- မူရင်းစာမျက်နှာ »
- Computer Computer Knowledge »
- Windows Script Host Error ဖြေရှင်းခြင်း
ရေးသားသူ : Christ Leo
Friday, July 22, 2016
ကျတော်တို့ Windows မှာ တစ်ခါတစ်လေ အောက်ပါပုံအတိုင်း
Windows Script Host access is disabled on this machine….
ဆိုပြီး Error မျိုး ကြုံဖူးကြပါလိမ့်မယ်။
Windows Script Host သို့တည်းမဟုတ် WSH ဆိုတာကတော့
Script နဲ့ ပတ်သက်တဲ့ Batch ဖိုင်တွေကိုကောင်းမွန်စွာ Run
နိုင်ရန်အတွက် Mircorsoft ရဲ့ နည်းပညာတစ်ခုပါ။ ထို Script
တွေကို Desktop ကနေ Double Click ဖြင့် Run နိုင်သလို
CMD ကနေလည်း Run နိုင်ပါတယ်။ ထိုသို့ Run နိုင်ဖို့အတွက်
ကိုလည်း Windows Based ဖြစ်တဲ့ wscript.exe သို့မဟုတ်
Shell Based ဖြစ်တဲ့ cscript.exe အနေဖြင့်လည်း Run ကြပါတယ်။
ဒီလိုကြုံလာပြီးဆိုရင်တော့
ကျတော်တို့က ဘယ်ကနေသွားရှင်းရမလည်း ဆိုတော့ အရင်ဆုံး
Keyboard ကနေ Run Box ကို ခေါ်လိုက်ပါမယ်။ ထို့နော်တော့
အထက်ပါပုံအတိုင်း “regedit” ဆိုပြီး ရိုက်၍ Registry Editor ကို
သွားလိုက်ပါမယ်။ ပြီးရင်တော့ သွားရမယ့်လိပ်စာက
HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows Script Host\
Settings ထဲမှာ လက်ရှိဖြစ်နေတဲ့ Enabled ကို Double Click နှိပ်လိုက်ပါမယ်။
ပြီးသွားရင်တော့
လက်ရှိတန်ဖိုး 0 ဖြစ်နေတာကို 1 အဖြစ်ပြောင်းလဲပြီး OK နှိပ်လိုက်ပါမယ်။
နောက်ထပ်တစ်နည်းကတော့ CLI Mode ကနေ လုပ်ဆောင်ရတဲ့နည်း
ဖြစ်ပါတယ်။ ဒီတော့ ကျတော်တို့က Command Prompt ကိုခေါ်ဖို့အတွက်
Run Box ထဲကနေ “cmd” လို့ရိုက်လိုက်ပါမယ်။ ပြီးသွားရင်တော့
ရိုက်ရမယ့် Command က
reg query “HKLM\Software\Microsoft\Windows Script Host\Settings” /s
ဖြစ်ပါတယ်။ ပြီးသွားရင်တော့ Enter ခေါက်လိုက်ရုံပါပဲ….
ပြီးသွားရင်တော့ ကျတော်တို့က မိမိကွန်ပျူတာကို Restart ချပြီးပြန်တက်
လိုက်ရင် ထို Error ပျောက်သွားမှာဖြစ်ပါတယ်။ အားလုံးအဆင်ပြေမယ်လို့
ယုံကြည်မျှော်လင့်ပါတယ်။
Credit >>>ဦးဇာနည်
အခြားPostများကြည့်လိုပါကအပေါ်က Menu မှာကြည့်လို့ရပါတယ်နော်
ကျွန်တော်ပိုင်နေရာလေးများ
ရောင်ပြန်လေးစာပေသို့ဒီမှာသွားပါ
18+တို့ဆုံဆည်းရာသို့ဒီမှာသွားပါ
****အဆင်မပြေမှု့တစ်စုံတစ်ရာရှိပါက****
Facebook Account ဖြစ်တဲ့
အောက်ပါပုံလေးကိုနှိပ်ပြီးဝေဖန်အကြံပေးနိုင်ပါတယ်