ရေးသားသူ : Christ Leo Sunday, February 19, 2017



သင့်ရဲ့ကွန်ပျူတာမှာရှိနေတဲ့  File ဒါမှမဟုတ် Folder တစ်ခုခုကို ဖျောက်ချင်တယ်ဆိုရင် Hide လုပ်ပြီးဖျောက်ပစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီလိုလုပ်တာက Control Panel ထဲဝင်ပြီး Show Hidden File လုပ်လိုက်ရင်  ပြန်လည်တွေ့မြင်ရမှာပါ။ ဒါကြောင့် ကျွန်တော့်အနေနဲ့ ကွန်ပျူတာတစ်ခုထဲက ဖိုင်တစ်ခုကို မိမိသာတွေ့မြင်နိုင်အောင် ဖျောက်နိုင်တဲ့ နည်းလမ်းတစ်မျိုးကိုဖော်ပြပေးမှာပါ။
ဒါပေမယ့် ဒီနည်းလမ်းက သင်ထားရှိထားတဲ့ဖိုင်ရဲ့တည်နေရာကို အတိအကျသိဖို့လိုအပ်ပါတယ်။ ဥပမာ –  “D:\Data:\…” စသည်ဖြင့်ပါ။ ကျွန်တော်အစမ်းအနေနဲ့ ဒေတာ D:\ ထဲက အရာ “music” Folder ကိုဖျောက်ပြမှာပါ။ ဘေးမှာ Hide လုပ်ထားပေမယ့် Control Panel ထဲကနေ Show Hidden File ပြန်လုပ်လိုက်လို့ပြန်ပေါ်နေတဲ့ Lenovo ဆိုတဲ့ Folder ကိုတွေ့ရမှာဖြစ်ပါတယ်။
how-to1

ခုနကလို တည်နေရာကိုမှတ်သားထားပြီးပြီဆိုရင် Command Box ကို ခေါ်ရမှာပါ။ “Window Key + R” ကိုပေါင်းနှိပ်ပြီး Dialog Box မှာ Cmd လို့ရိုက်ထည့်လိုက်ပါ။ ပုံအတိုင်းပါပဲ။

how-to5

ပြီးရင်တော့ ကျလာတဲ့ Command Box မှာ အောက်ကကုဒ်ကို ရိုက်ထည့်လိုက်ရမှာဖြစ်ပါတယ်။
“attrib +s +h “ခုနကမှတ်ထားတဲ့ File တည်နေရာ” ”
အထက်ပါကုဒ်ထဲက “မှတ်ထားတဲ့ File တည်နေရာ” ဆိုတာကတော့ သင်ဝှက်ထားလိုတဲ့ ဖိုင်ရဲ့နေရာကိုဆိုလိုတာပါ။ ဥပမာ –  “D:\Data:\…” အောက်ပါပုံမှာကြည့်ရှုနိုင်ပါတယ်။

how-to2

ရိုက်ပြီး Enter ခေါက်လိုက်လို့ ဖိုင်ကိုတွေ့ပြီး လုပ်ငန်းစဉ်အောင်မြင်လို့ရှိရင် Command Box က ဘာမှပြောမှမဟုတ်ပဲ  Code မှားရေးတာပဲဖြစ်ဖြစ်၊ ဖိုင်ကိုမတွေ့တာပဲ ဖြစ်ဖြစ် ဖြစ်နေရင်တော့ ဒီအတိုင်းပြမှာပါ။

how-to3

ကျွန်တော် D:\ နဲ့ Music ကြားမှာ Space ခြားလိုက်လို့ပဲ ဖြစ်ပါတယ်။ သတိထားရမှာက ဖိုင်ရဲ့တည်နေရာကို Command ပေးတဲ့အခါမှာ “” နှစ်ခု (မျက်တောင်အဖွင့်အပိတ်) ကို ထည့်ရိုက်ပေးရမှာဖြစ်ပါတယ်။ တကယ်လို့ Command ပေးသွားတာ မှန်သွားပြီဆိုရင်တော့ ခုနက D:\ ထဲသွားပြီး Refresh လုပ်လိုက်ရင် Music Folder ကိုတွေ့ရတော့မှာမဟုတ်ပါဘူး။
အဲ့ဖျောက်ပြီးပြန်လိုချင်လို့ ပြန်ဖော်မယ်ဆိုရင်ရော…?
လွယ်ပါတယ်။ သင်ဖျောက်ထားခဲ့တဲ့ အတိုင်း Command Box က ကုဒ်မှာ +s +h အစား -s -h ဆိုပြီးပဲ ပြောင်းထည့်လိုက်ရင်ရပါပြီ။ ပုံပြထားပါတယ်။

how-to4

ဒါဆိုဖိုင်ကသင့်ရဲ့ မူလနေရာမှာပြန်ပေါ်နေတာကို တွေ့ရမှာပါ။
ကဲဒီလောက်ဆိုရင်တော့ မိတ်ဆွေတို့အနေနဲ့ သင့် PC Computer ထဲက ဖိုင်တွေကို၊ သူတစ်ပါး မမြင်နိုင်အောင်ဖျောက်ထားလို့ရပြီ ဖြစ်ပါတယ်။ ကွန်ပျူတာထဲက ဖိုင်တွေအပြင်၊ Hard Disk၊ Memory Stick တွေထဲက ဖိုင်တွေကို ဖျောက်ရာမှာလည်း ဒီလုပ်ဆောင်ချက်က အကျုံးဝင်ပါတယ်။
တစ်ခုသတိထားရမှာက သင့်ဖျောက်မယ့်ဖိုင်ရဲ့တည်နေရာအတိအကျကို သိနေဖို့လိုအပ်ပါတယ်။ မဟုတ်ရင်ဖျောက်ဖို့ တည်နေရာမေ့နေတာက ကိစ္စမရှိပေမယ့် ပြန်ဖော်တဲ့အခါမေ့နေရင်သွားပါပြီ။ ကဲ လွယ်ကူတာမို့ စမ်းကြည့်လိုက်ပါဦး။ File Location မမေ့ပါစေနဲ့နော်..

Credit>>>Joker (Akhayar)



Thank You !

ရောင်ပြန်လေး(နည်းပညာ)

www.yplitshare.org


BlockAdz





Leave a Reply

အဆင်မပြေတာများ ၊ လိုချင်တာများရှိရင်မှာခဲ့ပါ။

ကျွန်တော့်ရဲ့ရေးဖော်ရေးဖက်များ

Yaung Pyan Lay (ရောင်ပြန်လေး နည်းပညာ)
ဂျူးကလေး(ရောင်ပြန်လေး စာပေ)
Mr Yaung Pyan (Golden Myanmar)
ကိုမြတ် ( MICT Garden)
ငွေဇင်မိုး (ငွေဇင်မိုး မုံရွာ)
Aung Ko Latt (Aung Ko Latt စွယ်စုံ)
Maung Pauk (မောင်ပေါက်နည်းပညာ)
CKKH(နည်းပညာ)

Subscribe to Posts | Subscribe to Comments

@Copy Right 2016 / Designe By ရောင်ပြန်လေး(နည်းပညာ) / Power By Yaung Pyan Lay

- Copyright © 2025 ​ရောင်​ပြန်​​လေး - Hatsune Miku - Powered by Blogger - Designed by Johanes Djogan -