- မူရင်းစာမျက်နှာ »
- Other Webdeveloper Lesson »
- html_14
ရေးသားသူ : Christ Leo
Thursday, September 15, 2016
HTML List
ဒီအခန်းမှာတော့ HTML List တွေအကြောင်းကိုသင်ပြသွားပါမယ်၊ HTML List တွေကို သင့်ဝက်ဆိုက်မှာ အစီအစဉ်ကျတဲ့စာရင်းပုံစံ တွေကိုတည်
ဆောက်ရာမှာ အသုံးဝင်လှပါတယ်၊ အခု List တည်ဆောက်ပုံသုံးမျိုးကိုသင်ပြပေးသွားမယ်၊ Ordered List , Unordered List နဲ့ Defination List တို့ပါ၊
Ordered List
Ordered List ဆိုတာကတော့ အစီအစဉ်ကျတဲ့ စာရင်တည်ဆောက်ပုံတွေကိုခေါ်ပါတယ်၊ နာပတ်တွေ နဲ့ တည်ဆောက်ထားတာပါ၊ အမှတ်စဉ် ၁၊ အမှတ်စဉ်
၂ ဆိုပြီးတည်ဆောက်ပုံပါ၊ အောက်က ပုံကိုကြည့်လိုက်ပါ ပိုပြီးနားလည်သွားအောင်၊
အထက် က ပုံမှာ The following are list of lessons ဆိုတာကတော့ ခေါင်းကြီးစာလုံးဖြစ်တဲ့
ဆိုတဲ့ HTML Tag နဲ့ တည်ဆောက်ထားပါတယ်၊
အောက် က 1, 2, 3, 4, 5 ကတော့ list တွေပါ၊ သူတို့တွေကိုတည်ဆောက်ရင် နံပါတ်တွေရေးစရာမလိုဘူး၊ List Tags ဖြစ်တဲ့
အဖွင့် နဲ့

အပိတ်တို့ကိုထည့်လိုက်ရင် သူ့အလိုလိုနံပါတ် တပ်ပေးပီးသား၊ အောက်မှာ ဥပမာ ကြည့်ကြည့်

HTML

HTML5

CSS

CSS3

JavaScript

အထက်က လို စာရင်းပြုစုချင်တဲ့ စာသားရဲ့ ရှေ့နဲ့ နောက်မှာ
အဖွင့်နဲ့
အပိတ်တို့ကိုထည့်ပေးရပါတယ်၊ ဒါဆိုရင်တော့ သူ့လိုလို
စာရင်းဖြစ်သွားမှာပါ၊ ဒါပေမယ့် နောက်ထပ်အချက်တစ်ခုတော့ ကျန်သေးတယ်၊ အဲ့ဒါကတော့ သင်ရေးမယ့် စာရင်းက Ordered List အစီအစဉ်တကျဖြစ်တဲ့
စာရင်းလား၊ Unordered List အစီအစဉ်မကျတဲ့ စာရင်းလားဆိုတာကိုတော့သိ ဖို့လိုတယ်၊ အထက်က က ရှင်းပြခဲ့သလိုပဲ အစီအစဉ်ကျစာရင်းကိုမှသာလျှင်
နံပါတ်တွေနဲ့ ဖော်ပြမှာ၊ ဒီတော့ သင်ရေးလိုက်တဲ့ကုတ်က အစီအစဉ်ကျတဲ့စာရင်းဖြစ်ကြောင်းကိုဖော်ပြရမယ်၊ ဒါ့ကြောင့် သင့် စာရင်း အစ နဲ့
စာရင်းတွေအားလုံးအဆုံးမှာ Ordered List ရဲ့ HTML Tags ဖြစ်တဲ့
အဖွင့် နဲ့
အပိတ်တို့ကိုထည့်ပေးလိုက်၊ အောက်က အတိုင်း

HTML

HTML5

CSS

CSS3

JavaScript

အထက်က ပုံမျိုး သင့်ရဲ့စာရင်းတွေကို HTML tags တွေနဲ့ ၀န်းရံပြီးရေးလိုက်ရင် အဖြေမှာတော့ အပေါ်မှာပြထားတဲ့စာရင်းတွေပုံစံဖြစ်တဲ့ 1, 2,3, 4, 5
နံပါတ်တွေနဲ့ စာရင်းကိုရမယ်၊
Unodered List
အကယ်၍ အထက် က ကုတ်တွေကို Ordered List တွေမဖြစ်စေချင်ပဲ Unordered List အစီအစဉ်မကျတဲ့စာရင်းတွေဖြစ်စေချင်တယ်ဆိုရင်တော့
စာရင်းအမျိုးအစားကိုသတ်မှတ်တဲ့
အဖွင့်နဲ့
အပိတ်တို့နေရာမှာ Unordered List ရဲ့ HTML Tags တွေဖြစ်တဲ့
အဖွင့်နဲ့

အပိတ်တို့ကိုထည့်ပေးရမယ်၊ ဒါဆိုရင်တော့ သင်ရေးရမယ့်ကုတ်က အောက်က အတိုင်းဖြစ်သွားမယ်၊

The following are list of lessons

HTML

HTML5

CSS

CSS3

JavaScript

အထက်က အတိုင်း Unordered List ကိုရေးရင်ဖြင့် အောက်က ပုံမျိုးနဲ့ တူတဲ့ သင့်ရဲ့ ၀က်ဆိုက်စာမျက်နှာကိုတွေ့ရမှာပါ၊
အထက်က တော့ Unordered List နဲ့ တည်ဆောက်ထားတဲ့ စာရင်းပုံစံပါ၊
List တွေကိုတည်ဆောက်ရာမှာ ထူးခြားတဲ့ List တစ်မျိုးရှိပါတယ်၊ ဒါကတော့ Defination List ပါ၊ သူ့ကိုတော့ Dictonary ရေးတဲ့အခါ လုပ်ငန်းသုံး
စာလုံးတွေကိုရှင်းပြတဲ့အခါမျိုးမှာသုံးပါတယ်၊ Defination List တွေဖြစ်တဲ့ အတွက် သူတို့ကို
အဖွင့်
အပိတ်တို့နဲ့ သတ်မှတ်ပါတယ်၊
ရှင်းပြမယ့်စာသားကိုတော့ Defination Data တွေဖြစ်တဲ့အတွက်
အဖွင့် နဲ့
အပိတ်တို့ကိုသုံးပြီး သတ်မှတ်ပါတယ်၊
ဆိုကြပါစို့ သင်က လူ ဆိုတဲ့ စာလုံးရဲ့ အဓိပ္ပါယ်ကိုရှင်းပြချင်တယ်၊ အောက်က အတိုင်းပေါ့၊
Human
An evolution of ape, example Roney from Manchester United Club
အထက်က လို ပထမစာလုံးကို အောက်က စာကြောင်းက အဓိပ္ပါယ်ဖွင့်ချင်တဲ့အခါမျိုးမှာ Defination List ကိုသုံးပြီးရေးပါတယ်၊ အထက်က
စာကြောင်းမျိုးသင့်ဝက်ဆိုက်မှာပေါ်အောင်အောက်က အတိုင်းရေးနိုင်တယ်၊

Human

An evolution of ape, example: Roney from Manchester United Club

ပထမ
အဖွင့်အပိတ် ကြားမှာတော့ အဓိပ္ပါယ် ဖွင့်လိုတဲ့ စာလုံးကို ထည့်ထားတယ်၊ ဒုတိယ စာကြောင်းကတော့ ပထမ စာလုံးရဲ့ အဓိပ္ပါယ်ကို ရှင်းပြဖို့
အတွက်ရေးတဲ့ ၀ါကျ၊ အထက်က အတိုင်းရေးလိုက်ရင် သင့်ဝက်ဆိုက်မှာ အောက်ပါပုံအတိုင်း webpage ကိုတွေ့ရမယ်၊
အထက်က ဥပမာ ကတော့ list style တွေထဲက Defination List တည်ဆောက်ပုံဥပမာပါ၊
ယခုဘလော့သည်မိတ်ဆွေများထံမှပြန်လည်မျှဝေထားပါသည်
ကျွန်တော်ပိုင်နေရာလေးများ
ရောင်ပြန်လေးစာပေသို့ဒီမှာသွားပါ
18+တို့ဆုံဆည်းရာသို့ဒီမှာသွားပါ
****အဆင်မပြေမှု့တစ်စုံတစ်ရာရှိပါက****
Facebook Account ဖြစ်တဲ့
အောက်ပါပုံလေးကိုနှိပ်ပြီးဝေဖန်အကြံပေးနိုင်ပါတယ်