ရေးသားသူ : Christ Leo Saturday, May 13, 2017


Pc ပေါ်မှာဖြစ်ဖြစ် Mac ပေါ်မှာဖြစ်ဖြစ် ကွန်ပျူတာနဲ့ iTunes ကိုအသုံးပြုကာ ချိတ်ဆက်ပြီး iOS device ထဲက data တွေကို backup လုပ်ထားကြမှာပါ။ ဒီလို backup လုပ်ထားတဲ့အခါမှာ ကိုယ့်ရဲ့ data တွေ လုံခြုံစိတ်ချစွာ နဲ့ သိမ်းထားနိုင်ဖို့အတွက် encrypt လုပ်ထားသင့်ပါတယ်။

PC ဒါမှမဟုတ် Mac OS သုံးစွဲထားတဲ့ ကွန်ပျူတာပေါ်ကနေ iTunes ကို သုံးပြီး backup data ကို encrypt လုပ်ဖို့ဆိုရင် ပထမဆုံး ကွန်ပျူတာနဲ့ iOS device ကို ချိတ်ဆက်ပါ။ ပြီးရင် iTunes ကို ဖွင့်ရပါမယ်။ iTunes ပွင့်လာရင် ညာဘက်ထောင့်အပေါ်နားမှာ ချိတ်ဆက်ထားတဲ့ iDevice ကိုဖော်ပြပေးထားပါလိမ့်မယ်။

အဆိုပါ icon ကို နှိပ်လိုက်ပါ။ Icon ကို နှိပ်လိုက်ရင် device ရဲ့အချက်အလက်ကိုဖော်ပြ တဲ့နေရာကို ရောက်သွားပါလိမ့်မယ်။ Backups ဆိုတဲ့ section ထဲကို သွားပြီး Encrypt iPhone backup ဆိုတဲ့နေရာမှာ အမှန်ခြစ်ထည့်လိုက်ပါ။ ဒါဆိုရင် password box ကျလာပါလိမ့်မယ်။ အဆိုပါ password box မှာ password တွေကိုထည့်သွင်းပေးပြီး set password ကို နှိပ်ပါ။


ပြီးသွားရင် Done ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်တာနဲ့ backup ဖိုင်ကို encrypt စလုပ်ပြီ ဖြစ်တဲ့အတွက် ခေတ္တစောင့်လိုက်ပါ။ ဒါဆိုရင် backup ဖိုင်ကို ကွန်ပျူတာပေါ်ကနေ iTunes ကို အသုံးပြုပြီး encrypt ပြုလုပ်တဲ့အဆင့်ပြီးပြီဖြစ်ပါတယ်။

Thank You !

ရောင်ပြန်လေး(နည်းပညာ)

www.yplitshare.org







Leave a Reply

အဆင်မပြေတာများ ၊ လိုချင်တာများရှိရင်မှာခဲ့ပါ။

ကျွန်တော့်ရဲ့ရေးဖော်ရေးဖက်များ

Yaung Pyan Lay (ရောင်ပြန်လေး နည်းပညာ)
ဂျူးကလေး(ရောင်ပြန်လေး စာပေ)
Mr Yaung Pyan (Golden Myanmar)
ကိုမြတ် ( MICT Garden)
ငွေဇင်မိုး (ငွေဇင်မိုး မုံရွာ)
Aung Ko Latt (Aung Ko Latt စွယ်စုံ)
Maung Pauk (မောင်ပေါက်နည်းပညာ)
CKKH(နည်းပညာ)

Subscribe to Posts | Subscribe to Comments

@Copy Right 2016 / Designe By ရောင်ပြန်လေး(နည်းပညာ) / Power By Yaung Pyan Lay

- Copyright © ​ရောင်​ပြန်​​လေး - Hatsune Miku - Powered by Blogger - Designed by Johanes Djogan -