- မူရင်းစာမျက်နှာ »
- Computer Computer Knowledge »
- Windows 10 တွင် Cortana အား Disable ပြုလုပ်ခြင်း
ရေးသားသူ : Christ Leo
Saturday, November 12, 2016

Cortana ဟာ Windows 10 Anniversary update မှာ ပိုမို ကောင်းမွန်တဲ့ လုပ်ဆောင်ချက် တွေကို ထည့်သွင်း ပေးထားတဲ့ Feature တစ်ခု ဖြစ်ပါတယ်။
PC တွေကနေ Windows 10 သုံးစွဲနေသူတွေနဲ့ Cortana ကို အသုံးပြု ရတာ အဆင် မပြေသူများ၊ အသုံး မပြုချင် သူများ အနေဖြင့်Cortana Feature ကို ဖော်ပြပါ နည်းလမ်း အတိုင်း Disable ပြုလုပ် ထားနိုင်မှာ ဖြစ်ပါတယ်။
Windows 10 မှာ Cortana ကို Disable ပြုလုပ်ဖို့ အတွက် Group Policy ကို အသုံးပြု ရပါမယ်။ Group Policy ကို ဖွင့်ဖို့ အတွက် Win + R Key နဲ့ Run box ကို ခေါ်လိုက်ပါ။
ပြီးသွားရင် gpedit.msc ဆိုတဲ့ command ကို ရိုက်ထည့်ရပါမယ်။
အဆိုပါ command ကို အသုံးပြု ပြီးပြီဆိုရင် Group Policy Editor box ကျလာ ပါလိမ့်မယ်။
Group Policy Editor box ကျလာရင် Computer Configuration ဆိုတာကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။
Computer Configuration ဆိုတာကို ရွေးချယ်ပေးပြီးရင် Administrative Templates> Windows Components ဆိုတာကို အဆင့်ဆင့် ရွေးချယ်ပေး သွားရပါမယ်။
Windows Com-ponents အောက်မှာမှ Search ဆိုတာကို ထပ်မံရွေးချယ် ပေးရပါမယ်။
Search အောက်ကို ရောက်သွားပြီ ဆိုရင် ညာဘက် အခြမ်း Panel ထဲမှာရှိတဲ့ Allow Cortana ဆိုတာကို Select မှတ်လိုက်ပါ။
Select မှတ်ပြီးရင် Double-click နှိပ်ပြီး ဖွင့်ရပါမယ်။ Allow Cortana ရဲ့ Settings တက်လာရင် Disable ဆိုတာကို ရွေးချယ်ပေးထား ရပါမယ်။
အဆိုပါ အဆင့်တွေ ပြီးသွားပြီဆိုရင် Group Policy ကနေ ထွက်လိုက်ပါ။
ဒါဆိုရင် Windows 10 မှာ Cortana ကို Disable ပြုလုပ်တဲ့ အဆင့်ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။
From: Internet journal - By: သီဟ