Microsoft ရဲ့ portable ကွန်ပျူတာသစ်ဖြစ်တဲ့ Surface Laptop မှာ Windows Store က app တွေကိုပဲသုံးနိုင်မယ့် Windows 10 S ဗားရှင်းသစ်ကို အသုံးပြုထားပါတယ်။
ဒါပေမဲ့ non-Store app တွေကို သုံးစွဲလိုသူများက ၂၀၁၇ ဒီဇင်ဘာ ၃၁ ရက်မတိုင်မီအထိ Windows 10 Pro ကို အခမဲ့ upgrade လုပ်နိုင်မယ်လို့ သိရပါတယ်။
အဲ့ဒီ သတ်မှတ်ရက်ကျော်သွားပြီဆိုရင်တော့ Pro ကို ပြောင်းလဲတဲ့အခါ ၄၉ ဒေါ်လာ ပေးရမှာဖြစ်ပါတယ်။ Windows 10 S ကနေ Windows 10 Pro ကို upgrade လုပ်ပြီးရင်လည်း downgrade ပြန်လုပ်နိုင်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။
Surface Laptop သုံးစွဲသူများအနေနဲ့ Office 365 Personal edition တစ်နှစ်စာရရှိမှာဖြစ်ပါတယ်။
Surface Laptop နဲ့ Windows 10 S ကို Microsoft က EDU ပွဲမှာ မိတ်ဆက်ကြေညာခဲ့တာ ဖြစ်ပါတယ်။
Ref: CNET