ရေးသားသူ : Christ Leo Saturday, October 8, 2016



Facebook တွေ၊ Twitter တွေ လူမှုကွန်ယက်တွေမှာလည်း Photoshop နဲ့ ပြင်ဆင်ပြီး Galaxy Note 7 ဖုန်းကို သရော်ထားတဲ့ Memes တွေ၊ GIF တွေလည်း မြင်ပြီးကြပြီဆိုတော့ သင့်အနေနဲ့ Galaxy Note 7 ဖုန်းကို ဗုံးအနေနဲ့ ထုတ်လုပ်သင့်တယ်လို့ ထင်မြင်မိပါသလား။ GTA ဂိမ်းရဲ့ Programmer တွေကတော့ သင့်ထက်လက်ဦးမှုရယူသွားပါပြီ။


ဘာဖြစ်လို့လဲဆိုတော့ Grand Theft Auto 5 (ကားသူခိုး) ဂိမ်းရဲ့ လက်နက်ဝယ်တဲ့ နေရာက လက်နက်ဆိုင်ထဲမှာ Galaxy Note 7 ဗုံးကို ဝယ်ယူနိုင်လို့ပဲ ဖြစ်ပါတယ်။ GTA 5 ဂိမ်းမှာ မိုးပေါ်ကနေ ဝေလငါးကြီးကျလာတာ၊ မိုးမျှော်တိုက်တွေလောက် အရွယ်အစားရှိတဲ့ စကိတ်လျှောတည်ဆောက်တာ၊ မီးထဲကနေ ဂျမ်ဘိုဂျက်လေယာဉ်ကြီးကျလာတာ၊ စတဲ့ ရူးကြောင်ကြောင်နိုင်တဲ့ ပြုလုပ်မှုတွေလည်း ပါဝင်ခဲ့ပါတယ်။

ယအခုတစ်ဖန် ဒီအပတ်ထဲမှာ လည်းလုပ်ဆောင်ချက်ထူးထူးခြားခြားအနေနဲ့ Note 7 ကို ဗုံးအဖြစ်နဲ့ ထည့်သွင်းထားတဲ့ ဗီဒီယိုတစ်ခုထွက်ပေါ်လာခဲ့ပါတယ်။ ဒီဗီဒီယိုထဲမှာ Note 7 ဖုန်းနဲ့ ကားတွေကို လိုက်ကပ်တာ၊ လိုက်ပေါက်တာတွေ ပြုလုပ်ရာမှာ ပေါက်ကွဲမှုတွေနဲ့ ကြုံတွေ့ရတာကို ဖော်ပြထားတာပါ။ ဗီဒီယိုကို အောက်မှာကြည့်ရှုနိုင်ပါတယ်။

Credit>>>Digital Time

BlockAdz





Leave a Reply

အဆင်မပြေတာများ ၊ လိုချင်တာများရှိရင်မှာခဲ့ပါ။

ကျွန်တော့်ရဲ့ရေးဖော်ရေးဖက်များ

Yaung Pyan Lay (ရောင်ပြန်လေး နည်းပညာ)
ဂျူးကလေး(ရောင်ပြန်လေး စာပေ)
Mr Yaung Pyan (Golden Myanmar)
ကိုမြတ် ( MICT Garden)
ငွေဇင်မိုး (ငွေဇင်မိုး မုံရွာ)
Aung Ko Latt (Aung Ko Latt စွယ်စုံ)
Maung Pauk (မောင်ပေါက်နည်းပညာ)
CKKH(နည်းပညာ)

Subscribe to Posts | Subscribe to Comments

@Copy Right 2016 / Designe By ရောင်ပြန်လေး(နည်းပညာ) / Power By Yaung Pyan Lay

- Copyright © 2025 ​ရောင်​ပြန်​​လေး - Hatsune Miku - Powered by Blogger - Designed by Johanes Djogan -