ရေးသားသူ : Christ Leo Monday, October 10, 2016

Android ဖုန်းများအတွက် Universal Systemless Interface ဆိုင်ရာ Magisk ကိုထည့်သွင်းနည်းကို 
Android System ပိုင်းကို လေ့လာလိုက်စားနေကြတဲ့ညီအကိုများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Android ပိုင်းတွင် Security ကို ဘယ်လောက်ပဲ လုံခြံရေးမြှင့်ထားထား System ပိုင်းကို ထွင်းဖောက်ရန် ကြိုးစားနေကြတဲ့ developers များအတွက်ကတော့ challenge များကတော့ Root access ကိုရယူနိုင်ဖို့ ယိုပေါက်များစွာ ရှိနေကြဆဲပဲဖြစ်မှာပါ။

ပြီးခဲ့တဲ့ နှစ်တွေက Root access ရရှိနိုင်ရန်အတွက် (systemless root) Chainfire ရဲ့
SuperSU ထွက်ရှိထားတာလည်းဖြစ်ပါတယ်၊ ဒါကြောင့် Android community အတွက်
SusperSu ကတော့ great enthusiasm ဆိုပြီး Welcome ပြုလုပ်ခဲ့ကြတာပဲဖြစ်ပါတယ်။

Systemless root ကို ထုတ်လုပ်ထားတဲ့ Chainfire ကတော့ အသုံးပြုသူ users များအတွက် 
System partition များကို Modify ပြုလုပ်စရာမလိုပဲ Root Access ရရှိရန် ခွင့်ပြုပေးထားတာပဲဖြစ်ပါတယ်။

Magisk ကတော့ systemless interface တစ်မျိုးဖြစ်ပြီး developers များအနေဖြင့်
system files များကို  ပြောင်းလဲ စရာမလိုပဲ Android devices များတွင်
Custom MODs များကို အလွယ်တကူ အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။

Magisk ကို xda ရဲ့ Developer တစ်ယောက်ဖြစ်တဲ့  topjohnwu မှ ရေးဆွဲပေးထားတာပဲဖြစ်ပါတယ်
Magisk ကို The Universal Systemless Interface လို့လည်း လူသိများကြတာပဲဖြစ်ပါတယ်။


Feature log of Magisk
 
     Magic Mount

 Magic Mount တွင် existing file နှင့် directories များကို
Replace အနေဖြင့် Modify ပြုလုပ်ခွင်ကို ပေးလိမ့်မယ် မဟုတ်ပါ 

 သို့သော်ငြားလည်း System ထဲသို့ File အသစ်များနဲ့ directories များကို
Add ပြုလုပ်ရယူနိုင်အောင်တော့ Support လုပ်ပေးထားပါတယ်။

(မှတ်ချက်) ဖေါ်ပြပါ အကြောင်းအရာသည် systemless-ly! အတွက် 
 existing mods များအားလုံးအတွက် အလုပ်လုပ်နိုင်မှာပဲဖြစ်ပါတယ်။


        Multiple Entry Points


         Multiple Entry Points တွင် Magic Mount ကသူ့ချည်းသက်သက်ဆိုရင်တော့
System File များကို Modify ပြုလုပ်နိုင်ဖို့ စွမ်းအား သိပ်မရှိပါ

Magisk က developers များအတွက် several entry points ကိုထောက်ပံ့
ပေးနိုင်ပါတယ်၊ ပြီးတော့ boot times မျိုးစုံအတွက် scripts ကို Run ယူနိုင်ပါတယ်။

developers များအနေဖြင့် System File များကို Modify ပြုလုပ်ချင်တယ်ဆိုပေမယ့်လည်း
တကယ်လို့သာ Scripts သာ အဆင်မပြေဖြစ်နေခဲ့ရင်တော့ Boot process ကို
Block လုပ်ထားခံမှာပဲဖြစ်ပါတယ်။


Remove verity / forceencrypt 

 Remove verity / forceencrypt နှစ်ခုလုံးက configurable များဖြစ်သလို
 magisk file သည်လည်း SuperSu ကဲ့သို့ configure ပြုလုပ်နိုင်ပါတယ်။

Developers များအတွက် စိုးရိမ်မလိုတာတစ်ခုကတော့ Boot image များကို
Modify အလွယ်တကူ ပြုလုပ်ရယူနိုင်ကြမှာလည်း ဖြစ်ပါတယ်။
       
    အရေးကြီးတဲ့ mods များဖြစ်ကြတဲ့ Root & Xposed စတာတွေဟာ
Magisk interface အပေါ်မှာ အားလုံးအခြေံနေတာလည်းဖြစ်ပါတယ်။

magisk.img သည်လည်း Large mods များအတွက် Auto Support
လုပ်ပေးနိုင်မှာဖြစ်သလို၊ Contents များကို remove ပြုလုပ်ပြီးသော်လည်း
Space များအတွက် ဖန်တီးပေးနိုင်မှာလည်းဖြစ်ပါတယ်။

လိုအပ်ချက်များ
===========
1. ဖုန်းမှာ TWRP Recovery ထည့်သွင်းထားရပါမည်။

2. Download Magisk v7 (.zip) 

3. Read Instruction (လမ်းညွှန်အတိုင်းပြုလုပ်ပါ။






How to Install Magisk 
================
1. အထက်ပါ ဒေါင်းလော့လင့်မှ  Magisk zip file ကိုရယူလိုက်ပြီး
Device storage သို့ Copy ကူးထည့်ပေးလိုက်ပါ။

2. ဖုန်းကို ပါဝါပိတ်ပြီး TWRP recovery Mode သို့ဝင်လိုက်ပါ။

3. TWRP recovery Mode တွင် Install ကိုတစ်ချက်နှိပ်ပြီး Magisk.zip ကိုရွေးချယ်လိုက်ပါ။

4. Swipe to Confirm Flash ဆိုပြီး Flashing process ကိုစတင်လိုက်ပါ။

5. ထည့်သွင်းပြီးသွားတဲ့အခါ ဖုန်းကို Reboot ချပေးလိုက်ပါ။

6. ပြန်တက်လာပြီးရင်တော့ သင့်ဖုန်းမှာ Magisk systemless interface ကို 
ထည့်သွင်းပြီးဖြစ်လို့ Sereral MODs များကို System Files များမပါပဲ
အလွယ်တကူ Modify & Add ပြုလုပ်ရယူနိုင်ပါပြီ။



Ref-How to Install Magisk, the Universal Systemless Interface for Android



အားလုံးကိုကျေးဇူးတင်ပါတယ်



ဇူးနစ်(နည်းပညာ)

BlockAdz





Leave a Reply

အဆင်မပြေတာများ ၊ လိုချင်တာများရှိရင်မှာခဲ့ပါ။

ကျွန်တော့်ရဲ့ရေးဖော်ရေးဖက်များ

Yaung Pyan Lay (ရောင်ပြန်လေး နည်းပညာ)
ဂျူးကလေး(ရောင်ပြန်လေး စာပေ)
Mr Yaung Pyan (Golden Myanmar)
ကိုမြတ် ( MICT Garden)
ငွေဇင်မိုး (ငွေဇင်မိုး မုံရွာ)
Aung Ko Latt (Aung Ko Latt စွယ်စုံ)
Maung Pauk (မောင်ပေါက်နည်းပညာ)
CKKH(နည်းပညာ)

Subscribe to Posts | Subscribe to Comments

@Copy Right 2016 / Designe By ရောင်ပြန်လေး(နည်းပညာ) / Power By Yaung Pyan Lay

- Copyright © 2025 ​ရောင်​ပြန်​​လေး - Hatsune Miku - Powered by Blogger - Designed by Johanes Djogan -