လုပ် တာမျိုးဖြစ်ပါတယ်။

နောက်တစ်ခုက သုံးစွဲသူတွေဘက်က ဂူးဂဲလ် မှာ ဖုန်းနဲ့ပတ်သက်တာရှာထားရင် ကိုယ်ရောင်းချမယ့်ပစ္စည်းနဲ့ ဆက်စပ်တာကို ဂူးဂဲလ်က ကြော်ငြာလို မျိုးပေါ်အောင် ထင်မြင်အောင် လုပ်ပေးထားတယ်။ အဲသည်လို မျိုးကြောင့် မိမိရဲ့ရောင်းချမယ့် ပစ္စည်း ဒါမှမဟုတ် ကုမဏီနာမည် ကို သတိထားမိလာကြမှာဖြစ်ပါတယ်။

ဥပမာနည်းပညာနဲ့ ပတ်သက်တဲ့ နိုင်ငံခြားဝက်ဘ်ဆိုက်ထဲဝင်ရင်တောင် တယ်လီနောမြန်မာက ကြော်ငြာတဲ့ စာလေးတွေကို ဘောက်စ်နဲ့ အလိုအလျောက် (auto) ပေါ်ပေါ်လာတာ တွေ့တတ်ကြတယ်။ အဲဒါက တယ်လီနောက ကြော်ငြာခသွင်းတာကြောင့် ပေါ်ပေါ်လာတတ်တာဖြစ်ပါတယ်။

ဝက်ဘ်ဆိုက်မရှိတဲ့သူတွေအနေနဲ့ ကိုယ့်ဘာသာကိုယ်ရေးနိုင်ရင် ကျပ်သုံးလေးသောင်းပမာဏ လောက်သာကျသင့်မှာဖြစ်ပြီး အွန်လိုင်းမာကတ်တင်းအတွက် သီးသန့် ဝက်ဘ်ဆိုက်လုပ်မယ်ဆိုရင်တော့ ကျပ် ၅၀ဝ,ဝ၀ဝ ကနေ ၁,၂၀ဝ,ဝ၀ဝ ဝန်းကျင်လောက်ကျသင့်နိုင်ကြောင်း ပြည်တွင်းနည်းပညာရှင် ကိုရန်နိုင်မြင့်ရဲ့အဆိုအရ သိရ ပါတယ်။

Web developer, web designer တွေနဲ့လည်း ချိတ်ဆက်ပြီး ဝက်ဆိုက်တစ်ခုကိုဆွဲခိုင်းနိုင်ပါတယ်။ မိမိကြိုက်နှစ်သက်ရာ ဝက်ဘ်ဆိုက်ပုံစံဒီဇိုင်းတွေကို အွန်လိုင်းစတိုးမှာ ဝယ်ယူနိုင်ပါတယ်။

ဖေ့စ်ဘုတ်နဲ့ ကြော်ငြာနည်း

နောက်တစ်ခုက ပြည်တွင်းမှာ အသုံးအများဆုံး ဆိုရှယ်မီဒီ ယာတစ်ခုဖြစ်တဲ့ ဖေ့စ်ဘုတ်မှာ လင့်ခ်ထိုးပေးထားပြီး လင့်ခ်ထဲဝင် ဖို့ ပိုက်ဆံပေးပြီးကြော်ငြာထည့် တာမျိုးဖြစ် ပါတယ်။ ကြော်ငြာဖို့ မိမိ လုပ်ငန်းအတွက် page ထောင် ထားရပါမယ်။ ပြီး ရင် အဲသည် page ကို လူသိ စေဖို့ ကြော်ငြာကြေး ပိုက်ဆံ သွင်းရမှာ ဖြစ်တယ်။

ဖေ့စ်ဘုတ်ခ်သုံးစွဲသူ အများစုက ပေ့ခ်ျတစ်ခုခုကို like မလုပ်ဘဲ newfeeds မှာ ပေါ်လာ တာမျိုးတွေကို တွေ့တတ်ကြပါ တယ်။

အဲဒါကတော့ ကြော်ငြာခ ပေးသွင်းထားတာကြောင့် page ကို မသိတဲ့လူတွေက အလိုအလျောက် မြင်နေရမှာဖြစ်ပါတယ်။ (ပေ့ခ်ျ နာမည်အောက်နားမှာ Sponser ဆိုတဲ့ စာလုံးလေးပေါ်နေရင် ကြော်ငြာတဲ့ page ဖြစ်ပါ တယ်။)

ဖေ့စ်ဘုတ်ခ်ပေ့ခ်ျကနေ တစ် ဆင့် ဝက်ဘ်ဆိုက်နဲ့ ချိတ်ထားတဲ့ လင့်ခ်ကို ကြော်ငြာတာမျိုးဆိုရင် ဖေ့စ်ဘုတ်ကို ကြော်ငြာခပေးသွင်းရပါတယ်။ တစ်ခါသွင်းရင် အနည်း ဆုံး ၁၀ ဒေါ်လာလောက်ပဲ ကျသင့် ပါတယ်။ ၁၀ ဒေါ်လာနဲ့ ကြော်ငြာ မယ်ဆိုရင် ကိုယ့်ရဲ့ကြော်ငြာထား တဲ့ပေ့ခ်ျနဲ့လင့်ခ်ကို ဖေ့စ်ဘုတ်ခ်ပေါ် ရှိ သုံးစွဲသူ လူအယောက် သုံး သောင်းလောက်ထိ မြင် ရတာဖြစ်ပါတယ်။

ကိုယ်သွင်းတဲ့ကြော်ငြာကြေးက ၁၀ ဒေါ်လာထက် ပိုသွင်းမယ်ဆိုရင်တော့ သုံးသောင်းထက်ပိုတဲ့ သုံးစွဲသူတွေက မိမိရဲ့ပေ့ခ်ျနဲ့ ဆိုက်ကို မြင်ရမှာပါ။

ဖေ့စ်ဘုတ်ခ်ကနေ ပေ့ခ်ျနဲ့ လင့်ခ်ချိတ်တာဆိုရင်တော့ မိမိရဲ့ ပေ့ခ်ျမှာပဲ boost လုပ်မလားဆိုပြီး ပေ့ခ်ျရဲ့အောက်နားမှာ ကြော်ငြာ ကြေးပိုက်ဆံတွေနဲ့ မေးထားတာ ကိုတွေ့ရင် boot ကိုနှိပ်ပြီး ကိုယ် ကြော်ငြာမယ့် ကြော်ငြာကြေးအစားစားကို ကြိုက်ရာရွေးရမှာဖြစ်ပါတယ်။

ဥပမာ (Boots you page to $) reach in Burma… ဆိုပြီး ပေါ်နေပါ တယ်။ အဲသည်အပေါ်မှာ promote လုပ်ရမှာ ဖြစ်ပါတယ်။ အဲသည် မှာကြော်ငြာဖို့ ဘယ်နှရက်အတွင်း ဘယ်နှလအတွင်းဆို ပြီး ကန့်သတ်ရက်အလိုက်ရွေးရမှာဖြစ် ပါတယ်။ ကြော်ငြာရက်သက်တမ်းကုန်သွားရင်တော့ boost လုပ်ပြီး ထပ်မံ ပြန်သွင်းနိုင်ပါတယ်။

From : ကုမုဒြာဂျာနယ် by မေဘယ်လ်

Thank You !

ရောင်ပြန်လေး(နည်းပညာ)

www.yplitshare.org







Leave a Reply

အဆင်မပြေတာများ ၊ လိုချင်တာများရှိရင်မှာခဲ့ပါ။

ကျွန်တော့်ရဲ့ရေးဖော်ရေးဖက်များ

Yaung Pyan Lay (ရောင်ပြန်လေး နည်းပညာ)
ဂျူးကလေး(ရောင်ပြန်လေး စာပေ)
Mr Yaung Pyan (Golden Myanmar)
ကိုမြတ် ( MICT Garden)
ငွေဇင်မိုး (ငွေဇင်မိုး မုံရွာ)
Aung Ko Latt (Aung Ko Latt စွယ်စုံ)
Maung Pauk (မောင်ပေါက်နည်းပညာ)
CKKH(နည်းပညာ)

Subscribe to Posts | Subscribe to Comments

@Copy Right 2016 / Designe By ရောင်ပြန်လေး(နည်းပညာ) / Power By Yaung Pyan Lay

- Copyright © ​ရောင်​ပြန်​​လေး - Hatsune Miku - Powered by Blogger - Designed by Johanes Djogan -