- မူရင်းစာမျက်နှာ »
- Other Webdeveloper Lesson »
- html_11
ရေးသားသူ : Christ Leo
Thursday, September 15, 2016
Iframe
ဒီသင်ခန်းစာမှာတော့ Iframe နဲ့ မိတ်ဆက်ပေးပါမယ်၊ Iframe က သင့်ဝက်ဆိုက်မှာ တစ်ခြား ၀က်ဆိုက်တစ်ခုကိုဖော်ထည့်သွင်း ဖော်ပြရာမှာသုံးတယ်၊
လွယ်တာတော့ လွယ်ပါတယ်၊ အသုံးများတာကတော့ ခုနောက်ပိုင်းမှာ ကုတ်တွေကသင်ပြတဲ့ သခန်း စာတွေမှာ Iframe ကိုသုံးကြတယ်၊ ရှေ့
သင်ခန်းစာမှာရေးခဲ့တဲ့ htmllayout ဆိုတဲ့ စာမျက်နှာကို firstwebpage ဆိုတဲ့စာမျက်နှာထဲမှာ ဖော်ပြကြည့်မယ်၊
Iframe ရဲ့တည်ဆောက်ပုံက <iframe src = “”></iframe> အဖွင့် <iframe> နဲ့ အပိတ် </iframe> တို့ကိုပဲ သုံးရတာပါ၊ သူတို့ကိုသုံးတဲ့အခါ Attribute
ပါမှာကိုသုံးလို့ရမယ်၊ ဒီ့အတွက် Attribute ဖြစတဲ့ scr = “” ကိုသုံးတယ်၊ နှစ်ထပ်ကော်မာ အဖွင့်အပိတ်ထဲမှာ သင်ဖော်ပြလိုတဲ့ ၀က်ဆိုက်နာမည်ကို
ဖော်ပြနိုင်နိုင်တယ်၊ အောက်မှာ တော့ htmllayout.html ဆိုတဲ့ ၀က်စာမျက်နှာကို firstwebpage.html ဆိုတဲ့စာမျက်နှာမှာဖေါ်ပြမယ်၊ ဒီတော့ <iframe
အဖွင့်မှာ src = “” ထည့်မယ်၊ နှစ်ထပ် ကောင်မာ အဖွင့်အပိတ်ထဲမှာမှ ဖော်ပြလိုတဲ့ ၀က်ဆိုက်ရဲ့ URL ကိုထည့်မယ်၊ အောက်မှာကြည့်ပါ၊
<html>
<head>
<title>Firstwebpage</title>
</head>
<body>
what is this website name <br/>
hey buddy have a look at this site , it is my WOW website. i am sure you will go crazy for it.
<iframe src= "htmllayout.html"> </iframe>
</body>
</html>
အထက်က ကုတ်ကို Run ကြည့်လိုက်ရင်တော့ Iframe ထဲမှာ “htmllayout.html” ဆိုတဲ့စာမျက်နှာကိုတွေ့ရမှာပါ၊
Iframe ရဲ့ အမြင့် နဲ့ အကျယ်ကို လဲ Attributes တွေသုံးပြီး ပြုပြင်နိုင်တယ်၊ အခု height ကို 200 လို့ထားပြီး width ကို 500 လို့ထားလိုက်မယ် အောက်က
အတိုင်း
<iframe src= "htmllayout.html" width= "500" height= "200"> </iframe>
အထက်မှာပြထားတဲ့ကုတ်ကို အပေါ်ဆုံးက ကုတ်ထဲရဲ့ iframe နေရာမှာထည့်ပြီးပြောင်းလိုက်၊ ဒါဆိုရင် တော့ အမြင့် နဲ့ အကျယ်ပြောင်းသွားတဲ့ iframe
ပုံစံကိုတွေ့ရမယ်၊ ဒီလိုပဲ iframe ရဲ့ border တွေကိုလဲဖျောက်ထားနိုင်တယ်၊ ကြိုက်တဲ့ အရွယ်အစားချိန်နိုင်တယ်၊ သုံးရမယ့် Attribute က iframeborder =
“” လို့သုံးရမယ်၊ ဘော်ဒါတွေကိဖျောက်ထားချင်ရင် နှစ်ထပ် ကော်မာထဲမှာ 0 သုံးညလို့ထည့်လိုက်၊
(အရွယ်အစားပြောင်းချင်ရင် ပြောင်းချင်တဲ့အရွယ်အစားကို ရေးထည့်လိုက်) အောက်မှာကြည့်၊
<iframe src= "htmllayout.html" width= "500" height= "200" iframeborder= “0”> </iframe>
အထက်က အတိုင်းဆိုရင် Iframe ရဲ့ border ပျောက်ကသွားမှာပါ၊
<iframe ကို Traget Link အနေနဲ့ လဲသုံးလို့ရပါတယ်၊ အောက်က ဥပမာ ကို ရေးပြီးလေ့လာကြည့်ပါ၊
<iframe src="demo_iframe.htm" name="iframe_a"></iframe>
<p><a href="http://www.73coder.com" target="iframe_a">72coder.com</a></p>
ယခုဘလော့သည်မိတ်ဆွေများထံမှပြန်လည်မျှဝေထားပါသည်
ကျွန်တော်ပိုင်နေရာလေးများ
ရောင်ပြန်လေးစာပေသို့ဒီမှာသွားပါ
18+တို့ဆုံဆည်းရာသို့ဒီမှာသွားပါ
****အဆင်မပြေမှု့တစ်စုံတစ်ရာရှိပါက****
Facebook Account ဖြစ်တဲ့
အောက်ပါပုံလေးကိုနှိပ်ပြီးဝေဖန်အကြံပေးနိုင်ပါတယ်