ရေးသားသူ : Christ Leo Saturday, November 12, 2016

CSS တည်ဆောက်ပုံ

ဒီအခန်းမှာတော့ CSS ရဲ့ တည်ဆောက်ပုံကို ရှင်းပြပါမယ်၊ အောက်မှာ CSS ရဲ့တည်ဆောက်ပုံပါ၊

Selector {property:value;}

အထက်က တည်ဆောက်ပုံကို အစိတ်အပိုင်းနှစ်ပိုင်းခွဲလိုက်မယ်၊  Selector က တစ်ပိုင်း {property:value;} တို့က တစ်ပိုင်း၊ အခု ပထမအပိုင်းဖြစ်တဲ့ 

Selector ကိုရှင်းပြမယ်၊

Selector

ှSelect ဆိုတာက မှတ်တာပါ၊ Selector ဆိုတော့ မှတ်တဲ့သူပေါ့၊ ဘာတွေကိုမှတ်မှာလဲ ၊ CSS က HTML Document တွေကို 

အလှဆင်ဖို့အတွက်သုံးမှာဆိုတော့ HTML Tags တွေကိုမှတ်ရပါမယ်၊ ဥပမာ အားဖြင့် အောက်က HTML စာကြောင်းကိုကြည့်ပါ၊

<html>

<body>

<h1>Long time no see, how're you doing?</h1>

</body>

</html>

အထက်က HTML စာကြောင်းကို Run ကြည့်လိုက်ရင် အဖြေ က အောက်ပါအတိုင်း ရမယ်၊

အထက်က စာသားကိုပဲ ပိုပြီးလှသွားအောင် CSS သုံးပြီး အလှဆင်ချင်သေးတယ်၊  ဒါဆိုရင်တော့ သင်အလှဆင်ချင်တဲ့ အစိတ်အပိုင်းကို မှတ်သားဖို့လိုပါပီ၊ 

ဒီတော့ အခု အထက်က Long time no see, how’re you doing? ဆိုတဲ့ စာကြောင်းကို ဘယ် HTML Tags က ၀ိုင်းထားလဲဆိုတာကိုကြည့်လိုက်၊

<h1>Long time no see, how're you doing?</h1>

<h1> ဆိုတဲ့ HTML Tags နဲ့ ၀ိုင်းထားတယ်၊ ဒီတော့ အဲ့ဒီ့ HTML Tag ကို Css မှာ အသုံးပြုလိုက်မယ်၊ အသုံးပြုလိုက်မယ်ဆိုတာ CSS ရဲ့ Selector 

အဖြစ်သတ်မှတ်လိုက်မယ်လို့ဆိုလိုတယ်၊ အောက်က အတိုင်း

h1 {property:value;}

လို့မှတ်လိုက်၊ ဒါဆိုရင် CSS ရဲ့ တည်ဆောက်ပုံဖြစ်တဲ့ selector { property:value;} ဆိုတဲ့ တည်ဆောက်ပုံထဲက selector ရဲ့ အစိတ်အပိုင်းမှာ h1 လို့ 

သတ်မှတ်လိုက်ပြီ၊ အဲ့ဒီ့ h1 က သင်အလှဆင်လိုတဲ့ html Doucment ထဲက Long time no see, how’re you doing? ဆိုတဲ့ စာကြောင်းကို ၀ိုင်းထားတဲ့ 

Tags ကိုညွန်းပါတယ်၊

ဒါကတော့ CSS ရဲ့ Selector ကိုအသုံးပြုပုံပါ၊ သင်အလုပ်လုပ် အလှဆင်လိုတဲ့ HTML Doucment ထဲက အစိတ်အပိုင်းမှန်သမျှကို အဲ့ဒီ့ အစိတ်အပိုင်းတွေကို

ဝိုင်းထားတဲ့ Tags တွေရဲ့ နာမည်တွေကိုယူပြီး CSS ရဲ့ Selector အဖြစ်အသုံးပြုနိုင်ပါတယ်၊

Property & Value

အခု {property:value;} ဆိုတဲ့ အစိတ်အပိုင်းကိုရှင်းပါမယ်၊ Property ဆိုတာက ပိုင်ဆိုင်မူဖြစ်ပြီး Value က တော့ တန်ဖိုးကို ဆိုလိုပါတယ်၊ Property 

တစ်ခုနဲ့ သူ့ရဲ့ တန်ဖိုးတွေကို သတ်မှတ်ရာမှာသုံးဖို့ပါ၊ ဆိုကြပါစို့ အရောင် လို့ပြောရင် ဘာအရောင်လဲ၊ အ၀ါလား အနီလား ဆိုတဲ့ တန်ဖိုး 

အမျိုးအစားကိုထည့်ပြောဖို့လိုပါတယ်၊  အရောင်တစ်ခုအနေနဲ့ ဥပမာ ပေးရမယ်ဆိုရင်၊ Property က အရောင် ဖြစ်ပြီး value က အဲ့ဒီ့ အရာင်ရဲ့တန်ဖိုး 

(ဘာအရောင်လဲ ) ဖြစ်ပါတယ်၊ အခု အ၀ါအရောင်ကိုရေးပြမယ်၊

{color : yellow;}

အထက်က css ကုတ်မှာ color က propetiy ဖြစ်ပြီး yellow က value ဖြစ်ပါတယ်၊ ဒီလို အရောင်တစ်ခု နဲ့ သူ့ရဲ့တန်ဖိုးတစ်ခုကိုပေါင်းလိုက်ပြီးရေးတာကို 

Decleration တစ်ခုလုပ်တယ်လို့ခေါ်တယ်၊ အောက်က ဥပမာ ကိုကြည့်ပါ၊

h1{color : yellow;}

အထက်က လိုရေးလိုက်ရင်တော့ h1 ဆိုတဲ့ Selector ရဲ့ အရောင်က အ၀ါရောင်ဖြစ်တယ်လို့သတ်မှတ်လိုက်တာပါ၊ အဲ့ဒီ့ Css ကုတ်ကို အထက်က HTMl 

ထဲမှာထည့်လိုက်ရင် Long time no see, how’re you doing? ဆိုတဲ့စာသားက အ၀ါရောင်ဖြစ်သွားမယ်၊ အကြောင်းကတော့ သူကိုဝိုင်းထားတဲ့ h1 ကို CSS

 နဲ့ မှတ်ပြီး အ၀ါရောင်ပြောင်းထားလို့၊ အောက်မှာကြည့်။

TMl Doucment ထဲက အစိတ်အပိုင်းတစ်ခုကို CSS သုံးပြီး အလှဆင်တော့မယ် ဆိုရင်ဖြင့် အဲ့ဒီ့ အလှဆင်လိုတဲ့ အစိတ်အပိုင်း ရဲ့ HTML Tag ကိုသုံးရမယ်၊

  CSS ကိုသုံးရာမှာ အလုပ်လုပ်မယ့် အစိတ်အပိုင်းကို သတ်မှတ်ရတယ်၊ အဲ့ဒီ့လို အလုပ်လုပ်မယ့် အစိတ်အပိုင်းကိုသတ်မှတ်တာကို Select 

လုပ်တယ်လို့ခေါ်တယ်၊ CSS မှာ Select လုပ်ထားတဲ့ Selector တစ်ခုကို အလှဆင်ရာမှာ အလုပ်လုပ်ရာမှာ property: value ဆိုပြီး သက်ဆိုင်တဲ့အလုပ်ရဲ့ 

ပိုင်ဆိုင်မူ နဲ့ တန်ဖိုးကိုသတ်မှတ်ရတယ်၊ အဲ့ဒီ့လို ပိုင်းဆိုင်မူနဲ့ တန်ဖိုးကို သတ်မှတ်တာကိုDeclar လုပ်တယ်လို့ခေါ်တယ်၊

သတ်မှတ်ထားတဲ့ Selector တစ်ခုကို Declaration လုပ်တဲ့အခါ တစ်ခုပဲ မလုပ်ပဲ ကြိုက်သလောက် Declar လုပ်လို့ရတယ်၊ အောက်မှာကြည့်ပါ၊

h1{       color : red;

            font-style : italic;

            }

အထက်မှာတော့ Select လုပ်ထားတဲ့ h1 ကို Declaration နှစ်ခုလုပ်ထားတယ်၊ တစ်ခုက စာလုံးအရောင် color အနီရောင် red နဲ့ နောက်တစ်ခုက စာလုံး 

စတိုင်း font-style တစ်စောင့် italic; တို့ပါ၊

color : red; က တစ်ခု

font-style : italic; က တစ်ခုပါ၊

အထက်က ဥပမာ မှာ Delar နှစ်ခုပဲလုပ်ထားတယ်၊ တကယ်တော့ ဘယ်နှစ်ခုလုပ်လုပ်ရပါတယ်၊ အရေးတကြီး သတိထားရမှာကတော့ Declare 

တစ်ခုလုပ်ပီးတိုင်း နောက်က simicolon(;) ထည့်ပေးဖို့ပါပဲ၊ မပါရင်တော့ မှားကုန်မယ်၊

အထက်က Delcare နှစ်ခုလုပ်ထားတဲ့ CSS ကို HTML Document နဲ့ ချိတ်ပြီး Run လိုက်ရင် အောက်က အတိုင်းစာမျက်နှာကိုတွေ့ရမယ်၊
ဒီသင်ခန်းစာရဲ့ ရည်ရွယ်ချက်က selector {property:value;} တို့ကိုနာလည်ဖို့၊ HTML Document တွေနဲ့ CSS 

ဖိုင်တွေဘယ်လိုချိတ်မလဲဆိုတာကို နောက်အခန်းတွေမှာရှင်းပြမယ်၊  Selector {property: value;} တို့ကို နာလည်အောင်လေ့လာပါ။

(72 Coder)


Thank You !

ရောင်ပြန်လေး(နည်းပညာ)

www.yplitshare.org


BlockAdz





Leave a Reply

အဆင်မပြေတာများ ၊ လိုချင်တာများရှိရင်မှာခဲ့ပါ။

ကျွန်တော့်ရဲ့ရေးဖော်ရေးဖက်များ

Yaung Pyan Lay (ရောင်ပြန်လေး နည်းပညာ)
ဂျူးကလေး(ရောင်ပြန်လေး စာပေ)
Mr Yaung Pyan (Golden Myanmar)
ကိုမြတ် ( MICT Garden)
ငွေဇင်မိုး (ငွေဇင်မိုး မုံရွာ)
Aung Ko Latt (Aung Ko Latt စွယ်စုံ)
Maung Pauk (မောင်ပေါက်နည်းပညာ)
CKKH(နည်းပညာ)

Subscribe to Posts | Subscribe to Comments

@Copy Right 2016 / Designe By ရောင်ပြန်လေး(နည်းပညာ) / Power By Yaung Pyan Lay

- Copyright © ​ရောင်​ပြန်​​လေး - Hatsune Miku - Powered by Blogger - Designed by Johanes Djogan -