- မူရင်းစာမျက်နှာ »
- Computer Computer Knowledge »
- Paint 3D ကို Install ပြုလုပ်ခြင်း
ရေးသားသူ : Christ Leo
Thursday, February 23, 2017
Microsoft ဟာ Windows 10 အတွက် ယခင်က Paint.exe ကို အဆင့်မြှင့်တင် ပေးလိုက်ရာ ယခုအခါမှာ 2D, 3D ရေးဆွဲနိုင်မယ့် Paint 3D အဖြစ် အဆင့်မြှင့်တင် ပေးလိုက်ပါတယ်။ Paint 3D ကို Windows 10 Insider Preview 14971 update ဖိုင်အမှတ်မှာ စတင်ပြီး update ပြုလုပ်ပေးလိုက်ပါတယ်။
အကယ်၍ Windows update မပြုလုပ်ဘဲ Paint 3D ကို သုံးစွဲချင်သူတွေအတွက်ကတော့ ဖော်ပြပါ နည်းလမ်းအတိုင်း download ပြုလုပ်၍ ထည့်သွင်းနိုင်မှာဖြစ်ပါတယ်။ Paint 3D ကို Windows Store ကနေ download ပြုလုပ်နိုင်မှာဖြစ်သလို http://gg.gg/48zvn ဆိုတဲ့ ဝက်ဘ်ဆိုက်လိပ်စာကနေလည်း extension appx နဲ့ mspaint ဖိုင်ကို download ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
အဆိုပါ ဖိုင်ကို download ပြုလုပ်ပြီးတာနဲ့ Double-click နှိပ်လိုက်ပါ။ ဒါဆိုရင် Paint 3D ကို Install ပြုလုပ်သွားပါလိမ့်မယ်။ Install ပြုလုပ်တဲ့အချိန်ကို ခေတ္တစောင့်ဆိုင်း ပေးလိုက်ပါ။ အဆိုပါ အဆင့် ပြီးသွားပြီဆိုရင် Start Menu button ကနေ Paint 3D ဆိုတဲ့ keyword ကိုရိုက်ထည့်ပြီး Paint 3D ကို စတင် အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။
အကယ်၍ Windows 10 နောက်ဆုံး update သွင်းထားတဲ့သူတွေအနေနဲ့ Run box ကနေ mspaint ဆိုတဲ့ command နဲ့တင် Paint 3D ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
Ref: windowscentral