ရေးသားသူ : Christ Leo Sunday, February 19, 2017


Windows Operating System ကို အသုံးပြုသူများ အနေနဲ့ ကိုယ့်ရဲ့ Windows System ထဲမှာ ဆော့ဖ်ဝဲတွေ ဘယ်လောက်ထည့်သွင်း ထားတယ်ဆိုတာကို  သိရှိလိုတယ်ဆိုရင် ဖော်ပြပါ နည်းလမ်းနှစ်မျိုးနဲ့ သိရှိနိုင်မှာ ဖြစ်ပါတယ်။ ဆော့ဖ်ဝဲတွေကို ဖော်ပြတဲ့အခါမှာ ထည့်သွင်းထားတဲ့ ဆော့ဖ်ဝဲအမည်နဲ့ ဗားရှင်းတွေကို  notepad နဲ့ ဖော်ပြပေးမှာ ဖြစ်ပါတယ်။ ဒီလို ကြည့်ရှုခြင်းအားဖြင့်  နေ့စဉ် ကိုယ်သုံးစွဲနေရတဲ့ ဆော့ဖ်ဝဲတွေကို မှတ်တမ်းတင်ပေးထား နိုင်မှာဖြစ်ပြီး မတော်တဆ ဆော့ဖ်ဝဲတွေကို Uninstall ပြုလုပ်မိတဲ့ အခါမျိုးမှာ အဆိုပါ list ကနေ ပြန်လည်ကြည့်ရှုပြီး ထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။


Software list တွေကို ကြည့်ရှုဖို့အတွက် Win + R နဲ့ Run box ကို ခေါ်လိုက်ပါ။ ပြီးရင် Command Prompt ကို ဖွင့်မှာဖြစ်တဲ့အတွက် cmd ဆိုတဲ့ command ကို ရိုက်ထည့်ရမှာဖြစ်ပါတယ်။ Command Prompt ထဲကို ရောက်ပြီဆိုရင် ဖော်ပြထားတဲ့ command ကို Command prompt ထဲမှာ ရိုက်ထည့်ပေးရမှာ ဖြစ်ပါတယ်။  wmic /output:D:\InstalledSoftwareList.txt product get name,version ဆိုတဲ့ command ကို ရိုက်ထည့်လိုက်ပါ။

ပြီးသွားရင် ခေတ္တစောင့်ပေးရပါမယ်။ လုပ်ငန်းစဉ် ပြီးဆုံးသွားပြီဆိုရင် Partition D: ကိုဖွင့်လိုက်ပါ။ အဆိုပါ partition ထဲမှာ Installed Software List.txt ဆိုတဲ့ text file ကိုတွေ့ရပါမယ်။ အဆိုပါဖိုင်ကိုဖွင့်ပြီး ထည့်သွင်းထားတဲ့ software list ကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

နောက်ထပ် နည်းလမ်းတစ်ခုကတော့ Power Shell ကနေ ကြည့်ရှုနိုင်မယ့် နည်းလမ်းဖြစ်ပါတယ်။ Power Shell ကို အသုံးပြုဖို့အတွက် Win + R နဲ့ run box ကိုခေါ်လိုက်ပါ။ Run box ကျလာရင် powershell ဆိုတဲ့ command ကို ရိုက်ထည့်ပေးရပါမယ်။ အဆိုပါ command ကို ရိုက်ထည့်ပြီးရင် ok ကို နှိပ်လိုက်ပါ။ Power shell ပွင့်လာပါလိမ့်မယ်။

Power Shell မှာအသုံးပြုရမယ့် command ကတော့ GetWmiObject -Class Win32_Product | Select-Object -Property Name > D:\InstalledSoftwareList.txt ဆိုတဲ့ command ပဲ ဖြစ်ပါတယ်။ အဆိုပါ command ကို ထည့်သွင်းပြီးသွားရင် Drive D: ထဲမှာ Installed Software list.txt ဆိုတဲ့ ဖိုင်ကို တွေ့ပါလိမ့်မယ်။ အထက်ပါ နည်းလမ်းနှစ်မျိုးထဲက နှစ်သက်ရာကို ရွေးချယ်ပြုလုပ် နိုင်ပါတယ်။



Credit ကိုသီဟ



Thank You !

ရောင်ပြန်လေး(နည်းပညာ)

www.yplitshare.org


BlockAdz





Leave a Reply

အဆင်မပြေတာများ ၊ လိုချင်တာများရှိရင်မှာခဲ့ပါ။

ကျွန်တော့်ရဲ့ရေးဖော်ရေးဖက်များ

Yaung Pyan Lay (ရောင်ပြန်လေး နည်းပညာ)
ဂျူးကလေး(ရောင်ပြန်လေး စာပေ)
Mr Yaung Pyan (Golden Myanmar)
ကိုမြတ် ( MICT Garden)
ငွေဇင်မိုး (ငွေဇင်မိုး မုံရွာ)
Aung Ko Latt (Aung Ko Latt စွယ်စုံ)
Maung Pauk (မောင်ပေါက်နည်းပညာ)
CKKH(နည်းပညာ)

Subscribe to Posts | Subscribe to Comments

@Copy Right 2016 / Designe By ရောင်ပြန်လေး(နည်းပညာ) / Power By Yaung Pyan Lay

- Copyright © 2025 ​ရောင်​ပြန်​​လေး - Hatsune Miku - Powered by Blogger - Designed by Johanes Djogan -