- မူရင်းစာမျက်နှာ »
- Other IT Ebook »
- Kali Linux ကိုအသုံးပြုပြီး Window Password ကို reset ချနည်း
ရေးသားသူ : Christ Leo
Saturday, October 8, 2016
Kali Linux Live CD ရှိဖို့ တော့လိုအပ်တယ်ခင်ဗျ။
Live CD လုပ်ဖို့ အတွက်ကတော့ Kali Linux ကို download လုပ်ပြီး ISO ကို CD/DVD ပေါ်မှာ burn လုပ်လိုက်ပါ။
Password Reset လုပ်မယ့်စက်ကို boot menu ခေါ်ပြီး Live (forensic mode) ကိုရွေးပါ။
အဲ့ဒီအခါ Kali Linux initialize ဖြစ်လာပြီး load လုပ်တဲ့အခါ Terminal Window ပွင့်လာပြီး တဲ့အခါမှာ window password database file ကို navigate လုပ်ပေးရပါမယ်။ အဲ့လိုလုပ်ပေးဖို့ အတွက်
Window Version တော်တော်များများမှာ window password တွေကို SAM ဆိုတဲ့ file နာမည်နဲ့ save လုပ်ထားလေ့ရှိပါတယ်။ အဲ့ဒီ file ဟာလည်း /Windows/System32/config ဆိုတဲ့ path မှာပဲ ရှိပါတယ်။
ဒါကြောင့် SAM database ဟာ သင့်ကွန်ပျူတာမှာ /media/name_of_hard_drive/Windows/System32/config ဆိုပြီးရှိပါလိမ့်မယ်။

အဲ့ဒီနောက် ls -l SAM* ဆိုပြီး ရိုက်ထည့်လိုက်ရင် SAM Log တွေ ကိုအောက်က ပုံအတိုင်းတွေ့ ရပါလိမ့်မယ်။
နောက်တဆင့်အနေနဲ့  chntpw -l SAM ဆိုတဲ့ command ကို အသုံးပြုခြင်းဖြင့် window system ထဲမှာရှိတဲ့ user name တွေကို မြင်ရမှာဖြစ်ပါတယ်။
user name တွေ ရပြီဆိုရင်တော့ chntpw -u "username" SAM ဆိုတဲ့ command ကို အသုံးပြုပြီး password reset ချနိုင်ပါတယ်။ ကျွန်တော်အောက်ကပုံထဲမှာ Administrator ဆိုတဲ့ username ကို အသုံးပြုပြီး နမူနာပြထားပါတယ်။ ဒါကြောင့် chntpw -u "Administrator" SAM ဆိုတဲ့ command ကိုရိုက်ထည့်လိုက်တဲ့အခါ အောက်ပါအတိုင်းတွေ့ ရပါလိမ့်မယ်။
အဲ့ဒီ option တွေထဲကမှ Clear (blank) user password ဆိုတာကို ရွေးခြယ်စေချင်ပါတယ်။
အဲ့ဒါဆိုရင် window ကို password မထည့်ပဲ ( password နေရာမှာဘာမှမဖြည့်ပဲ ) Login လုပ်နိုင်ပြီဖြစ်ပါတယ်။
Credit >>>@lph@