ရေးသားသူ : Christ Leo Friday, July 22, 2016



မင်္ဂလာပါ… ကျတော်ဒီကြောင်းအရာကို ပြောဖို့အတွက် တော်တော်လေး စဉ်းစားခဲ့ရပါတယ်။ ဘာလို့လည်း ဆိုတော့ IT လောကမှာ IT သမားတစ်ယောက် ဥပဒေရဲ့ အကြောင်းအရာတွေနဲ့ ယှဉ်ပြီး ပြောလာတဲ့အခါမှာ ဥပဒေအကြောင်း အသေအချာနားလည်ပြီး ဥပဒေဖက်ကနေ လုပ်ကိုင်နေကြတဲ့ ဆရာကြီး တွေရဲ့အမြင်၊ ဥပဒေ နဲ့ ပတ်သက်ပြီး လုပ်ကိုင်နေကြတဲ့ သူတွေအားလုံးရဲ့ အမြင်မှာ ကျတော့်ကို အမြင် တစ်မျိုးဖြစ်မှာလည်း စိုးရိမ် မိပါတယ်။ ဒါပေမယ့်လည်း ကျတော် မပြောမဖြစ်မို့လို့ ပြောရပါမယ်။ ဘာလို့ လည်းဆိုတော့ ကျတော်တို့ IT လောကမှာက တစ်ခြားလောကတွေလို Limitation မရှိလို့ ဖြစ်ပါတယ်။ ဘာကြောင့် Limitation မရှိသလည်း ဆိုတော့ နည်းပညာဆိုတာ ဘယ်တော့မှ ရပ်တန့်သွားတဲ့ အရာမဟုတ်လို့ပါပဲ၊ လေ့လာလေ မကုန်ခမ်း လေဖြစ် ပါတယ်။ အထူးသဖြင့် ဒီရက်ပိုင်းမှာတွေ့မြင်နေရတဲ့ ဆက်သွယ်ရေးဥပဒေ၊ အီလက်ထရောနစ်ဥပဒေ တွေနဲ့ တရားစွဲဆိုခြင်းဆိုတာတွေ အဖြစ်များလာတာ ကိုတွေ့မြင်ရသလို၊ နောင်များတွင်လည်း မြန်မာနိုင်ငံမှာ ဒီဥပဒေ နဲ့ပတ်သက်ပြီး အဖြစ်များလာမှာဖြစ်ပါတယ်။ ဘာကြောင့်လည်း…. အဖြေကတော့ ယနေ့ ခေတ်က IT Century ဖြစ်တဲ့အတွက်ကြောင့် လူတိုင်း Social Media ကို အသုံးပြုလာကြပါတယ်။ ဒီ Social Media ကနေပဲ ဗဟုသုတ တွေရနိုင်သလို၊ ဒီ Social Media ပေါ် ကနေပဲသတင်းအချက်အလက်တွေ၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးတွေကို လုပ်ဆောင်လာနိုင်ကြပါတယ်။ Social Media ကိုကောင်းတဲ့ဖက်ကနေမြင်ပေးရမယ်ဆိုရင် ယခင်က ကျတော်တို့ မီးလောင်တယ်ဆိုတဲ့ မီးသတင်းကြားပြီဆိုရင် မီးသတ်ကို ဖုန်းဆက်ပြီး မေးမြန်းရပါတယ်။ ဒါပေမယ့် ဖုန်းက မအားတာ များတဲ့အတွက်ကြောင့်ဘယ်မှာ လောင်နေသလည်း ဆိုတာ မသိနိုင်ပါဘူး။ ဒါပေမယ့် ယနေ့ Facebook အသုံးများလာတဲ့အတွက်ကြောင့် မြန်မာနိုင်ငံမီးသတ် ရဲ့ Facebook Page ကို Like and Get Noti လုပ်ထားတဲ့အတွက်ကြောင့် အချိန်နဲ့ တပြေးညီ ဘယ်နေရာမှာ မီးလောင်နေတယ်။ လောင်နှုန်း ဘယ်လောက်ရှိတယ်။ ဘယ်လောက်ဆုံးရှုံးသွားတယ်ဆိုတာကို အလွယ်တကူ သိရှိလာနိုင်ပါတယ်။ ထို့အတူပဲ စီးပွားရေးနဲ့ ပတ်သက်လို့ယခင်က ကုန်ပစ္စည်းတွေ ရောင်းချတဲ့အခါမှာ Investment အနေနဲ့ ဆိုင်ခန်း၊ မီတာခ၊ ဆိုင်ခန်းပြင်ဆင်စရိတ်၊ ၀န်ထမ်းစရိတ်၊ မီတာခ၊ ရေခွန်၊ ၀န်ထမ်း စရိတ် စတာတွေနဲ့ တည်ထောင် ရပါတယ်။ ဒါပေမယ့် ယနေ့ခေတ်မှာတော့ Online Shopping တွေပေါ်လာပြီး Internet ပေါ်မှတဆင့် မိမိရဲ့ ထုတ်ကုန်ပစ္စည်းတွေကို အလွယ်တကူ အချိန်နဲ့ တပြေးညီ ၀န်ဆောင်မှုပေးခြင်း၊ ရောင်းဝယ်ဖောက် ကားခြင်းတွေလုပ်ဆောင်လာနိုင်ကြပါတယ်။ ပညာရေး အနေနဲ့လည်း  ယခင်က ကျတော်တို့ ကွန်ပျူတာ သင်တန်းတွေတက်ချင်တဲ့ အခါမှာ မုန့်ဖိုးလေးတွေစုစောင်းပြီး တက်ရောက် သင်ကြားရပါတယ်။ ဒါပေမယ့် ယနေ့ခေတ်မှာ သာမာန် ကွန်ပျူတာ အခြေခံလောက်အတွက်ကတော့ သင်တန်း တက်စရာမလိုပဲ Facebook က ပညာမျှဝေနေနဲ့ Page တွေ Blog တွေကနေတဆင့် လေ့လာလျှင် လေ့လာ သလောက် အတတ်ပညာကို အလွယ်တကူ ရယူနိုင်ပါတယ်။ ဒါတွေကတော့ Social Media ရဲ့ အားသာချက် ဖြစ်ပါတယ်။ ဒါတွေကတော့ ကောင်းတဲ့ဖက်ကနေ တွေးပေးလို့ ကောင်းတဲ့ဖက်ဖြစ်တာပါ။ သို့ပေသိ Facebook ဆိုတဲ့ Social Media ကနေပဲ လူကုန်ကူးမှုတွေ၊ မသမာမှုတွေ၊ ခြိမ်းခြောက်မှုတွေ၊ အနိုင်အထက် ပြုကျင့်မှုတွေလည်း တနေ့တစ်ခြား တိုးပွားလာတာကိုတွေ့မြင်ရပါတယ်။ အချို့က လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက် ကို ထိခိုက်နစ်နာစေရန် တိုက်ခိုက်ပုတ်ခတ်ကြသလို၊ အချိ့က အသင်းအဖွဲ့ တစ်ခုခုကို တိုက်ခိုက်ပုတ်ခတ်ပြောဆို နေကြတာ ကိုတွေ့မြင်နေရပါတယ်။ ဒီလို လုပ်ဆောင်မှုတွေအတွက်လည်း အရေးယူ မှုတွေက တနေ့ထက်တနေ့ များပြားလာတာကို စာဖတ်သူကိုယ်တိုင် မျက်မြင်ကိုယ်တွေ့တွေ့ဖူးကြမှာပါ။ သို့ပေသိ… ထိုပြဿနာရပ်တိုင်း အတွက် တရားစွဲဆိုရာတွင် ပြည်သူတစ်ဦးတစ်ယောက် သို့တည်းမဟုတ် သာမာန် လူပုဂ္ဂိုလ်တစ်ဦး တစ်ယောက်က တိုင်တန်းတရားစွဲဆိုခြင်းမျိုး မတွေ့ရှိရပဲ ငွေများငွေနိုင် တရားစွဲဆိုခြင်း၊ အာဏာများ အာဏာနိုင်တရားစွဲဆိုခြင်းများကိုသာ အများဆုံးတွေ့မြင်နေရပါတယ်။ ယနေ့ ၀န် လိုင်းမှာ အဖြစ်များတဲ့ Bullying Case တွေနဲ့ အခြေခံပြီး ဆက်ပြောပါရစေ…. Facebook ကိုသုံးစွဲသူအများစု မြင်တွေ့နေရတဲ့ Bullying Case တွေကတော့ မိန်းကလေးတစ်ဦး သို့တည်းမဟုတ် လူတစ်ဦးဦးရဲ့ Facebook Account ကို Hacked လုပ်ခြင်းဖြင့်သော်လည်းကောင်း၊ ထို သူ တစ်ဦးတစ်ယောက်ဆီမှ ဓာတ်ပုံအချို့ကို ရယူ၍ မသာမောသော ပြင်ဆင်မှုများဖြင့် ညစ်ညမ်းသော Facebook စာမျက်နှာများပေါ်တွင် တင်ပြီး အသားရည် ပျက်စေရန် ခြိမ်းခြောက်ပြောဆိုပြီး Phone Bill ညှစ်ခြင်း၊ ငွေညှစ်ခြင်း။ လုပ်ငန်းလုပ်ဆောင်နေသော Facebook Page များ၊ ဘာသာရေး Page များအား မသမာသောနည်းလမ်းဖြင့် ရယူသိမ်းပိုက်၍ ပေါက်ပန်းလေးဆယ် တင်ခြင်း စသည့်ကိစ္စရပ်များ။ စသည့် အဖြစ်အပျက်များဟာ တရားစွဲဆို နိုင်လောက်တဲ့ လုပ်ရပ်တွေ ဖြစ်ပါတယ်။ ဒီလိုတရားစွဲဆိုနိုင်တဲ့ လုပ်ရပ်ဆိုပေမယ့် တရားစွဲဆိုလာတဲ့အခါမှာ မည်သို့ ပုဒ်မတပ်၍ တိုင်တန်းရမလည်းဆိုတာ အရမ်းအရေးကြီးပါတယ်။ ကျတော်တို့လည်း ယခင်က ကြုံဖူး ခဲ့ကြပါတယ်။ ထိုကစ္စမျိုးအတွက် စဉ်းစားမိတဲ့ ပုဒ်မ တစ်ခုက အသရည်ဖျက်မှုဟူ၍သာ စဉ်းစားမိခဲ့ကြပါတယ်။ သို့ပေသည့် ယနေ့ အချိန်အခါတွင်တော့ အသရည်ဖျက်မှု အပြင် ဆက်သွယ်ရေး ဥပဒေ ဖြင့်လည်း တရားစွဲဆို လာနိုင်ပါတယ်။ ဒီလိုကိစ္စမျိုးအတွက် တရားစွဲဆိုတဲ့ခါမှာ အခြေခံအချက်လေးတွေကိုတော့ လေ့လာထား သင့်ပါတယ်။ ဒါမှလည်း မည်သို့သော အပြုအမူတွေကိုတော့ ဖြင့် အလွယ်တကူ ပုဒ်မဆွဲတင်၍ တရားစွဲဆိုနိုင် မလည်းဆိုတာကို သေချာနားလည်ကြမှာပါ။ ဒါကြောင့်….အရင် ဆုံး Cyber Crime ဆိုတာကိုရှင်းပြပါရစေ…
          မြန်မာနိုင်ငံ၏တည်ဆဲဥပဒေတွေထဲမှာ Cyber Crime ရယ်လို့ သီးခြားပြဌာန်းထားတာ မရှိတော့၊ အနောက်နိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများက ဥပဒေတွေမှာ ရှာကြည့်တော့ ဒီလိုတွေရပါတယ်။ Cyber Crime ဆိုတာ “ကွန်ပြူတာ သို့မဟုတ် အလားတူပစ္စည်း၊ သို့တည်းမဟုတ် ဆက်သွယ်ရေးကိရိယာများကို အသုံးပြု၍
(က) အလွန်အကျူးနောက်ပြောင်သော သို့မဟုတ် ခြိမ်းခြောက်သည့်သဘောသက်ဝင်သော သတင်းအချက် အလက်များပေးပို့ခြင်း၊
(ခ)  စိတ်ငြိုငြင်စေရန်၊ စိတ်အနှောက်အယှက်ဖြစ်စေရန်၊ မန္တရာယ်ဖြစ်စေရန်၊ တားဆီးပိတ်ပင်ရန်၊ အသရေပျက်စေရန်၊ အကျိုးပျက်စီးစေရန်၊ ရာဇ၀တ်မကင်းသောခြောက်လှန့်တောင်းယူမှုပြုရန်၊ ခိုက်ရန်ဖြစ်ပွားစေရန်၊ အမုန်းပွားစေရန် သို့မဟုတ် စိတ်ဆင်းရဲခြင်းဖြစ်စေရန် ရည်ရွယ်ချက်တစ်ရပ်ရပ်ဖြင့် မမှန်ကန်သော သတင်းအချက်အလက်များ ပေးပို့ခြင်း၊

(ဂ)  အီးမေးလ်တွင် စာသား၊ ရုပ်ပုံ၊ အသံ နှင့် အခြားအီလက်ထရောနစ်မှတ်တမ်းတစ်ခုခု စသည်တို့ကို စိတ်ငြိုငြင်မှုဖြစ်ပေါ်စေရန်၊ သို့မဟုတ် စိတ်အနှောက်အယှက်ဖြစ်စေရန် သို့မဟုတ် မူရင်းသတင်း အမှန်ကိုလှည့်ဖျားရန် သို့မဟုတ် အလွဲဖေါ်ဆောင်ရန် ပူးတွဲပေးပိုခြင်း”စတဲ့ အချက်အလက်တွေက Cyber Crime ဟုခေါ်တွင်သော အွန်လိုင်းမှုခင်း ဆိုင်ရာထဲမှာ အကျုံးဝင်ပါတယ်။  

အသေးစိတ်ဆက်လက်ဖတ်ရှုရန် ဒီနေရာမှာ PDF အဖြစ်ဒေါင်းပါ
ယခုစာအုပ်ပါ ဥပဒေနှင့်ပတ်သက်သော အကြောင်းအရာများအား အသေးစိတ် ထပ်မံ သိရှိလိုပါက
www.lawsinmyanmar.com တွင်သွားရောက်လေ့လာနိုင်ပါသည်။ ဥပဒေနဲ့ပတ်သက်သော 
နှစ်အလိုက် စီရင်ထုံးများကိုပါ တွေ့မြင်နိုင်ပါသည်။

Credit >>ဦးဇာနည်


အခြားPostများကြည့်လိုပါကအပေါ်က Menu မှာကြည့်လို့ရပါတယ်နော်
ကျွန်တော်ပိုင်နေရာလေးများ
ရောင်ပြန်လေးစာပေသို့ဒီမှာသွားပါ
18+တို့ဆုံဆည်းရာသိုဒီမှာသွားပါ
****အဆင်မပြေမှု့တစ်စုံတစ်ရာရှိပါက****
 
Facebook Account ဖြစ်တဲ့

အောက်ပါပုံလေးကိုနှိပ်ပြီးဝေဖန်အကြံပေးနိုင်ပါတယ်
https://www.facebook.com/yaungpyan.tec

****ကျွန်တော့်ရဲ့ ရောင်ပြန်လေး(နည်းပညာ)Page ကို Like နှိပ်ထားပါဦး****
https://www.facebook.com/yaungpyanlaytechnology/
@@@@စာပေ၀ါသနာပါရင်ကျွန်တော့်ရဲရောင်ပြန်လေး-စာပေ PageကိုLikeနှိပ်ထားပါဦး@@@@
https://www.facebook.com/yaungpyanebook/
$$$$အားပေးမှု့ကိုအထူးပင်ကျေးဇူးတင်ရှိပါသည်$$$$

ကိုယ်စိတ်နှစ်ဖြာကျန်းမာ၊ ချမ်းသာကြပါစေ

Leave a Reply

အဆင်မပြေတာများ ၊ လိုချင်တာများရှိရင်မှာခဲ့ပါ။

ကျွန်တော့်ရဲ့ရေးဖော်ရေးဖက်များ

Yaung Pyan Lay (ရောင်ပြန်လေး နည်းပညာ)
ဂျူးကလေး(ရောင်ပြန်လေး စာပေ)
Mr Yaung Pyan (Golden Myanmar)
ကိုမြတ် ( MICT Garden)
ငွေဇင်မိုး (ငွေဇင်မိုး မုံရွာ)
Aung Ko Latt (Aung Ko Latt စွယ်စုံ)
Maung Pauk (မောင်ပေါက်နည်းပညာ)
CKKH(နည်းပညာ)

Subscribe to Posts | Subscribe to Comments

@Copy Right 2016 / Designe By ရောင်ပြန်လေး(နည်းပညာ) / Power By Yaung Pyan Lay

- Copyright © ​ရောင်​ပြန်​​လေး - Hatsune Miku - Powered by Blogger - Designed by Johanes Djogan -