- မူရင်းစာမျက်နှာ »
- Other Webdeveloper Lesson »
- Coding မလိုဘဲ Facebook Messenger Chat bot တစ်ခု တည်ဆောက်ခြင်း
ရေးသားသူ : Christ Leo
Thursday, February 23, 2017
စီးပွားရေး လုပ်ငန်းအတွက် Facebook Page တွေကို အသုံးပြုသူများနဲ့ ကိုယ်ပိုင် Facebook page ပြုလုပ်ထားသူများအတွက် Facebook page ရဲ့ messenger မှာ chat bot တစ်ခုကို coding များနဲ့ ရေးဆွဲရန် မလိုဘဲ အလွယ်တကူနဲ့ ဖန်တီးပြုလုပ် နိုင်ပါတယ်။
Facebook messenger chat bot ကို ဖန်တီးပြုလုပ်ဖို့အတွက် https://chatfuel.com ဆိုတဲ့ ဝက်ဘ်ဆိုက်ကို သွားပါ။ ဝက်ဘ်ဆိုက် စာမျက် နှာကိုရောက်ပြီဆိုရင် Get Started For Free ဆိုတဲ့ခလုတ်ကို နှိပ်ရပါမယ်။
Facebook messenger chat bot ကို ဖန်တီးပြုလုပ်ဖို့အတွက် https://chatfuel.com ဆိုတဲ့ ဝက်ဘ်ဆိုက်ကို သွားပါ။ ဝက်ဘ်ဆိုက် စာမျက် နှာကိုရောက်ပြီဆိုရင် Get Started For Free ဆိုတဲ့ခလုတ်ကို နှိပ်ရပါမယ်။
နောက်တစ်ဆင့်ကတော့ ကိုယ့်ရဲ့ Facebook account နဲ့ chatfuel နဲ့ချိတ်ဆက်ဖို့အတွက် permission တွေ တောင်းဆိုမှာဖြစ်ပါတယ်။ Permission တွေကို လက်ခံပေးလိုက်ပါ။ ပြီးသွားရင် bot ကို တည်ဆောက်မယ့် Facebook page ကို ချိတ်ဆက်ရမှာဖြစ်တဲ့အတွက် ကိုယ်ချိတ်ဆက်မယ့် Facebook page ကို ရွေးချယ်ပြီး connect to page ဆိုတာကို ရွေးချယ်ပေးလိုက်ပါ။
ဒါဆိုရင် ကိုယ့်ရဲ့ Facebook page messenger မှာ chat bot တစ်ခုနဲ့ ချိတ်ဆက်ပြီးပါပြီ။ Bot ကို ပြင်ဆင်ဖို့အတွက် Bot Structure ထဲမှာ တည်ဆောက်ချင်တဲ့ ပုံစံများအတိုင်း settings များကို လိုက်လံချိန်ညှိပြီး ထည့်သွင်းနိုင်ပါတယ်။
