- မူရင်းစာမျက်နှာ »
- Computer Computer Knowledge »
- Windows 10 32 bit ကနေ 64bit ကို ဘယ်လို အဆင့်မြှင့်တင်မလဲ
ရေးသားသူ : Christ Leo
Wednesday, February 22, 2017
Windows 10 32 bit သုံးစွဲထားတဲ့သူတွေ အနေနဲ့ ကိုယ့်ရဲ့ ကွန်ပျူတာဟာ 64 bit ကို အထောက်အပံ့ ပေးနိုင်တဲ့ processor ကို အသုံးပြုထားတယ်ဆိုရင် 32 bit ကနေ 64bit ကို ပြောင်းလဲ သုံးစွဲသင့်ပါတယ်။ 32 bit အသုံးပြုထားတဲ့ ကွန်ပျူတာ နဲ့ 64 bit အသုံးပြုတဲ့ ကွန်ပျူတာ တစ်လုံးဟာ ကွဲပြားမှုများစွာ ရှိပါတယ်။ 32 bit မှာ memory ပမာဏဟာ ကန့်သတ်ချက် နည်းပါးတဲ့အတွက် hardware အနိမ့်ပိုင်း စက်တွေသာ အသုံးပြုသင့်ပါတယ်။
တစ်ကယ်လို့ 64 bit ကို အထောက်အပံ့ ပေးနိုင်တဲ့ processor ဆိုရင် တော့ 32 bit သုံးစွဲနေရင်တောင် 64 bit version ကို အဆင့်မြှင့်တင် သင့်ပါတယ်။ 64 bit အဆင့်မြှင့်တင်ချင်တဲ့ ကွန်ပျူတာဟာ 64 bit version ကို အထောက်အပံ့ ပေးနိုင်လား မပေးနိုင်ဘူးလား ဆိုတာကို အဆင့်မမြှင့်တင်ခင်မှာ စစ်ဆေးနိုင်ပါတယ်။ အထောက်အပံ့ ပေးနိုင်တယ်ဆိုရင် ဒီနည်းလမ်းအတိုင်း 64 bit version ကို အဆင့်မြှင့်တင်နိုင်ပါတယ်။
ပထမဆုံး System အမျိုးအစားကို စစ်ဆေးကြည့်ဖို့အတွက် Win + I key ကို နှိပ်ပါ။
ပြီးရင် System ဆိုတာကို ရွေးချယ်ပြီး About ကို ကလစ်နှိပ်ပါ။ System Type နေရာမှာ 64 bitversion လား 32 bit version လား ဆိုတာကို စစ်ဆေးနိုင်ပါတယ်။ ဒါမှမဟုတ် Win + Pause Break key ကို နှိပ်ပြီးလည်း စစ်ဆေးနိုင်ပါတယ်။

64 bit မဟုတ်ဘဲ 32 bit ဆိုရင် ဖော်ပြထားတဲ့ နည်းလမ်းအတိုင်း 64 bit version ကို အဆင့်မြှင့်တင် နိုင်ပါတယ်။ Start menu ကို နှိပ်ပါ။ ပြီးရင် System Information ဆိုတာကို ရိုက်ထည့်ရပါမယ်။ System Information ဆိုတာကို တွေ့ရင် ကလစ်နှိပ်လိုက်ပါ။ System Type မှာ x64-based PC ဆိုရင် 64 bit ကိုအထောက်အပံ့ ပေးနိုင်တဲ့ ကွန်ပျူတာ ဖြစ်တဲ့အတွက် အဆင့်မြှင့်တင်နိုင်ပါတယ်။
နောက်တစ်ဆင့်ကတော့ Coreinfo ဆိုတဲ့ ဆော့ဖ်ဝဲကို download လုပ်ပြီး Windows 10 အတွက် Hardware လိုအပ်ချက်ပြည့်စုံ မပြည့်စုံစစ်ဆေးရမယ့် အပိုင်းဖြစ်ပါတယ်။ Microsoft ဟာ Windows 8 နောက်ပိုင်းမှာ Operating System အတွက် Physical Address Extension (PAE), No-eXecute (NX), SSE2, CX16 အစရှိတာတွေဟာ 64 bit processor ကို run နိုင်မယ့် အထောက်အပံ့တွေအဖြစ် ထုတ်ပြန်ထားပါတယ်။ အကယ်၍ အဆိုပါ သတ်မှတ်ချက်တွေနဲ့ မကိုက်ညီတဲ့ ကွန်ပျူတာဆိုရင် Windows 10 ကို ဆက်လက် install ပြုလုပ်နိုင်မှာ မဟုတ်ပါဘူး။ Coreinfo ကို ဒီနေရာ ဆိုတဲ့ ဝက်ဘ်ဆိုက် လိပ်စာကနေ download ပြုလုပ်လိုက်ပါ။
Download ပြုလုပ်ပြီးရင် zipfile ကို extract ပြုလုပ်ပေးရပါမယ်။
ပြီးရင် Coreinfo folder ကိုဖွင့်ပြီး File ကို ကလစ်နှိပ်ကာ Open command prompt ဆိုတာကို ရွေးချယ်ပေး ရပါမယ်။
Command prompt ထဲမှာ coreinfo ဆိုတဲ့ command ကို နှိပ်ပြီး Enter နှိပ်ပါ။ ပြီးရင် Ctrl + F နဲ့ Find ကို ဖွင့်ပြီး Find what ဆိုတဲ့ box ထဲမှာ PAE ဆိုတာကို ရိုက်ထည့်ကြည့်ပါ။ ပြီးရင် NX, SSE2, CX16 အစရှိတဲ့ အချက်လေးချက်ကို အထောက်အပံ့ ပေးတယ်ဆိုရင် 64 bit version ကို install ပြုလုပ်လို့ရပါပြီ။
64 bit ကို install မပြုလုပ်ခင်မှာ personal data တွေကို External HDD တစ်ခုထဲမှာဖြစ်ဖြစ် One Drive မှာဖြစ်ဖြစ် backup ပြုလုပ် ထားသင့်ပါတယ်။ 64 bit ကို ပြောင်းတဲ့အခါမှာ Clean install ပြုလုပ်ပြီး အဆင့်မြှင့်တင်ရမှာ ဖြစ်တဲ့အတွက် data တွေကို အရင်ဆုံး backup ပြုလုပ်ထားသင့်ပါတယ်။ နောက်ပြီး 64 bit အတွက် driver software တွေကိုလည်း စုစောင်းထားသင့်ပါတယ်။ ထပ်ပြီး လိုအပ်ချက် တစ်ခုကတော့ အနိမ့်ဆုံး 4GB ပမာဏရှိတဲ့ Pen Drive တစ်ခု လိုအပ်ပါမယ်။ Windows ဟာ License version ကို အသုံးပြုထားတယ်ဆိုရင် Product ID တို့ Install key တို့ကို မှတ်ထားဖို့အတွက် Show Key plus ဆိုတာကိုလည်း သုံးစွဲသင့်ပါတယ်။ Show Key plus ကို www.tenforums.com ဆိုတဲ့ ဝက်ဘ်ဆိုက် လိပ်စာမှာ ရယူနိုင်ပါတယ်။
နောက်တစ်ဆင့်ကတော့ Microsoft Windows 10 download page ဖြစ်တဲ့ သည်စာမျက်နှာ လိပ်စာကို သွားပါ။ ပြီးရင် Download tool now ဆိုတဲ့ခလုတ်ကို နှိပ်ပြီး Media Creation Tool ကို download ပြုလုပ်ပါ။
နောက်တစ်ဆင့်ကတော့ Microsoft Windows 10 download page ဖြစ်တဲ့ သည်စာမျက်နှာ လိပ်စာကို သွားပါ။ ပြီးရင် Download tool now ဆိုတဲ့ခလုတ်ကို နှိပ်ပြီး Media Creation Tool ကို download ပြုလုပ်ပါ။
Media Creation Tool ကို run ရပါမယ်။ Windows 10 setup box ပေါ်လာရင် Create installation media for another PC ဆိုတာကို ရွေးချယ်ပြီး Next ကို နှိပ်ပါ။
Use the recommend options for this PC ဆိုတဲ့နေရာမှာ အမှန်ခြစ်ဖြုတ်ပြီး Architecture ဆိုတဲ့နေရာမှာ 64-bit (x64) ဆိုတာကို ရွေးချယ်ပေးရပါမယ်။ ပြီးရင် Next ကို နှိပ်ပါ။
နောက်တစ်ဆင့်ကတော့ USB flash drive မှာ Install ပြုလုပ်မှာ ဖြစ်တဲ့အတွက် USB flash drive ကို ရွေးချယ် ပေးရပါမယ်။ ပြီးရင် Next ကိုနှိပ်ပါ။
USB flash drive ထဲက data တွေကို delete ပြုလုပ်ပြီး ထည့်သွင်းတဲ့ အပိုင်းဖြစ်ပါတယ်။
လုပ်ငန်းစဉ် ပြီးဆုံးသွားရင် ကွန်ပျူတာကို restart ပြုလုပ်ရပါမယ်။ Windows Setup ပြန်တက်လာတဲ့အခါမှာ Next ကို နှိပ်ပြီး Custom: Install Windows Only (advanced) ဆိုတာကို ရွေးချယ်ပေးရ ပါမယ်။
နောက်တစ်ဆင့်ကတော့ Windows 10 ကို install ပြုလုပ်မယ့် partition ကိုရွေးချယ်ပြီး Delete ပြုလုပ်ကာ Next ကို နှိပ်ပြီး Windows 10 ကို install ပြုလုပ်ရမယ့် အဆင့်များအတိုင်း ဆက်လက် လုပ်ဆောင်သွားရင် Windows 10 32 bit ကနေ 64 bit ကို အဆင့်မြှင့်တင်တဲ့ လုပ်ငန်းစဉ်ပြီးပြီ ဖြစ်ပါတယ်။
Ref: WindowsCentral