ရေးသားသူ : Christ Leo Wednesday, February 22, 2017



Windows 7/8/10 သုံးစွဲ သူများ အတွက် Windows Key ဟာ အသုံး ဝင်တဲ့ key တစ်ခု ဖြစ်ပါတယ်။

အချို့သော command တွေကို အသုံးပြုဖို့ အတွက် windows key ဟာ အသုံးဝင်တဲ့ key တစ်ခု ဖြစ်ပေမယ့် အဆိုပါ function ကို အသုံး မပြု ချင်တဲ့သူ အချို့အတွက် win key function ကို registry editor ကနေ disable ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

Registry ကနေ win key ကို disable ပြုလုပ်ဖို့ အတွက် ဆိုရင် start menu button ကို နှိပ်လိုက်ပါ၊ regedit ဆိုတဲ့ command ကို ရိုက်ထည့် ရပါမယ်။ Registry editor ထဲကို ရောက်ပြီဆိုရင် HKEY_CURRENT_USER\SOFTWARE\Microsoft\Windows\CurrentVersion\Policies\Explorer ဆိုတဲ့ လမ်းကြောင်း အတိုင်း သွားရပါမယ်။

Explorer အောက်ကို ရောက်ပြီ ဆိုရင် ညာဘက် အခြမ်းမှာ Right-click နှိပ်ပြီး New > DWORD (32-bit) Value ဆိုတာကို ရွေးချယ် ပေးရ ပါမယ်။

အဆိုပါ ဖိုင်နာမည်ကို NoWinKeys ဆိုတဲ့ နာမည်ကို ပေးရပါမယ်။

ပြီးသွားရင် Double-click နှိပ်ပြီး Value data နေရာမှာ 1 လို့ ထည့်ပေး ထားရပါမယ်။ Ok button ကို နှိပ်ပြီး Registry editor ကနေ ထွက်လိုက်ပါ။ ဒါဆိုရင် win key ဟာ အလုပ် လုပ်ဆောင်တော့မှာ မဟုတ်ပါဘူး။

Ref: howtogeek

Thank You !

ရောင်ပြန်လေး(နည်းပညာ)

www.yplitshare.org







Leave a Reply

အဆင်မပြေတာများ ၊ လိုချင်တာများရှိရင်မှာခဲ့ပါ။

ကျွန်တော့်ရဲ့ရေးဖော်ရေးဖက်များ

Yaung Pyan Lay (ရောင်ပြန်လေး နည်းပညာ)
ဂျူးကလေး(ရောင်ပြန်လေး စာပေ)
Mr Yaung Pyan (Golden Myanmar)
ကိုမြတ် ( MICT Garden)
ငွေဇင်မိုး (ငွေဇင်မိုး မုံရွာ)
Aung Ko Latt (Aung Ko Latt စွယ်စုံ)
Maung Pauk (မောင်ပေါက်နည်းပညာ)
CKKH(နည်းပညာ)

Subscribe to Posts | Subscribe to Comments

@Copy Right 2016 / Designe By ရောင်ပြန်လေး(နည်းပညာ) / Power By Yaung Pyan Lay

- Copyright © ​ရောင်​ပြန်​​လေး - Hatsune Miku - Powered by Blogger - Designed by Johanes Djogan -