ရေးသားသူ : Christ Leo Saturday, November 12, 2016

Id & Class

တကယ်လက်တွေ့ ဒီဇိုင်းရေးလာရင် သင်အသုံးပြုမှာက HTML Tags Selector တွေထက် Id Selectors နဲ့ Class Selectors တွေကိုသုံးမှာပါ၊ ဆိုကြပါစို့ 

သင်က HTML tags ငါးမျိုးပါတဲ့ စာကြောင်း ငါးကြောင်းကို Select မှတ်ချင်တယ်၊ HTML Tags က ငါးမျိုးဆိုတော့ CSS Selectors အဖြစ် HTML Tags  

ငါးမျိုးလုံးကိုသုံးနေရမယ်၊ ဒါကို Id Selector သုံးပြီး HTMl Document  မှာ လိုချင်တဲ့အစိတ်အပိုင်းကို သတ်မှတ် မှတ်သားနိုင်တယ်၊

ID နဲ့ Class Selector တွေကို HTML ရဲ့ <div> tags တွေနဲ့ တွဲသုံးတယ်၊ ဥမာ သင်က “dog” ဆိုတဲ့ id နဲ့ Selector တစ်ခုသတ်မှတ်ချင်တယ်ဆိုရင်ဖြင့်

<div id= “dog”> ဆိုပြီးရေးနိုင်တယ်၊ ရေးပုံက အရင်ဆုံး <div ကိုရေးတယ်၊ အပိတ် မြားလေးရဲ့ရှေ့မှာ id သတ်မှတ်ဖို့အတွက် id= “”  

လို့ထည့်တယ်၊ ပြီးရင် နှစ်ထပ်ကော်မာ ကြားမှာ သင် သတ်မှတ်လိုတဲ့ id နာမည်ကိုသတ်မှတ်နိုင်တယ်၊ HTML ရဲ့ block Tags တွေဖြစ်တဲ့ <div> </div> 

တို့နဲ့ တွဲမှတ်တဲ့အတွက် အပိတ်ကိုလဲ ထည့်ပေးရမယ်၊ ပိုပြီးနာမလည်သွားအောင် အောက်က HTML ဖိုင်ကိုကြည့်လိုက်၊

<body>

<h1>Long time no see, how're you doing?</h1>

<h2>I am good, and how about ya? </h2>

<p><b> I am just taking one day after anogher, buddy! </b></p>

<p><i> hell of a long day today, isn't it?</i></p>

<br/> make yourself  busy and try to pass the time

</body>

အထက်က HTML Code မှာ Element ကော Nested Element ကော အားလုံးပေါင်း 5 ခုတောင်ပါတယ်၊ သူတို့ တွေကိုတစ်ခုစီ Selector 

အဖြစ်မှတ်မယ်ဆိုရင် 5 ခုတောင်မှတ်ရမှာ၊ ဒါပေမယ့် id selector ကိုသုံးပြီး သူတို့တွေကို တစ်ခုထဲဖြစ်အောင်မှတ်လို့ရတယ်၊ အခု အပေါ် ဆုံးမှာရှင်းပြခဲ့တဲ့ 

<div id= “dog”> ဆိုတဲ့ id selector သုံးပြီးမှတ်ပြမယ်၊ အောက်မှာ

<body>

<div id= "dog" >

<h1>Long time no see, how're you doing?</h1>

<h2>I am good, and how about ya? </h2>

<p><b> I am just taking one day after anogher, buddy! </b></p>

<p><i> hell of a long day today, isn't it?</i></p>

<br/> make yourself  busy and try to pass the time

</div>

</body>

အထကမှာတော့ စာကြောင်း ငါးကြောင်းလုံးကို dog ဆိုတဲ့နာမည်နဲ့ id မှတ်လိုက်ပီ၊ မှတ်ပုံကို သတ်မှတ်လိုတဲ့ HTML elements တွေအားလုံးရဲ့ ရှေ့မှာ  

<div id= “dog”> လို့ရေးတယ်၊ ပြီးတော့ အဆုံးမှာ </div> ဆိုပြီး ဖွင့်လိုက်တဲ့ Dog id ကို ပြန်ပိတ်တယ်၊ ဒါကတော့ id selector မှတ်နည်းပါ၊ 

သူ့ကိုခေါ်သုံးမယ်ဆိုရင်လဲ dog ဆိုတဲ့နာမည်နဲ့ ပဲ ခေါ်သုံးနိုင်ပါတယ်၊ တစ်ခုတော့ရှိတယ် id တွေကိုခေါ်သုံးရာမှာ id နာမည်ရဲ့ရှေ့မှာ # shash 

ထည့်ပေးရတယ်၊ အောက်မှာကြည့်၊

#dog{

            color : red;

            font-style : italic;

            }

အထက်မှာတော့ dog လို့သတ်မှတ်ထားတဲ့ id ကိုခေါ်သုံးလိုက်တာ၊ သူ့ကို HTML ဖိုင်နဲ့ ချိတ်ပြီး။ Run လိုက်ရင် id 

သတ်မှတ်ထားတဲ့စာကြောင်းငါးကြောင်းလုံး စာလုံးအနီ နဲ့ စာလုံး တစ်စောင်းတွေအဖြစ်ပြောင်းသွားမယ်၊ အောက်မှာကြည့်ပါ။
အခု class selector ကိုလေ့လာကြပါမယ်၊ ရေးပုံကတော့ id selector ကိုရေးပုံနဲ့ အတူတူပါပဲ၊ အသုံးပြုတဲ့အခါမှာတော့ class selector ကအုပ်စုတူတဲ့ 

element တွေမှာသုံးတယ်၊ အောက်က ဥပမာ ကိုကြည့်ပါ၊ ရှင်းသွားအောင်

<ul>

            <li class = "change">Landcruiser </li>

            <li > Parjedo </li>

            <li class = "change">Prado </li>

            <li >Surf </li>

            <li class = "change">Vigo </li>

            <li>Jeep</li>

            <li class = "change">Fortuna </li>

            <li> Toyota </li>

            <li class = "change"> BMW </li>

</div>



အထက် က စာရင်းမှာ  အားလုံးပေါင်း ကားအမျိုးအစား 9 မျိုးရှိပါတယ်၊  သင် က စာရင်းတွေထဲက တစ်ခုကျော် ကားအမျိုး အစားတွေကို Select 

မှတ်ချင်တယ်၊ ဒါဆိုရင်တော့ အုပ်စု တူတဲ့ element တွေကို Select မှတ်တဲ့နည်း သုံးလို့ရပါတယ်၊ အားလုံးမှတ်လဲ ရတယ်နော် အခုတော့ တစ်ခုကျော်ကို 

class = “change” ဆိုပြီး Select မှတ်ပြလိုက်တာ၊ change ဆိုတဲ့ class ကိုခေါ်သုံးချင်ရင် change လို့ခေါ်သုံးရုံပဲ တစ်ခုတော့သတိထားရမယ် class 

ကိုခေါ်သုံးမှာ ဖြစ်တဲ့အတွက် သတ်မှတ်ထားတဲ့ class နာမည်ရှေ့မှာ dot (.) အစက်လေးထည့်ပေးရမယ်၊ အောက်က အတိုင်း

.change{

            color : red;

            font-style : italic;

            }

အထက်က ကုတ်ကို HTML Doucment နဲ့ ချိတ်ပြီး Run ကြည့်လိုက်ရင်အောက်က အဖြေမျိုးကိုရမယ်၊
ဒီသင်ခန်းစာရဲ့ ရည်ရွယ်ချက်ကတော့ id နဲ့ class selector တွေကိုကိုတိုင်မှတ်သတ်အောင် သင်ကြားပေးတာပါ၊ နောက်ပိုင်း တကယ့်ကို 

အသုံးများမှာဖြစ်တဲ့အတွက်သေချာလေး နားလည်အောင်လေ့လာပါ၊ နောက်အခန်းမှာ HTML Document တွေနဲ့ CSS တို့ ဘယ်လို 

ချိတ်ဆက်အသုံးပြုမလဲဆိုတာကိုသင်ပြပေးမယ်၊



Thank You !

ရောင်ပြန်လေး(နည်းပညာ)

www.yplitshare.org


BlockAdz





Leave a Reply

အဆင်မပြေတာများ ၊ လိုချင်တာများရှိရင်မှာခဲ့ပါ။

ကျွန်တော့်ရဲ့ရေးဖော်ရေးဖက်များ

Yaung Pyan Lay (ရောင်ပြန်လေး နည်းပညာ)
ဂျူးကလေး(ရောင်ပြန်လေး စာပေ)
Mr Yaung Pyan (Golden Myanmar)
ကိုမြတ် ( MICT Garden)
ငွေဇင်မိုး (ငွေဇင်မိုး မုံရွာ)
Aung Ko Latt (Aung Ko Latt စွယ်စုံ)
Maung Pauk (မောင်ပေါက်နည်းပညာ)
CKKH(နည်းပညာ)

Subscribe to Posts | Subscribe to Comments

@Copy Right 2016 / Designe By ရောင်ပြန်လေး(နည်းပညာ) / Power By Yaung Pyan Lay

- Copyright © ​ရောင်​ပြန်​​လေး - Hatsune Miku - Powered by Blogger - Designed by Johanes Djogan -