ရေးသားသူ : Christ Leo Monday, September 19, 2016

ဘလော့ဂါလက်သစ်များအနေနဲ့ Blog မှာ Quick Edit လို့ခေါ်တဲ့ ခဲတံပုံလေးတဲ့ ဂွတွေ ဂွင်းတွေနဲ့ Power by Blogger ကိုဖြုတ်တဲ့နည်း ပြောပြချင်ပါတယ်.. ကျွန်တော်သိတဲ့နည်းနဲ့ ကျွန်တော် လုပ်ထားတဲ့နည်းပေါ့ခင်ဗျာ..

Quick Edit က နှစ်မျိုးပါ.. ပထမတစ်မျိုးက ခဲတံပုံလေးနဲ့ဖြစ်ပြီး နောက်တစ်မျိုးက ဂွတွေ၊ ဂွင်းတွေပါတဲ့ပုံပါ.

ခဲတံပုံ Quick Edit ကိုဖြုတ်နည်း ( Remove Quick Edit Pencil )
1. မိမိ Blogger ထဲကို Sign in ၀င်လိုက်ပါ..
2. Layout ကိုတစ်ချက်နှိပ်ပြီး ညာဘက်မှာ Post Page Box ထဲက Edit ဆိုတာကို နှိပ်လိုက်ပါ..


3. Post Page Option ကွက်ထဲကို ရောက်လာရင် Show Quick Editing ဆိုတဲ့စာသားရဲ့ အမှန်ခြစ်ကို တစ်ချက်နှိပ်ပြီး ဖြုတ်ပစ်လိုက်ပါ..


ဒါဆို ခဲတံ ပြုတ်သွားပြီ....

နောက်တစ်ခုက ဂွတွေ ဂွင်းတွေ ဖြုတ်နည်း ( Remove Quick Edit Spanner and Screwdriver )
1. မိမိ Blogger ထဲကို Sign in ၀င်လိုက်ပါ..
2.Template ကိုတစ်ချက်နှိပ်လိုက်ပါ.. ညာဘက်မှာ Love on Blog ဆိုတဲ့ ပုံရဲ့အောက်မှာ Customize ဆိုတာရှိတယ်.. အဲဒါကို နှိပ်လိုက်ပါ..


3. ဒါဆိုရင် Blogger Template Designer ထဲကို ရောက်သွားပါမယ်.. အဲဒီထဲက Advanced ကိုတစ်ချက်နှိပ်ပါ.. ညာဘက်မှာ Add custom CSS ဆိုတဲ့အကွက်ပေါ်လာပါမယ်.. တကယ်လို့များ Advanced ရဲ့ ညာဘက်နားမှာ List တွေထွက်လာခဲ့ရင် CSS ဆိုတာကို ရှာပြီး တစ်ချက်နှိပ်ပေးရပါမယ်..


ပေါ်လာတဲ့ ညာဘက်က Add custom CSS ခေါင်းစဉ်အောက်က အကွက်ထဲမှာ စာသားတစ်ချို့ ရှိချင်လည်းရှိနေနိုင်ပါတယ်.. တစ်ချို့က စာသားတွေ မရှိဘူး.. စာသားတွေရှိနေရင် အပေါ်ဆုံးမှာ
ကပ်ပြီး အောက်ကအနီရောင်နဲ့ရေးထားတဲ့ စာသားလေးကို ကူးထည့်ပေးလိုက်ပါ..



.quickedit{display:none;}

4. ကူးထည့်ပြီးရင်တော့ ညာဘက်အပေါ်ထောင့်နားက Apply to Blog ဆိုတာကို နှိပ်ပေးရပါမယ်.. ဒါဆိုရင်တော့ ပြီးသွားပါပြီ.. <<Back to Blogger ကိုနှိပ်ပြီး မိမိရဲ့ ဘလော့ကို ပြန်သွားနိုင်ပါပြီ...

Power by Blogger မှာ အစားထိုးနည်း
1. မိမိ Blogger ထဲကို Sign in ၀င်လိုက်ပါ..
2. Template ကိုတစ်ချက်နှိပ်ပြီး ညာဘက်က Edit HTML ဆိုတာကို တစ်ချက်နှိပ်လိုက်ပါ..


3. ပေါ်လာတဲ့အကွက်မှာ Expand Widget Templates  ရဲ့ဘေးက အကွက်လေးထဲကို တစ်ချက်နှိပ်ပြီး အမှန်ခြစ်ပေးလိုက်ပါ..

ခဏစောင့်ပြီးရင် အဲဒီအကွက်ကြီးထဲက စာသားတွေကြားထဲကို ကလစ်တစ်ချက်ချလိုက်ပါ..
4. ကီးဘုတ်ပေါ်က Control Key နဲ့ F ကိုတွဲနှိပ်လိုက်ပါ.. Search Box ကလေး တစ်ခု ထွက်လာပါမယ်.. သုံးထားတဲ့ Browser အလိုက် Search Box ရဲ့ ပုံစံ ကွဲပါတယ်.. Firefox မှာတော့ ဘယ်ဘက်အောက်နားလေးမှာပေါ်ပါတယ်.. အဲဒီ Search Box ထဲမှာ Powered by Blogger ကို ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ.. ဒါဆို Powered by Blogger ကို တွေ့မှာဖြစ်ပါတယ်.. အဲဒီစာသားကို ကိုယ်လိုချင်တဲ့စာသားနဲ့ အစားထိုးနိုင်ပါပြီ... အဆင်ပြေ. မပြေကို Preview ကိုနှိပ်ပြီးကြည့်ပါ.. ကုဒ်ရေးတာ တစ်ခုခုလွဲသွားရင်တော့ Preview ကမှားနေတယ်ဆိုတာကို ပြမှာဖြစ်ပါတယ်.. ဒါဆိုရင် Clear Edit ကိုနှိပ်လိုက်ပါ. ပြီးရင် ခုနကလို ပြန်ရှာပြီး အစားပြန်ထိုးပါ.. အစားထိုးတဲ့အခါ <>/ စတာတွေ မပါဖို့ သတိထားရပါမယ်.. စာသားပဲ အစားထိုးပါ..
5. Preview မှာ အဆင်ပြေပြီဆိုမှာ Save Template ကိုနှိပ်လိုက်ပါ.. ဒါဆို အဆင်ပြေပြီနှော်...



ဘလော့နဲ့ အများအကျိုး ဆောင်ရွက်နိုင်ပါစေ...
မောင်ပေါက်(နည်းပညာ)


ယခုဘလော့သည်မိတ်ဆွေများထံမှပြန်လည်မျှဝေထားပါသည်
ကျွန်တော်ပိုင်နေရာလေးများ
ရောင်ပြန်လေးစာပေသို့ဒီမှာသွားပါ
18+တို့ဆုံဆည်းရာသိုဒီမှာသွားပါ
****အဆင်မပြေမှု့တစ်စုံတစ်ရာရှိပါက****
 
Facebook Account ဖြစ်တဲ့

အောက်ပါပုံလေးကိုနှိပ်ပြီးဝေဖန်အကြံပေးနိုင်ပါတယ်
https://www.facebook.com/yaungpyan.tec

****ကျွန်တော့်ရဲ့ ရောင်ပြန်လေး(နည်းပညာ)Page ကို Like နှိပ်ထားပါဦး****
https://www.facebook.com/yaungpyanlaytechnology/
@@@@စာပေ၀ါသနာပါရင်ကျွန်တော့်ရဲရောင်ပြန်လေး-စာပေ PageကိုLikeနှိပ်ထားပါဦး@@@@
https://www.facebook.com/yaungpyanebook/

Leave a Reply

အဆင်မပြေတာများ ၊ လိုချင်တာများရှိရင်မှာခဲ့ပါ။

ကျွန်တော့်ရဲ့ရေးဖော်ရေးဖက်များ

Yaung Pyan Lay (ရောင်ပြန်လေး နည်းပညာ)
ဂျူးကလေး(ရောင်ပြန်လေး စာပေ)
Mr Yaung Pyan (Golden Myanmar)
ကိုမြတ် ( MICT Garden)
ငွေဇင်မိုး (ငွေဇင်မိုး မုံရွာ)
Aung Ko Latt (Aung Ko Latt စွယ်စုံ)
Maung Pauk (မောင်ပေါက်နည်းပညာ)
CKKH(နည်းပညာ)

Subscribe to Posts | Subscribe to Comments

@Copy Right 2016 / Designe By ရောင်ပြန်လေး(နည်းပညာ) / Power By Yaung Pyan Lay

- Copyright © ​ရောင်​ပြန်​​လေး - Hatsune Miku - Powered by Blogger - Designed by Johanes Djogan -