ရေးသားသူ : Christ Leo Saturday, November 12, 2016


Using CSS With HTML Document

CSS ကုတ်တွေကို HTML Doucment တွေနဲ့ ချိတ်ဆက်အသုံးပြုပုံ သုံးမျိုးရှိတယ်၊

1.     Inline Style ဒီနည်းကတော့ CSS ကုတ်တွေကို HTMl Doucment ရဲ့  စာကြောင်းတွေ Tags တွေထဲမှာ တိုက်ရိုက်ထည့်ပြီးသုံးတဲ့နည်းပါ၊

2.     Internal Style ဒီနည်းကတော့ CSS ကုတ်တွေကို HTML Document ရဲ့ Head Section (tags) ကြားထံမှာ ထည့်ပြီး သုံးတဲ့နည်းပါ၊

3.     External Style ဒီနည်းကတော့ CSS ကုတ်တွေ ကိုဖိုင်တစ်ဖိုင်ထဲမှာ ထည့်ပြီး HTML Doucment ကနေ ခေါ်ယူ အသုံးပြုတဲ့နည်းပါ၊



ှုအခု အထက်က နည်းသုံးခုလုံးကို အောက်က HTML ဖိုင်းကို အသုံးပြုပြီးရှင်းပြသွားမယ်၊

Inline Style

<body>

<b> hey now brown cow in down town </b>

<p> Noting last for ever but my love. </p>

</body>

အထက်က HTML element နှစ်ခုကို စာလုံးအရောင် နဲ့ အရွယ်အစားပြောင်းမယ်၊  စာလုံးအရောင် အနီရောင် စာလုံး အရွယ်အစား 20 

pxiel ပြောင်းလိုက်မယ်၊ ပထမဆုံး Inline Style ကိုသုံးမယ်၊

<body>

<b style= "color:red ; font-size : 20px"> hey now brown cow in down town </b>

<p  style= "color:red ; font-size : 20px"> Noting last for ever but my love. </p>

</body>

အထက်မှာတော့ Inline Style ကိုသုံးပြီး HTML Document ထဲ ကို CSS ကုတ်ထည့်လိုက်ပါပီ၊  ပထမစာကြောင်းဖြစ်တဲ့ <b> hey now brown cow in 

down town </b> ဆိုတဲ့ စာကြောင်းကို CSS ထည့်ဖို့အတွက် အဖွင့် <b ထဲမှာ style “color: red ; font-size :20”> ဆိုပြီး CSS Style ကို စာကြောင်း 

ကိုဝိုင်းထားတဲ့ HTML Tag ထဲမှာပဲ တိုက်ရိုက်ရေးထည့်လိုက်တယ်၊ ဒီလိုတိုက်ရိုက် HTML Tags ထဲမှာရေးထည့်ပြီးသုံးတဲ့နည်းကိုတော့ Inline Style CSS 

လို့ခေါ်တယ်၊

ဒုတိ ယ <p> Noting last for ever but my love. </p> ဆိုတဲ့စာကြောင်းကို စာလုံး အရောင် အနီရောင် စာလုံး အရွယ်အစား 20px ဖြစ်ဖို့အတွက် CSS

ကုတ်ကို အဖွင့် <p ရဲ့ အတွင်းမှာတိုက်ရိုင်ထည့်ရေးလိုက်တယ်၊ ဒီနည်းကိုပဲ Inline Style CSS လို့ခေါ်တာပါ၊

HTML Document ရဲ့ Elements တွေထဲမှာ CSS ကုတ်တွေကို တိုက်ရိုက်ထည့်ရေးတဲ့အခါ ကြရင်တော့ style = “”  ဆိုတဲ့တည်ဆောက်ပုံကိုသုံးပါတယ်၊

style= “” လို့ရေးပြီး နှစ်ထပ်ကော်မာထဲမှာ ကြိုက်ရာ Declaration တွေကိုထည့်သုံးနိုင်ပါတယ်၊ ထည့်သုံးတဲ့ Declaration တွေအားလုံးရဲ့ အစနဲ့ အဆုံး 

မှာတော့ နှစ်ထပ်ကော်မာပါဖို့မမေ့နဲ့ အလယ်တွေမှာလဲ ဖြတ်ပြီးမထည့်မိစေနဲ့၊

Internal Style CSS

ဒီနည်းကတော့ ပိုပြီးရှင်းပါတယ်၊ သင်အသုံးပြုလိုတဲ့ CSS ကုတ်တွေကို HTML ရဲ့ Head Tags ကြားမှာထည့်ရုံပါပဲ၊  မထည့်ခင် သင်ထည့်ထားတဲ့ကုတ်တွေ

က CSS ကုတ်တွေဖြစ်ကြောင်းကိုတော့ Browser က သိအောင်ကြေငြာရဦးမယ်၊ ကြေငြာဖို့အတွက် သုံးတာကတော့

<style type= “text/css”>

</style>

ဆိုပြီးရေးပေးရတယ်၊ ပြီးရင် သူတို့ရဲ့ ကြားမှာ CSS ကုတ်တွေကိုထည့်ပေးရတယ်၊ အောက်က အတိုင်း

<html>

<head>

<title>what's up </title>

<style type="text/css">

b{

            color : red;

            font-size : 20px;

            }

p{

            color : red;

            font-size : 20px;

            }

</style>

</head>

<body>

<b > hey now brown cow in down town </b>

<p > Noting last for ever but my love. </p>

</body>

</html>

အထက်က ကုတ်မှတော့ body မှာပါတဲ့ HTML  Elements နှစ်ခုဖြစ်တဲ့ <b> နဲ့ <p> တို့ကို <head> Tags ကြားမှာရှိတဲ့ CSS ကုတ်တွေကနေလှမ်းပြီး

အလှဆင်တဲ့ပုံပါ၊  ရေးနည်းကတော့ ရှေ့ က Selector {property:value;} ဆိုတဲ့နည်းကိုသုံးပြီးရေးတာပါ၊

External Style CSS

ဒီနည်းကတော့ အကောင်းဆုံးနဲ့ အဆင့်အမြင့်ဆုံးနည်းပါ၊ 72coder က အကြံပြုလိုတာကတော့ ဒီနည်းကိုပဲ သုံးပြီးလေ့ကျင့်ပါ၊ ဒီနည်ကို ကျွမ်းကျင်မှသာလျှင် 

Web Designer ကောင်းကောင်းဖြစ်နိုင်တယ်၊ မြန်မာ နိုင်ငံ အတွင်း ၀က်ဆိုက်ဆွဲမယ့် သူတွေ ကိုပိုင်း ဆိုက် ပုစိကွေးလေးတွေ ရေးမယ့်သူတွေတော့ 

ကြိုက်တဲ့နည်းကိုသုံးရတယ်၊ နို့ပေမယ့် နိုင်ငံခြား ကနေ ဆိုက်တွေကို လေလံဆွဲပြီး အလုပ်လုပ်သည်ဖြစ်စေ CSS Develper တွေအဖြစ် 72coder က 

Carreer အောက်မှာ ဖော်ပြထားတဲ့အလုပ်တွေကိုလုပ်သည်ဖြစ်စေ တကယ့်ကိုလက်တွေကျပြီး အဆင့်မြင့်မြင့်လုပ်နိုင်ဖို့ External Style ကိုပဲသုံးပါ၊

ရေးနည်းကတော့ Internal Style ကိုရေးပုံနဲ့တူတယ်၊ ဒါပေမယ့် <style type= “text/css”> အဖွင့်ပိတ်မပါဘူး၊ အောက်က အတိုင်းရေးရတယ်၊

b{

            color : red;

            font-size : 20px;

            }

p{

            color : red;

            font-size : 20px;

            }

အထက်က လို CSS ကုတ်တွေခြည်း သည်းသန့်ရေးရတယ်၊ ပြီးရင် သူ့ကို CSS ဖိုင်အနေနဲ့ သိမ်းရတယ်၊ ကြိုက်တဲ့နာမည်ပေးပြီးသိမ်းနိုင်တယ်၊ absolute url

နဲ့ Relative URL တို့ကို နား မလည်သူတွေတော့ သိမ်းမယ့် CSS ဖိုင်ကို HTML ဖိုင်နဲ့ ဖိုဒါတစ်ခုထဲမှာ သိမ်းရမယ်၊ ဒါပေမယ့် Extension ကိုတော့ .css 

လို့ပေးရမယ်၊ အခု သင်က baby.css လို့အထက်က CSS ကုတ်တွေ ရေးထားတဲ့ဖိုင်ကို နာမည်ပေးသိမ်းလိုက်ပြီဆိုပါစို့၊ ဒါဆိုရင်တော့ သူ့ကိုဒီ 

တိုင်းထားလို့မဖြစ်ဘူး၊ သူနဲ့ HTML Document တို့ကိုချိတ်ဆက်ပေးမှရမယ်၊ ဒီ့အတွက်တော့ HTMl ရဲ့ Head Tags အတွင်းမှာ

<link  href= “”  rel = “stylesheet” type= “text/css”> ဆိုပြီးရေးပေးရပါတယ်၊ <link ဆိုတာကတော့ ချိတ်ဆက်မယ်လို့ပြောတာ href က hyper 

referance ပါ၊ rel ကတော့ relative မျိုးနွယ်စုပေါ့ အခု သုံးမယ့် ကုတ်က ဘယ် ကုတ်မျိုးနွယ်လဲပေါ့လေ၊ type ကတော့ တိကျတဲ့ အမျိုးအစားနာမည်ပါ၊ 

ဒါကိုတော့ ပြည့်စုံးမှန်ကန်အောင်ထည့်နိုင်ရမယ်၊ href= “” ဆိုတဲ့ နေရာက နှစ်ထပ်ကော်မာထဲမှာ သင်ခေါ်သုံးချင်တဲ့ CSS ဖိုင်ကိုထည့်ရမယ်၊ အထက်က

တည်ဆောက်ခဲ့တဲ့ baby.css ကိုခေါ်သုံးမယ်ဆိုရင်ဖြင့်

<link  href= “baby.css”  rel = “stylesheet” type= “text/css”> လို့ရေးပေးလိုက်ရုံပါပဲ၊ အခု ရေးထားတဲ့ကုတ်တွေကိုစမ်းကြည့်မယ် 

မစမ်းခင်ကုတ်အစုံးအလင်ကိုရေးပြမယ်၊ ဖိုင်နှစ်ခုရှိမယ်၊ တစ်ခု က HTML ဖိုင်ဖြစ်ပြီး နောက်တစ်ခုက CSS ဖိုင် အောက်မှာ HTML ဖိုင်ကိုကြည့်ပါ၊

<html>

<head>

<title>what's up</title>

<link href= "baby.css" rel= "stylesheet" type= "text/css">

</head>

<body>

<b>hey now brown cow in down town </b>

<p>Nothing last forever, but my love </p>

</body>

</html>

အထက်က တော့ HTML ဖိုင်ပါ၊ သူ့ကို baby.css ဖိုင်နဲ့ ချိတ်ထားတယ်နော်၊ အောက် မှာ baby.css ဖိုင်၊

b {

            color : red;

            font-size : 20px;

            }

p{

            color : red;

            font-size : 20px;

            }

အထက်က ဖိုင်ကတော့ CSS ကုတ်တွေခြည်း ရေးထားတဲ့ baby.css ဖိုင်ပါ၊ အခု အထက်က အတိုင်း ဖိုင်နှစ်ခုလုံးကိုသေချာချိတ်ဆက်ပြီး ရေးပြီးသွားရင်ဖြင့်

HTML Document ကို Run ကြည့်လိုက်ပါ၊ အောက်က အတိုင်း သင်ရေးထားတဲ့ ၀က်ဆိုက်စာမျက်နှာကိုတွေ့ရမှာပါ/
အထက်က ချိတ်ဆက်ပုံသုံးမျိုးလုံးကိုပိုပြီးနာလည်သွားအောင် အကြိမ်ကြိမ်ဖက်ပါ၊ နောက်ပိုင်းအခန်းတွေမှာ သွင်သွင် ကြီးသုံးသွားမယ်၊ ဒါပေမယ့် 

ချိတ်ဆက်ပုံတွေကိတော့ ထပ်သင်ပြတော့မှာမဟုတ်ပါဘူး၊

ရောင်ပြန်လေး(နည်းပညာ)

www.yplitshare.org


BlockAdz





Leave a Reply

အဆင်မပြေတာများ ၊ လိုချင်တာများရှိရင်မှာခဲ့ပါ။

ကျွန်တော့်ရဲ့ရေးဖော်ရေးဖက်များ

Yaung Pyan Lay (ရောင်ပြန်လေး နည်းပညာ)
ဂျူးကလေး(ရောင်ပြန်လေး စာပေ)
Mr Yaung Pyan (Golden Myanmar)
ကိုမြတ် ( MICT Garden)
ငွေဇင်မိုး (ငွေဇင်မိုး မုံရွာ)
Aung Ko Latt (Aung Ko Latt စွယ်စုံ)
Maung Pauk (မောင်ပေါက်နည်းပညာ)
CKKH(နည်းပညာ)

Subscribe to Posts | Subscribe to Comments

@Copy Right 2016 / Designe By ရောင်ပြန်လေး(နည်းပညာ) / Power By Yaung Pyan Lay

- Copyright © ​ရောင်​ပြန်​​လေး - Hatsune Miku - Powered by Blogger - Designed by Johanes Djogan -