ရေးသားသူ : Christ Leo Saturday, June 10, 2017

https://i0.wp.com/digitaltimes.com.mm/wp-content/uploads/2017/05/amazing-places-instagram-994x400.jpg?fit=800%2C450&ssl=1

စမတ်ဖုန်း ကနေ ဓါတ်ပုံများ ရိုက်ကူးပြီး Instagram App မှာ တင်နေကြတာ အဆင်ပြေပေမယ့် ဓါတ်ပုံများကို ပီစီမှာ Edit or Retouch လုပ်ပြီးမှ ပီစီကနေ Instagram သို့ တင်ချင်တဲ့ လူများအတွက်အခက်အခဲရှိနေပါတယ်။ လက်ရှိ အချိန်အထိတော့ ပီစီကနေ ဓါတ်ပုံများ တင်ခွင့်ကို Instagram က ခွင့်မပြုသေးတဲ့ အတွက် အောက်ပါ နည်းလမ်းကို အသုံးပြုပါ။

၁။ ပီစီမှ Chrome ဘရောက်စာ ကနေ Instagram.com သို့သွားပြီး သင့်အကောင့်ဖြင့် Login ၀င်ပါ။ ညာဘက်အပေါ်ထိပ်မှ Menu ကို နှိပ်ပြီး More tools > developer tools ထဲသွားပါ။ Keyboard Shortcuts များဖြင့်လည်း developer tools ထဲသွားနိုင်ပါတယ်။ ပီစီမှာ Ctrl + Shift+ I နဲ့ Mac မှာ Cmd + Alt + I ကို နှိပ်ပါ။

၂။ ပီစီမှာ Ctrl + Shift + M နဲ့ Mac မှာ Cmd + Shift + M ကို နှိပ်၍ Mobile View ကို ပြောင်းပါ။ Developer tools ကို ဖွင့်ထားမှသာ Mobile Interface ကို သုံးနိုင်မှာဖြစ်ပြီး ပိတ်လိုက်ရင် ဒတ်စတော့ ဗားရှင်းကို ပြန်ရောက်သွားမှာပါ။ Mobile Interface ပေါ်လာရင် Instagram Feed ရဲ့ အပေါ်ထိပ်မှ ကင်မရာ အိုင်ကွန်ကို နှိပ်ပြီး သင့် ပီစီမှ ဓါတ်ပုံများကို Instagram မှာ တင်နိုင်ပါပြီ။

၃။ ဓါတ်ပုံကို ရွေးချယ်ပြီးရင် Rotate ပြုလုပ်ခြင်း၊ လေးထောင့် ဖော်မက် သို့မဟုတ် Full Width Photo ကို ရွေးချယ်ခြင်းများကို ပြုလုပ်နိုင်ပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းမှာ Instagram ရဲ့ Editing Tools အားလုံးနဲ့ Filters များကို မသုံးနိုင်ပါဘူး။ Next ကို နှိပ်ပြီးရင် Caption နဲ့ Hashtags များ ထည့်နိုင်ပါတယ်။

ပီစီမှာ အခြား ဆော့ဖ်ဝဲများဖြင့် ဓါတ်ပုံကို Edit လုပ်ပြီးမှ Instagram ပေါ် တင်တဲ့ လူများအတွက်တော့ Instagram ရဲ့ Editing Tools များကို မသုံးရလည်း ကိစ္စ မရှိပါဘူး။ ဒါပေမယ့် Instagram ရဲ့ Editing Tools များ၊ Filters များကို နှစ်သက်သူများအတွက် App ကိုသာ ရွေးချယ်ပါ။



Credit to ==> DigitalTimes.com.mm

Thank You !

ရောင်ပြန်လေး(နည်းပညာ)

www.yplitshare.org







{ 1 Comment... read them below or add one }

  1. Supersu is one of the most popular app helps you to manage app permissions. Download SuperSu apk for Android here.
    SuperSU

    ReplyDelete

အဆင်မပြေတာများ ၊ လိုချင်တာများရှိရင်မှာခဲ့ပါ။

ကျွန်တော့်ရဲ့ရေးဖော်ရေးဖက်များ

Yaung Pyan Lay (ရောင်ပြန်လေး နည်းပညာ)
ဂျူးကလေး(ရောင်ပြန်လေး စာပေ)
Mr Yaung Pyan (Golden Myanmar)
ကိုမြတ် ( MICT Garden)
ငွေဇင်မိုး (ငွေဇင်မိုး မုံရွာ)
Aung Ko Latt (Aung Ko Latt စွယ်စုံ)
Maung Pauk (မောင်ပေါက်နည်းပညာ)
CKKH(နည်းပညာ)

@Copy Right 2016 / Designe By ရောင်ပြန်လေး(နည်းပညာ) / Power By Yaung Pyan Lay

- Copyright © ​ရောင်​ပြန်​​လေး - Hatsune Miku - Powered by Blogger - Designed by Johanes Djogan -