- မူရင်းစာမျက်နှာ »
- Computer Computer Knowledge »
- ADB Command တွေကို Chrome browser ကနေ ဘယ်လိုသုံးမလဲ
ရေးသားသူ : Christ Leo
Thursday, February 23, 2017
Android Debug Bridge ဆိုတဲ့ ADB ဟာ Android OS အတွက် command line utility တစ်ခုဖြစ်ပါတယ်။ Chrome browser ထည့်သွင်းထားတယ်ဆိုရင် ကွန်ပျူတာထဲမှာ adb utility ကို သီးသန့်ထည့်သွင်းပြီး သုံးစရာမလိုပါဘူး။
ADB for Chrome ဆိုတာကတော့ Chrome browser ပေါ်ကနေ adb command တွေကို တိုက်ရိုက်သုံးစွဲနိုင်မယ့် app တစ်ခုဖြစ်ပါတယ်။ အဲ့ဒီ app ကို Chrome browser ကနေဖွင့်ပြီး mobile device တွေနဲ့ ချိတ်ဆက်ကာ အသုံးပြုနိုင်ပါတယ်။
ဒီ app ကိုထည့်ဖို့အတွက် ဒီနေရာ ကနေ သွားယူနိုင်ပါတယ်။ အဲ့ဒီ ဝက်ဘ်ဆိုက်လိပ်စာကို ရောက်ပြီဆိုရင် Add to Chrome ဆိုတာကို နှိပ်ပါ။ App ကို download ပြုလုပ်သွားပါလိမ့်မယ်။

ပြီးရင် Chrome app launcher နေရာမှာ ADB for Chrome ဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။ အဲ့ဒီ icon ကို နှိပ်ပြီး Chrome browser ကနေ adb command ကို စတင်သုံးစွဲနိုင်ပြီဖြစ်ပါတယ်။
Ref: maketecheasier