ရေးသားသူ : Christ Leo Saturday, January 14, 2017



ရန်ကုန်မြို့တွင်းအသစ်ပြေးဆွဲမဲ့ ဘတ်စ်ကားလိုင်းတွေကို စမတ်ဖုန်းကနေ အလွယ်တကူ ကြည့်ရှုနိုင်ဖို့အတွက် ဖန်တီးထားတဲ့ App တွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။ Online နဲ့ Offline ပုံစံနှစ်မျိုးစလုံးဖြင့် အသုံးပြုနိုင်မဲ့ App တွေဖြစ်ပြီး ပြေးဆွဲမယ့်ဘတ်စ်ကားလိုင်းဆိုင်ရာအချက် အလက်တွေကတော့ YBS ရဲ့ တရားဝင်ထုတ်ပြန်ထားချက်ကို အခြေခံပြီး ရေးဆွဲထားတာပါ။

Yangon Bus Info
၂ဝ၁၇ ခုနှစ်အတွင်း ပြေးဆွဲမည့် ဘတ်စ်ကားလိုင်းအချက်အလက်များကို အလွယ်တကူ ကြည့်ရှုနိုင်မည့် Offline App ဖြစ်သည်။ ဘတ်စ်ကားလိုင်းနံပါတ်စဉ်အလိုက် ပြေးဆွဲသည့်လမ်းကြောင်းကို ရှာဖွေကြည့်ရှုနိုင်မည်ပြီး အွန်လိုင်းချိတ်ဆက်အသုံးပြုပါက ပြေးဆွဲသည့် လမ်းကြောင်းမြေပုံများကိုပါ သိရှိနိုင်မည်ဖြစ်သည်။ အဆိုပါ app ကို Android version 4.0 နှင့်အထက်တွင် ထည့်သွင်း အသုံးပြုနိုင်မည်ဖြစ်ပြီး download ပြုလုပ်လိုသူများအနေဖြင့် ဖော်ပြပါ download link တွင် အခမဲ့ download လုပ်ယူနိုင်မည်ဖြစ်သည်။
သုံးသပ်ချက် - Offline အနေနဲ့ စတင်အသုံးပြုနိုင်မှာဖြစ်ပြီး နံပါတ်စဉ်အလိုက်တစ်မျိုးတည်းကိုသာ ကြည့်ရှုနိုင်ဖို့ ဖန်တီးထားတာတွေ့ရပါတယ်။ ကားလမ်းကြောင်းကို မြေပုံပေါ်ကနေ ကြည့်ရှုချင်တယ်ဆိုရင်တော့ အင်တာနက်ဖွင့်ပြီး အပေါ်ထောင့်နားက မြေပုံပုံစံ icon လေးကို နှိပ်ပြီး ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
>>>>Download<<<<
Yangon Bus (2017)



အွန်လိုင်းအခြေပြု App ဖြစ်ပြီး Offline အနေဖြင့် အသုံးပြုလိုပါက Offline Mode သို့ပြောင်းလဲ၍ App Data ကို Download ပြုလုပ်အသုံးပြုနိုင်မည်ဖြစ်သည်။ ကားလိုင်းအလိုက်ရှာဖွေကြည့်ရှုခြင်းနှင့် ပြေးဆွဲသည့် လမ်းကြောင်းအလိုက်ရှာဖွေကြည့်ရှုခြင်းများပြုလုပ်နိုင်မည်ဖြစ်သည်။ Online အနေဖြင့် အသုံးပြုပါက ပြေးဆွဲသည့် လမ်းကြောင်း၊ ကားလိုင်း မြေပုံများကိုပါ ကြည့်ရှုနိုင်မည်ဖြစ်ပြီး လူမှုမီဒီယာနှင့် အွန်းလိုင်းမှတစ်ဆင့် အချက်အလက်များကို အလွယ်တကူမျှဝေနိုင်ရန် ဖန်တီးထားသည်။ အဆိုပါ app ကို Android version 2.0 နှင့်အထက်တွင် ထည့်သွင်း အသုံးပြုနိုင်မည်ဖြစ်ပြီး download ပြုလုပ်လိုသူများအနေဖြင့် ဖော်ပြပါ download link တွင် အခမဲ့ download လုပ်ယူနိုင်မည်ဖြစ်သည်။
သုံးသပ်ချက် - စတင်အသုံးပြုဖို့အတွက် အင်တာနက်ကော်နက်ရှင်လိုအပ်မှာဖြစ်ပြီး Offline အနေနဲ့ သုံးဖို့အတွက် အွန်လိုင်းဖွင့်ပြီး Download ပြုလုပ်ထားမှသာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Online နဲ့ Offline ပြောင်းလဲမှုတွေက သာမန်သုံးစွဲသူအတွက် အနည်းငယ်ရှုပ်ထွေးပေမယ့် ကားလမ်းကြောင်းတွေကို မြေပုံနဲ့ ကြည့်ရှုနိုင်တာက သဘောကျစရာပါ။ အခြား App ကြော်ငြာ တွေကို ထည့်သွင်းထားတာတွေ့ရပါတယ်။


>>>>Download<<<<
Yangon Bus Guide

ပြေးဆွဲမည့် ဘတ်စ်ကားလိုင်းအရောင်အလိုက်နှင့် ပြေးဆွဲသည့်လမ်းကြောင်းများကို ဖော်ပြပေးထားပြီး ဘတ်စ်ကားလိုင်းနံပါတ်အလိုက်၊ မှတ်တိုင်အလိုက်ရှာဖွေကြည့်ရှုနိုင်သည်။ ပြေးဆွဲသည့်လမ်းကြောင်း ရိုက်ထည့်၍လည်း ရှာဖွေကြည့်ရှုနိုင်ပြီး ဇော်ဂျီနှင့် ယူနီကုတ်ဖောင့်စနစ်နှစ်မျိုးလုံးအတွက် အဆင်ပြေအောင် ဖန်တီးပေးထားသည်။။ အဆိုပါ app ကို Android version 4.0.3 နှင့်အထက်တွင် ထည့်သွင်း အသုံးပြုနိုင်မည်ဖြစ်ပြီး download ပြုလုပ်လိုသူများအနေဖြင့် ဖော်ပြပါ download link တွင် အခမဲ့ download လုပ်ယူနိုင်မည်ဖြစ်သည်။
သုံးသပ်ချက် - Offline အနေနဲ့အသုံးပြုနိုင်တဲ့အပြင် search ကနေ အလွယ်တကူ ရှာနိုင်အောင် ဖန်တီးပေးထားပြီး ဘတ်စ်ကားလိုင်းတွေကို အရောင်အလိုက် ရှာဖွေကြည့်ရှုနိုင်မှာဖြစ်တဲ့အပြင် ဘတ်စ်နံပါတ်အလိုက်၊ မှတ်တိုင်အလိုက်လည်း လမ်းကြောင်းတွေကို ကြည့်နိုင်မှာဖြစ်ပြီး အပေါ်က App နှစ်ခုလိုမျိုး မြေပုံစနစ်နဲ့ ချိတ်ဆက်ထားခြင်းတော့မရှိပါဘူး။

>>>>Download<<<<

Thank You !

ရောင်ပြန်လေး(နည်းပညာ)

www.yplitshare.org


BlockAdz





Leave a Reply

အဆင်မပြေတာများ ၊ လိုချင်တာများရှိရင်မှာခဲ့ပါ။

ကျွန်တော့်ရဲ့ရေးဖော်ရေးဖက်များ

Yaung Pyan Lay (ရောင်ပြန်လေး နည်းပညာ)
ဂျူးကလေး(ရောင်ပြန်လေး စာပေ)
Mr Yaung Pyan (Golden Myanmar)
ကိုမြတ် ( MICT Garden)
ငွေဇင်မိုး (ငွေဇင်မိုး မုံရွာ)
Aung Ko Latt (Aung Ko Latt စွယ်စုံ)
Maung Pauk (မောင်ပေါက်နည်းပညာ)
CKKH(နည်းပညာ)

Subscribe to Posts | Subscribe to Comments

@Copy Right 2016 / Designe By ရောင်ပြန်လေး(နည်းပညာ) / Power By Yaung Pyan Lay

- Copyright © 2025 ​ရောင်​ပြန်​​လေး - Hatsune Miku - Powered by Blogger - Designed by Johanes Djogan -