ရေးသားသူ : Christ Leo Friday, October 7, 2016

ကမ္ဘာပေါ်မှာ Chat App တွေ မလုံလောက်သေးဘူးလို့ Google က သဘောထားပုံရသည်။ ပြီးခဲ့သည့် ရက်ပိုင်းက Google Message စနစ်သစ် Allo ကို ဖြန့်ချိလိုက်သည်။ Allo အကြောင်းကို Google သည် မေလကတည်းက ကြေညာထားပြီး ဖြစ်သော်လည်း ပြီးခဲ့သည့် ရက်ပိုင်းကမှ တစ်ကမ္ဘာလုံးသို့ တရားဝင် ဖြန့်ချိပေးလိုက်ခြင်း ဖြစ်သည်။ Android ဖုန်းများဖြင့်ရော iPhone များနှင့်ပါ အသုံးပြုနိုင်သည်။
“Chat app ပဲ မဟုတ်ဘူးလား၊ ဘာများ ပိုထူးခြားလို့လဲ” ဟု စာဖတ်သူ မေးချင်လိမ့်မည်။
ဟုတ်လည်း ဟုတ်သည်၊ ဟုတ်လည်း မဟုတ်ဘူးဟု ဖြေရမည် ထင်ပါသည်။ WhatsApp , Kik , Facebook Messenger တို့ကဲ့သို့ Chat app မျိုးသာ ဖြစ်သည်ဟူသော ကိစ္စအတွက် ဟုတ်သည်ဟု ဖြေပါမည်။ သို့သော် သူက ရိုးရိုး Chat app ထက် များစွာ သာလွန်သဖြင့် သာမန် Chat app မဟုတ်ပါဟုလည်း ဖြေရပါလိမ့်မည်။ Allo သည် Google Assistant ကွန်ပျူတာ ဦးနှောက်ပါဝင်သော ပထမဆုံး Chat app ဖြစ်သည်။ ကွန်ပျူတာ ဦးနှောက်က ကိုယ်မေးသမျှ ဖြေပေးနိုင်သည်၊ ကိုယ့်အတွက် အလုပ်အချိန်ဇယားတွေ ဆွဲပေးနိုင်သည်၊ အကြောင်းအရာမျိုးစုံကို မိမိသူငယ်ချင်းတွေထံ မျှဝေပေးနိုင်သည်။ သူငယ်ချင်းတွေနဲ့ Allo ကနေ စကားပြောနေတုန်း တစ်ခုခု သိချင်ပါကလည်း သူငယ်ချင်းနဲ့ စကားပြောနေသည့် အကွက်ထဲမှာပင် @google ဟု ရှေ့ကခံပြီး ကိုယ်သိချင်တာကို ရိုက်ထည့်လိုက်လျှင် သက်ဆိုင်ရာ အဖြေကို ဖော်ပြပေးလိမ့်မည်။ စွယ်စုံကျွမ်းသည့် ပညာရှင်တစ်ယောက်ကို အိတ်ကပ်ထဲ ထည့်ထားရသလိုပင်။
Allo တွင်ပါသော Google Assistant သည် လူတိုင်းအတွက် ပုံစံမျိုးစုံဖြင့် အသုံးဝင်လိမ့်မည်။ ပြီးခဲ့သည့် ရက်ပိုင်းကမှ ဖြန့်ချိလိုက်သော Allo ကို Download လုပ်ပြီးလျှင် Google Assistant ၏ အစွမ်းကို စမ်းကြည့်နိုင်မည့် နည်းလမ်းအချို့ကို အောက်မှာ အကြံပြု ဖော်ပြလိုပါသည်။
 လေယာဉ်ချိန် သိချင်လား
Google Assistant နဲ့ စကား ပြောရခြင်းသည် သူငယ်ချင်း တစ်ယောက်နဲ့ စကားပြောရသည့် အတိုင်းပင်။ လေယာဉ်ချိန် သိချင်ရင် Google Assistant ကို စာရိုက်ပြီး မေးလိုက်ရုံ ဖြစ်သည်။ ဥပမာ “I need to fly to [a destination]” ဟု မိမိ သွားလိုသည့် မြို့နာမည်နှင့် ရိုက်ထည့်ပေးလိုက်လျှင် မိမိရှိနေသည့်မြို့ကနေ ထိုမြို့သို့ ပျံသန်းမည့် လေယာဉ်ချိန်များကို ချက်ချင်းပြပေးလိမ့်မည်။ လေယာဉ်လက်မှတ် ဈေးနှုန်းများကိုလည်း ဆက်ကြည့်လို့ရသေးသည်။ မိမိ တည်နေရာကိုလည်း ဖုန်း၏ ဂျီပီအက်စ် စနစ်သုံးကာ Google က သိရှိပြီးသားမို့ ကိုယ်ဘယ်မြို့မှာ ရောက်နေသည်ဆိုတာ ရိုက်ထည့်ပေးဖို့ပင်မလို။
သတိပေးခိုင်းလို့ရသည်
မနက်ဖြန် နေ့လယ် ၂ နာရီ အစည်းအဝေးရှိသည်ဟု အင်္ဂလိပ်လို ရိုက်ထည့်ပေးထားလိုက်ပြီး ကြိုတင်သတိ ပေးစေလိုသည့် အချိန်ကိုပါ သတ်မှတ်ပေးထားလိုက်လျှင် အချိန်ကျသည်နှင့် Google Assistant က သတိပေးလိမ့်မည်။
စားသောက်ဆိုင် ရှာခိုင်းလို့ရသည်
နေ့လယ်စာ ဘယ်ဆိုင်မှာ စားရင်ကောင်းမလဲ စဉ်းစားရ ကျပ်နေပါသလား။ I’m hungry ဟု Google Assistant ထဲမှာ ရိုက်ထည့် ပေးလိုက်ရုံနဲ့ အဆင်ပြေသွားလိမ့်မည်။ ထိုသို့ ရိုက်ထည့်လိုက်လျှင် ဘာစားချင်တာလဲဟု ထပ်မေးလိမ့်မည်။ မိမိ စားလိုသည့် အစားအစာ နာမည်ထပ်ရိုက် ထည့်ပေးလိုက်လျှင် ထိုအစားအစာ ရနိုင်သည့် မိမိနှင့် အနီးဆုံး စားသောက်ဆိုင် စာရင်းကို ဖော်ပြပေးလိမ့်မည်။
မိုးလေဝသ ကြည့်လို့ရသည်
Google Assistant ထဲမှာ မိုးလေဝသ (Weather)ဟု ရိုက်ထည့် လိုက်ရုံဖြင့် မိမိ ရှိနေသည့် အရပ်ဒေသ၏ မိုးလေဝသ အခြေအနေကို ချက်ချင်း ပြပေးလိမ့်မည်။ မိုးရွာနေပြီ၊ အပြင်ထွက်ရင် ထီးယူသွားဖို့တော့ လိုမယ်။ တိမ်ထူနေတယ်၊ ဦးထုပ် မဆောင်းဘဲ အပြင်ထွက်ရင်တောင် ဖြစ်တယ် စသည် စသည်ဖြင့် တကယ့် ကိုယ်ရေးအရာရှိ တစ်ယောက်က ကိုယ့်ကို စကားပြောပြီး အကြံဉာဏ် ပေးနေသည့်အလား လူသားဆန်သော အသုံးအနှုန်းများဖြင့်ပါ ဖော်ပြပေးလိမ့်ဦးမည်။
အပျင်းပြေ ဂိမ်းဆော့လို့လည်း ရသည်
လူက ပျင်းရိလေးလံနေသဖြင့် ဖုန်းထဲက အခြားဂိမ်းတွေတောင် ဖွင့်ဆော့ချင်စိတ် မရှိတော့ လောက်အောင် ဖြစ်နေချိန်မျိုးတွင် Google Assistant ထဲ ဂိမ်းကစားမည် (Play a game) ဟု ရိုက်ထည့် ပေးလိုက်ရုံဖြင့် ပေါ့ပေါ့ပါးပါး ဆော့ကစားနိုင်မည့် ဂိမ်းကလေးများ အကြံပြု ဖော်ပြပေးလိမ့်မည်။ ထို့အပြင် Emoji Movies ၊ Emoji Riddle လေးတွေလည်း ဆော့နိုင်သည်။ Google Assistant နဲ့ ပြိုင်ဆော့နိုင်သလို ကိုယ့် သူငယ်ချင်းတွေနဲ့လည်း Chat ထဲက တစ်ဆင့် ပြိုင်ဆော့နိုင်သည်။
Email လည်း စစ်နိုင်သည်
App တစ်ခုကနေ တခြားတစ်ခုကို ပြောင်းဖွင့်ရမှာ ပျင်းနေလျှင် Google Assistant ထဲမှာပင် Email ဖွင့်ပေးပါ (Show me my emails) ဟု ရိုက်ထည့်လိုက်လျှင် မိမိ အီးမေးထဲ နောက်ဆုံး ဝင်ထားသည့် အီးမေးနှစ်ခု သုံးခုလောက်ကို ဆွဲထုတ်ဖော်ပြ ပေးလိမ့်မည်။ သုံးပါများလာလျှင် Email ဟု ရိုက်ထည့်လိုက်ရုံဖြင့် မိမိ အီးမေးကို ဖွင့်ခိုင်းကြောင်း Google Assistant က နားလည်ကာ တန်းဖွင့်ပေးလိမ့်ဦးမည်။
နောက်ဆုံးရ သတင်းများ ကြည့်နိုင်သည်
အားကစားသတင်း၊ နိုင်ငံတကာ သတင်း၊ နည်းပညာ သတင်း စသည် စသည်ဖြင့် သိလိုရာကို Google Assistant ထဲ ရိုက်ထည့် ပေးလိုက်ရုံဖြင့် သက်ဆိုင်ရာ အကြောင်းအရာတွေကို ရှာဖွေသယ်ဆောင် လာပေးလိမ့်မည်။
ဗီဒီယိုတွေလည်း ရှယ်ယာ လုပ်နိုင်သည်
သူငယ်ချင်းတွေနဲ့ Allo Chat box ကနေ စကားပြောနေရင်း ဗီဒီယို တစ်ခုအကြောင်း စကားစပ်မိကြသဖြင့် သက်ဆိုင်ရာ ဝဘ်ဆိုက် လိပ်စာကို Share လုပ်ချင်လျှင် Browser ထဲသွား၊ Google မှာ ရှာပြီးမှ Link ကို ကော်ပီယူကာ Chat box ကနေ ပို့နေရတာ အလုပ်ရှုပ်လှသည်။ Allo က ထိုပြဿနာကို ဖြေရှင်းပေးလိုက်သည်။ Allo ထဲကနေ သူငယ်ချင်းတွေ စကားပြောနေရင်းပင် @Google  ခံပြီး မိမိညွှန်းလိုသည့် ရုပ်ရှင်၊ သီချင်းကို ရိုက်ထည့်ပေး လိုက်သည်နှင့် သက်ဆိုင်ရာ လင့်ခ်ကို Google Assistant က အလိုအလျောက် ရှာဖွေကာ ဖော်ပြပေးလိမ့်မည်။ မိမိကိုယ်တိုင် တကူးတက ရှာဖွေနေစရာ မလို။ သူငယ်ချင်းနဲ့ အေးအေးဆေးဆေး စကားဆက်ပြောရုံပင်။
Google Assistant နဲ့ ပေါက်ကရတွေ လျှောက်ပြော ရတာလည်း ပျော်စရာကောင်းသည်
Google Assistant သည် လူသား အဖော်သဖွယ်လည်း ဖြစ်သည်။ မိမိမေးသော မေးခွန်းများကို ဟာသနှောပြီးလည်း ဖြေပေးနိုင်သေးသည်။ ဥပမာ “မင်း အသက်ရှိလား” (Are you alive?) ဟု မေးကြည့်ပါ။ “နည်းပညာက အဲ့လောက်ထိ မစွမ်းသေးဘူး ဖြစ်နေတယ်” (Technology isn’t there.Yet) ဟု မျက်နှာငယ် ပုံလေးနဲ့ ဖြေလိမ့်မည်။
အိမ်ထောင်ရှိလားဟု မေးကြည့်လျှင် “အလုပ်နဲ့ လက်ထပ်ထားသည်” ဟု ပြန်ဖြေလိမ့်မည်။
အကြိုက်ဆုံး ဇာတ်ကားတွေ ပြောပါဟု ရိုက်ထည့်လိုက်လျှင်လည်း “အကြိုက်ဆုံး ရွေးပြောဖို့တော့ တော်တော်ခက်တယ်” ဟု ပြန်ဖြေလိမ့်မည်။ ထို့နောက် ဆယ်စုနှစ်အလိုက် အကျော်ကြားဆုံး ဇာတ်ကားများ စာရင်းကို ခုနှစ်အလိုက် ဖော်ပြပေးလိမ့်မည်။ အတော်အသိဉာဏ်ရှိသည့် Google Assistant ဖြစ်၏။
Siri ၊ Google Now ၊ Cortana စသည်တို့နဲ့ အသားကျနေသူများ Allo ထဲက Google Assistant ဆီ ရောက်လာဖို့တော့ Google က အားစိုက် ဆွဲဆောင်ရလိမ့်ဦးမည်။ မည်သို့ပင်ဖြစ်စေ Chat app ထဲမှာ ကွန်ပျူတာ ဉာဏ်ရည်သုံး Google Assistant ကို အသားကျ ပေါင်းစပ်ထည့်သွင်း ပေးနိုင်တာနဲ့တင် Google ကို ချီးကျူးစရာ ကောင်းနေပြီ။
Ref: 9 of the coolest things Google's new Assistant can do in Allo By Jacob Siegal (BGR)


ယခုဘလော့သည်မိတ်ဆွေများထံမှပြန်လည်မျှဝေထားပါသည်
ကျွန်တော်ပိုင်နေရာလေးများ
ရောင်ပြန်လေးစာပေသို့ဒီမှာသွားပါ
18+တို့ဆုံဆည်းရာသိုဒီမှာသွားပါ
****အဆင်မပြေမှု့တစ်စုံတစ်ရာရှိပါက****
 
Facebook Account ဖြစ်တဲ့

အောက်ပါပုံလေးကိုနှိပ်ပြီးဝေဖန်အကြံပေးနိုင်ပါတယ်
https://www.facebook.com/yaungpyan.tec

****ကျွန်တော့်ရဲ့ ရောင်ပြန်လေး(နည်းပညာ)Page ကို Like နှိပ်ထားပါဦး****
https://www.facebook.com/yaungpyanlaytechnology/
@@@@စာပေ၀ါသနာပါရင်ကျွန်တော့်ရဲရောင်ပြန်လေး-စာပေ PageကိုLikeနှိပ်ထားပါဦး@@@@
https://www.facebook.com/yaungpyanebook/

Leave a Reply

အဆင်မပြေတာများ ၊ လိုချင်တာများရှိရင်မှာခဲ့ပါ။

ကျွန်တော့်ရဲ့ရေးဖော်ရေးဖက်များ

Yaung Pyan Lay (ရောင်ပြန်လေး နည်းပညာ)
ဂျူးကလေး(ရောင်ပြန်လေး စာပေ)
Mr Yaung Pyan (Golden Myanmar)
ကိုမြတ် ( MICT Garden)
ငွေဇင်မိုး (ငွေဇင်မိုး မုံရွာ)
Aung Ko Latt (Aung Ko Latt စွယ်စုံ)
Maung Pauk (မောင်ပေါက်နည်းပညာ)
CKKH(နည်းပညာ)

Subscribe to Posts | Subscribe to Comments

@Copy Right 2016 / Designe By ရောင်ပြန်လေး(နည်းပညာ) / Power By Yaung Pyan Lay

- Copyright © ​ရောင်​ပြန်​​လေး - Hatsune Miku - Powered by Blogger - Designed by Johanes Djogan -