ရေးသားသူ : Christ Leo Saturday, January 14, 2017

ကွန်ပျူတာကို တစ်ဦးတည်း သုံးစွဲတာမဟုတ်ဘဲ အခြားသူများနဲ့ မျှဝေသုံးစွဲတဲ့ အခါမျိုးမှာ ကိုယ့်ရဲ့ folder တွေကို မတော်တဆ ဖျက်မိတာမျိုး၊ ကလေးတွေ ကွန်ပျူတာကို အသုံးပြုရင်း folder တွေကို ဖျက်မိတာမျိုး မဖြစ်စေရန်အတွက် Windows အတွင်းမှ Folder တွေကို delete ပြုလုပ်ခွင့် ပိတ်ထားနိုင်မှာ ဖြစ်ပါတယ်။
Folder တွေကို delete ပြုလုပ်ခွင့်ပိတ်ထားနိုင်ဖို့အတွက် ဖော်ပြပါ နည်းလမ်းအတိုင်းပြုလုပ်နိုင်ပါတယ်။
ပထမဆုံး delete မပြုလုပ်စေချင်တဲ့ folder ကို Right-click နှိပ်ပါ။ Properties ကိုရွေးချယ်ပြီး Security ဆိုတဲ့ Tab ကိုရွေးချယ်ပေးရပါမယ်။ Security အောက်ကိုရောက်ပြီဆိုရင် Advanced ဆိုတာကို နှိပ်လိုက်ပါ။
Advanced Security Settings ဆိုတဲ့ window ပေါ်လာရင် အပေါ်ဘက်နားလေးက Owner ဆိုတာရဲ့အနောက်က Change ဆိုတာကို နှိပ်ပေးရပါမယ်။ ဒါဆိုရင် Select User Group ဆိုတဲ့ window ပေါ်လာပါလိမ့်မယ်။ Advanced ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်ပါ။
ဒါဆိုရင် Delete permission ကို ပိတ်ထားချင်တဲ့ Windows account ဖြစ်ဖြစ် Microsoft account ကိုပဲဖြစ်ဖြစ် ရွေးချယ်ပေးပြီး Ok ဆိုတဲ့ခလုတ်ကို နှိပ်ရပါမယ်။
Ok ကို နှိပ်ပြီးရင် Advanced Security Settings ဆိုတဲ့ window နေရာကို ပြန်ရောက်လာပါလိမ့်မယ်။ Owner အောက်မှာ Replace owner on subcontainers and objects ဆိုတဲ့နေရာမှာ အမှန်ခြစ် ထည့်ပေးထားလိုက်ပါ။
ပြီးသွားရင် အဆိုပါ account ကို select ပြုလုပ်ပြီး view ဆိုတဲ့ ခလုတ်ကို နှိပ်ရမှာဖြစ်ပါတယ်။ ဒါဆိုရင် Permission Entry ဆိုတဲ့နေရာကို ရောက်ပါလိမ့်မယ်။ အဆိုပါ နေရာမှာ Permission နေရာမှာ Full Control ကို အမှန်ခြစ်ဖြုတ်ပြီး Ok ဆိုတဲ့ button ကို နှိပ်ပါ။
ဒါဆိုရင် Delete permission ပိတ်ထားတဲ့လုပ်ငန်းစဉ် ပြီးဆုံးပါပြီ။

Thank You !

ရောင်ပြန်လေး(နည်းပညာ)

www.yplitshare.org


BlockAdz





Leave a Reply

အဆင်မပြေတာများ ၊ လိုချင်တာများရှိရင်မှာခဲ့ပါ။

ကျွန်တော့်ရဲ့ရေးဖော်ရေးဖက်များ

Yaung Pyan Lay (ရောင်ပြန်လေး နည်းပညာ)
ဂျူးကလေး(ရောင်ပြန်လေး စာပေ)
Mr Yaung Pyan (Golden Myanmar)
ကိုမြတ် ( MICT Garden)
ငွေဇင်မိုး (ငွေဇင်မိုး မုံရွာ)
Aung Ko Latt (Aung Ko Latt စွယ်စုံ)
Maung Pauk (မောင်ပေါက်နည်းပညာ)
CKKH(နည်းပညာ)

Subscribe to Posts | Subscribe to Comments

@Copy Right 2016 / Designe By ရောင်ပြန်လေး(နည်းပညာ) / Power By Yaung Pyan Lay

- Copyright © 2025 ​ရောင်​ပြန်​​လေး - Hatsune Miku - Powered by Blogger - Designed by Johanes Djogan -