ရေးသားသူ : Christ Leo Thursday, September 15, 2016

HTML Table

ဒီအခန်းမှာတော့ HTML Table တွေတည်ဆောက်ပုံကိုရှင်းပြသွားပါမယ်၊ အရေးကြီးပါတယ်၊ သင့်ဝက်ဆိုက်တစ်ခုလုံးကို HTML Table တွေနဲ့ပဲ 

တည်ဆောက်နိုင်ပါတယ်၊ Table တွေကိုတည်ဆောက်ရာမှာ <table> အဖွင့်နဲ့ </table> အပိတ် tags တွေကိုအသုံးပြုပြီးတည်ဆောက်ရပါတယ်၊ ပြီးရင် 

table row တွေကိုတည်ဆောက်ရတယ်၊ ဒီ့အတွက် သုံးရမှာကတော့ <tr> အဖွင့်နဲ့ </tr> အပိတ်တို့ပါ၊ သူတို့ကတော့ 

အလျှာလိုက်အတန်းတွေကိုဖြစ်ပေါ်စေပါတယ်၊ ပြီးရင်တော့ table data တွေကိုတည်ဆောက်ရပါတယ်၊ table data တွေကိုတည်ဆောက်ဖို့သုံးတဲ့ HTML 

Tag ကတော့ <td> အဖွင့်နဲ့ </td> အပိတ်တို့ပါ၊ ရှုပ်မသွားအောင်တစ်ဆင့်စီစပြီးရှင်းသွားမယ်၊

ပထမအဆင့်

 table တစ်ခုကိုတည်ဆောက်ဖို့အတွက် HTML table tags တွေဖြစ်တဲ့ <html> နဲ့ </html> တို့ကိုရေးရမယ်၊ အောက်က အတိုင်း

<table>

</talbe>

ဒုတိယ အဆင့်

table တစ်ညဆောက်ဖို့အတွက် အရင်ဆုံး table row တစ်ခုကိုတည်ဆောက်လိုက်မယ်၊ table row တွေက သင့်ရဲ့ table မှာအလျှားလိုက်ပုံစံမျိုးရှိတယ်၊ 

အခု row တစ်ခုပဲတည်ဆောက်ကြည့်မယ်၊ ဒီ့အတွက် <tr> အဖွင့်နဲ့ </tr> အပိတ်တို့ကိုရေးမယ်၊ အောက်က အတိုင်း၊

<table>

<tr>

</tr>

</table>

အထက်က လို table row ကိုတည်ဆောက်ပြီးသွားရင် table data ကိုတည်ဆောက်မယ်၊

တတိယအဆင့်  

table data ကိုတည်ဆောက်ဖို့အတွက် <td> အဖွင့်နဲ့ </td> အပိတ်တို့ကိုထည့်ရမယ်၊ အောက်က အတိုင်း

<table border= "1">

<tr>

<td> </td>

</tr>

</table>

အထက် က အတိုင်းရေးလိုက်ရင်တော့ table row တစ်ခုနဲ့ table data တစ်ခုတို့ပါတဲ့ table ကိုတည်ဆောက်ပြီးသွားပါပီ၊  ကြည့်ရတာ 

အဆင်ပြေသွားအောင် table data ထဲမှာ စာတစ်ကြောင်းလောက်ရေးလိုက်ပါ၊ <td> Arsenal </td> လို့ရေးလိုက်၊ ဒါဆိုရင်အောက်က ပုံအတိုင်း table data ထဲမှာ စာတစ်ကြောင်းလောက်ရေးလိုက်ပါ၊ <td> Arsenal </td> လို့ရေးလိုက်၊ ဒါဆိုရင်အောက်က ပုံအတိုင်း table တစ်ခုကိုရမယ်၊

အထက်က လို table တစ်ခု ရပီ ဒါပေမယ့် မလှသေးဘူး၊ (ဟေ့ လှဖို့တော့မပူနဲ့ 72coder က သင့်ကို dynamic website တွေဆွဲတဲ့နည်းပါသင်ပေးမှာ၊ 

လှလွန်းလို့ သင့်ဝက်ဆိုက်က အသက်တွေတောင်ဝင်လာစေရမယ်၊ အခု တော့ အခြေခံ ဖြစ်တဲ့ HTML အဆင့်ကိုလေ့လာနေတာဆိုတော့ စိတ်ရှော့ထားဦး) 

အထက်မှာ table tage ကို Attribute အဖြစ် border = “1” ထည့်ထားတယ်၊ သူမပါရင် table တော့ဖြစ်တယ် ဒါပေမယ့် ဇယားကွက်ကိုမြင်ရမှာမဟုတ်လို့ ၊

သင် ဇယားကွက်ရဲ့ border တွေကိုကြီးချင်တယ်ဆိုရင်လဲ ကြီးနိုင်ပါတယ်၊

အထက်က table ကိုပဲ table data တစ်ခုထပ်ထည့်ကြမယ်၊ <td>VS</td> လို့ထည့်လိုက်အောက်က အတိုင်း

<table border= "1">

<tr>

<td>Arsenal</td>

<td>VS</td>

</tr>

</table>

အထက်က အတိုင်း ရေးပြီး Run လိုက်ရင်အောက်က ပုံမျိုးရရှိမယ်၊
အထက်က ပုံမျိုးရရှိရင်ဖြင့်နောက်ထပ် table data ထပ်ထည့်အုံးမယ်၊ <td>Cheasel</td> လို့ထည့်လိုက်၊ အောက်က အတိုင်း၊

<table border= "1">

<tr>

<td>Arsenal</td>

<td>vs</td>

<td>Cheasel</td>

</tr>

</table>

အထက်က အတိုင်းရေးလိုက်ရင် ဖြင့် အောက်က ပုံအတိုင်း သင့်ဆွဲလိုက်တဲ့ table ကိုရရှိမယ်၊
အထက်က မှာ သင်ပေးခဲ့တဲ့ပုံမှာ <tr> ဆိုတဲ့ table row tags ကိုတစ်ခါပဲသုံးခဲ့တယ်၊ ဒါကြောင့် အလျှားလိုက်တစ်ကြောင်းပဲ ရှိတယ်၊ ဒါပေမယ့် table data

ဆိုတဲ့ html tag ကိုတော့ သုံးကြိမ်တောင်သုံးခဲ့တယ်၊ ဒါကြောင့် column ၃ ခုရှိနေတာ၊ သေချာမှတ်ပါ၊ table row က 

အလျှားလိုက်အတန်းရှည်ကိုကိုစားပြုပြီး table data က column တွေကိုကိုစားပြုတယ်ဆိုတာ၊

အခု အထက်က ကုတ်ကိုပဲ နောက်ထပ် table row တစ်ခုနဲ့ table data သုံးခု ထပ်ထည့်ကြည့်မယ်၊ table rwo အသစ်ထည့်ဖို့အတွက် အောက်က 

အတိုင်းရေး

<tr>

<tr>

အထက်ကအတိုင်း  table row ထည့်ပြီးသွားရင် table data သုံးခုထည့်မယ်၊ အောက်မှာ နာမည်တွေနဲ့ တကွ

<tr>

<td> liverpool </td>

<td> vs </td>

<td> Manchester U </td>

</tr>

အထက်က အတိုင်း table rwo သုံးခုနဲ့ table data သုံးခုကိုထည့်ပြီးသွားရင်ဖြင့် သူတို့ကို အထက်မှာရေးခဲ့တဲ့ table ရဲ့ </tr> 

အပိတ်အောက်မှာသွားထည့် အောက်က အတိုင်း၊

<html>

<head>

<title>Firstwebpage</title>

</head>

<body>

<table border= "1">

<tr>

<td>Arsenal</td>

<td>vs</td>

<td>Cheasel</td>

</tr>

<tr>

<td> liverpool </td>

<td> vs </td>

<td> Manchester U </td>

</tr>

</table>

</body>

</html>

အထက်က အတိုင်း အားလုံးရေးပြီးသွားရင် အောက်က ပုံအတိုင်းအဖြေထွက်မယ်၊
အထက်က ဥပမာ မှာ table row နှစ်ခုဖြစ်သွားတယ်၊ ဒါကြောင့် အလျှားလိုက် မျဉ်း နှစ်ကြောင်းပါလာတာ၊ table data ကတော့ အားလုံးပေါင်း 6 

ခု၊ ပထမ table rwo ထဲမှာ သုံးခု၊ ဒုတိယ table row ထဲမှာသုံးခု

အထက်က ဥပမာ ကတော့ table row နဲ့ table data တည်ဆောက်ပုံပါ၊ ဒါပေမယ့် တကယ် မပြည်စုံးသေးဘူး၊ table တွေက တကယ့်ကို 

တည်ဆောက်ရတာ လွယ်တယ်၊ ဒါပေမယ့် table nesting လုပ်တဲ့အခါ မရောသွားအောင်သတိထားရမယ်၊ အထက်က ဥပမာ မှာ table ထဲမှာပဲ 

border ထည့်ထားတယ်၊ အကျယ် တွေ အမြင့် တွေဖြစ်တဲ့ attribute တွေလဲထည့်လို့ရတယ်၊ အထက်က <table > အဖွင့်နဲ့ </table> ပိတ်က

အဖွင့်မှာ width = “400” လို့ထည့်လိုက်ကြည့်ပါ၊ <table width = “400”> ဒါဆိုရင်တော့  table အရွယ် အစား 

ပိုကျယ်သွားတာကိုတွေ့ရမယ်၊ အောက်က အတိုင်း၊

အထက်က ဥပမာမှာပဲ ပေါ်ဆုံးမှာ နောက်ထပ် table rwo တစ်ခုနဲ့ table data တစ်ခုထပ်ထည့်မယ်၊ အခု table rwo ကိုစထည့်မယ်၊ အောက်က 

အတိုင်း

<tr>

</tr>

အထက်က လို table row ကိုထည့်ပြီးသွားရင် table data ကိုထပ်ထည့်မယ်၊ သုံခုနော် အောက်က အတိုင်း

<tr>

<td> a </td>

<td> Tonight Matches </td>

<td> </td>

</tr>

အထက်မှာတော့ table rwo တစ်ခုနဲ့ table data တစ်ခုတို့ကိုထပ်ထည့်လိုက်ပြီ၊ အခု အဲ့ဒီ့ ကုတ်တွေကို ပေါ်က ကုတ်တွေအားလုံးရဲ့ အဖွင့် <table 

width= “400” border= “1”> ရဲ့ အောက်မှာသွားထည့်လိုက် အောက်က အတိုင်း၊

<html>

<head>

<title>Firstwebpage</title>

</head>

<body>

<table width= "400"border= "1">

<tr>

<td> a </td>

<td> Tonight Matches </td>

<td> b</td>

<td> </td>

</tr>



<tr>

<td>Arsenal</td>

<td>vs</td>

<td>Cheasel</td>

</tr>

<tr>

<td> liverpool </td>

<td> vs </td>

<td> Manchester U </td>

</tr>

</table>

</body>

</html>

အထက်က HTML Document ကို Run လိုက်ရင်ဖြင့် အောက်က အတိုင်း သင့်ဝက်ဆိုက်ရဲ့စာမျက်နှာကိုရမယ်၊
နောက်တစ်ခန်းမှာ table တွေနဲ့ ပတ်သတ်တဲ့ အခြားနည်းပညာတွေကိုလဲလေ့လာကြပါမယ်
ယခုဘလော့သည်မိတ်ဆွေများထံမှပြန်လည်မျှဝေထားပါသည်
ကျွန်တော်ပိုင်နေရာလေးများ
ရောင်ပြန်လေးစာပေသို့ဒီမှာသွားပါ
18+တို့ဆုံဆည်းရာသိုဒီမှာသွားပါ
****အဆင်မပြေမှု့တစ်စုံတစ်ရာရှိပါက****
 
Facebook Account ဖြစ်တဲ့

အောက်ပါပုံလေးကိုနှိပ်ပြီးဝေဖန်အကြံပေးနိုင်ပါတယ်
https://www.facebook.com/yaungpyan.tec

****ကျွန်တော့်ရဲ့ ရောင်ပြန်လေး(နည်းပညာ)Page ကို Like နှိပ်ထားပါဦး****
https://www.facebook.com/yaungpyanlaytechnology/
@@@@စာပေ၀ါသနာပါရင်ကျွန်တော့်ရဲရောင်ပြန်လေး-စာပေ PageကိုLikeနှိပ်ထားပါဦး@@@@
https://www.facebook.com/yaungpyanebook/

Leave a Reply

အဆင်မပြေတာများ ၊ လိုချင်တာများရှိရင်မှာခဲ့ပါ။

ကျွန်တော့်ရဲ့ရေးဖော်ရေးဖက်များ

Yaung Pyan Lay (ရောင်ပြန်လေး နည်းပညာ)
ဂျူးကလေး(ရောင်ပြန်လေး စာပေ)
Mr Yaung Pyan (Golden Myanmar)
ကိုမြတ် ( MICT Garden)
ငွေဇင်မိုး (ငွေဇင်မိုး မုံရွာ)
Aung Ko Latt (Aung Ko Latt စွယ်စုံ)
Maung Pauk (မောင်ပေါက်နည်းပညာ)
CKKH(နည်းပညာ)

Subscribe to Posts | Subscribe to Comments

@Copy Right 2016 / Designe By ရောင်ပြန်လေး(နည်းပညာ) / Power By Yaung Pyan Lay

- Copyright © ​ရောင်​ပြန်​​လေး - Hatsune Miku - Powered by Blogger - Designed by Johanes Djogan -