- မူရင်းစာမျက်နှာ »
- Other IT News »
- UPI မှ Quick Pass ကတ် ထုတ်ရန် စီစဉ်
ရေးသားသူ : Christ Leo
Friday, October 7, 2016
Union Payment International မှ Quick Pass ကတ် (စက်ကိုထိတွေ့ပါကချက် ချင်းငွေထုတ်နိုင်မည့် ကတ်) ထုတ်ရန် စီစဉ်နေကြောင်း UPI မှ တာဝန်ရှိသူက ပြောသည်။
“ဘဏ်တွေက ထုတ်တဲ့ကတ်ကို စက်မှာတို့ထိလိုက်တာနဲ့ အမြန်ထုတ်လို့ရအောင် ဆောင်ရွက်တာဖြစ်ပါတယ်” ဟု အဆိုပါ တာဝန်ရှိသူက ဆိုသည်။ ပြည်တွင်း ဘဏ်တစ်ခုနှင့်စတင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ UPI အနေဖြင့်ပြည် တွင်းဘဏ်များနှင့် ပူးပေါင်း၍ Co brand ကတ်များထုတ်နိုင်ရန်ဆောင်ရွက်လျက် ရှိကြောင်း ဆိုသည်။ အဆိုပါ ကတ်များကို နိုင်ငံပေါင်း ၁၆၀၊ ကိုယ်စားလှယ်ပေါင်း ၃၅ သန်း နှင့် ATM စက်ပေါင်း နှစ်သန်းကျော်တွင် အသုံးပြုနိုင်ကြောင်း သိရသည်။
လက်ရှိတွင် UPI ကတ်များကို ATM စက်ဖြင့် ငွေသားထုတ်ယူမှုများနေကြောင်း သိရသည်။ “ATM မှာ ပိုက်ဆံထုတ်တာ အရမ်းများနေတယ်၊ အဲဒါဟာ ကိုယ်စား
လှယ်တွေ (UPI နှင့် ချိတ်ဆက် ထားသောဆိုင်၊ နေရာများ) မှာ သုံးလို့မရလို့ ATM မှာ ထုတ် တာလို့ သဘောရပါတယ်၊ ကိုယ်စားလှယ်တွေမှာရရင် ATM မှာ သုံးစရာမလိုဘဲ အသုံးပြုမှု လျော့ကျလာမယ်” ဟု ဆက်လက် ပြောကြားသည်။ UPI အနေဖြင့် ပြည်တွင်းဘဏ်အချို့နှင့်ပူးပေါင်း၍ Co brand ကတ်များကိုလည်း မိတ်ဆက်ခဲ့ပြီးဖြစ်သည်။

Union Pay International အနေဖြင့် အာရှစိမ်းလန်းမှု ဖွံ့ဖြိုး ရေးဘဏ်၊ ဧရာဝတီဘဏ်၊ သမဝါယမဘဏ်၊ မြဝတီဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ မြန်မာအ ရှေ့တိုင်းဘဏ်၊ ကမ္ဘောဇဘဏ် တို့နှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။
Credit>>Internet Journal
ယခုဘလော့သည်မိတ်ဆွေများထံမှပြန်လည်မျှဝေထားပါသည်
ကျွန်တော်ပိုင်နေရာလေးများ
ရောင်ပြန်လေးစာပေသို့ဒီမှာသွားပါ
18+တို့ဆုံဆည်းရာသို့ဒီမှာသွားပါ
****အဆင်မပြေမှု့တစ်စုံတစ်ရာရှိပါက****
Facebook Account ဖြစ်တဲ့
အောက်ပါပုံလေးကိုနှိပ်ပြီးဝေဖန်အကြံပေးနိုင်ပါတယ်