- မူရင်းစာမျက်နှာ »
- Other Facebookဆိုင်ရာ »
- ♪ သင့် TIMELINE မှ PUBLIC POSTS များကို FRIENDS များသာ မြင်အောင် ပြောင်းနည်း ♫
ရေးသားသူ : Christ Leo
Wednesday, August 17, 2016
သင့် Timeline မှာ အရင်က Public သို့မဟုတ် Friends of Friends အနေနဲ့ တင်ထားတဲ့ ပို့စ်များ ရှိနေနိုင်ပါတယ်။ အဲဒီပို့စ်များကို သင့်ရဲ့ Friends မဟုတ်တဲ့ လူများကလည်း မြင်တွေ့နိုင်ပါတယ်။ သင်က အခုကျမှ စိတ်ပြောင်းပြီး အဲဒီပို့စ်များကို Friends များကသာ မြင်နိုင်အောင် ပြုလုပ်ချင်ရင် နည်းလမ်းရှိပါတယ်။
အဲဒီ ပို့စ်များကို သင့်ရဲ့ Friends များက လွဲပြီး အခြားလူများ မမြင်အောင် ပိတ်နိုင်မယ့် နည်းလမ်းကို Facebook က ပြုလုပ်ပေးထားပါတယ်။ ပို့စ်တစ်ခုချင်းစီရဲ့ ညာဘက်မှ အောက်စိုက်နေတဲ့ မျှားကို နှိပ်ပြီး Edit Privacy ကနေ Friends ကို ပြောင်းပေးလို့ရပေမယ့် အလုပ်ရှုပ်ပါတယ်။ အခုဖော်ပြမယ့်နည်းလမ်းက Public Posts အားလုံးကို Friends များသာ မြင်အောင် တစ်ပြိုင်နက် ပြောင်းပေးမှာ ဖြစ်ပါတယ်။
၁။ Facebook App ကို ဖွင့်ပြီး ညာဘက်အပေါ်ထောင့်မှ Menu ကို နှိပ်ပါ။ Account Settings ကို နှိပ်ပါ။
၂။ Privacy ကို နှိပ်ပါ။
၃။ “ Limit the audience for posts ……….. “ ကို နှိပ်ပါ။
၎။ Limit Old Posts ကို နှိပ်ပါ။
၅။ Confirm ကို နှိပ်ပါ။
ဒါဆိုရင် သင် အရင်က Public သို့မဟုတ် Friends of Friends အနေနဲ့ မျှဝေထားတဲ့ ပို့စ်များကို သင့် Friends များကလွဲပြီး အခြားလူများ မမြင်ရတော့ပါဘူး။
Credit to ==> Myanmar Digital Life Journal
အခြားPostများကြည့်လိုပါကအပေါ်က Menu မှာကြည့်လို့ရပါတယ်နော်
ကျွန်တော်ပိုင်နေရာလေးများ
ရောင်ပြန်လေးစာပေသို့ဒီမှာသွားပါ
18+တို့ဆုံဆည်းရာသို့ဒီမှာသွားပါ
****အဆင်မပြေမှု့တစ်စုံတစ်ရာရှိပါက****
Facebook Account ဖြစ်တဲ့
အောက်ပါပုံလေးကိုနှိပ်ပြီးဝေဖန်အကြံပေးနိုင်ပါတယ်