ရေးသားသူ : Christ Leo Sunday, August 21, 2016

 တကယ်လို့ သင်ဟာသင်ကိုယ်ပိုင် Post တွေရေးသားချင်တဲ့ Page၊ Business လုပ်ချင်တဲ့ Page တစ်ခုကို Facebook မှာထောင်ထားတယ်ဆိုပါစို့၊ သင့် Page ကအသစ်စက်စက်ဆိုရင်၊ လူမရှိသေးရင်၊ သင့်အနေနဲ့ Page လေးကို လူသိအောင်လုပ်ဖို့ လိုအပ်ပါတယ်။ လူသိအောင်လုပ်ဖို့ဆိုရင် သင့် Personal Acc ထဲက Friend တွေကို အရင်Invite လုပ်တဲ့အဆင့်ကနေ စရမှာပေါ့။ ဒီအတွက် Friend တွေကို Invite လုပ်ဖို့နည်းလမ်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။

တကယ်လို့ သင်ဟာ Page ကို Invite စလုပ်တော့မယ်ဆိုရင် သင့်အနေနဲ့ သိထားရမှာက သင့်Page မှာ အရင်ဆုံး Article တစ်ခုလောက်တော့ တင်ထားမယ်ဆိုတာပါပဲ။ ဘာလို့လဲဆိုရင် တကယ်လို့ သင့်Page အနေနဲ့ အနည်ဆုံး Article တစ်ခုလောက်မှ မရှိရင် သင် Invite လုပ်တဲ့ လူတွေက ဝင်ကြည့်ပြီး ဘာမှမတွေ့ရင် ဒီအတိုင်းပြန်ထွက်သွားနိုင်တာကြောင့်ပါပဲ။ ဒါကြောင့်သင့်အနေနဲ့ အရင်ဆုံး Page ကိုမိတ်ဆက်တဲ့သဘော ဖြစ်ဖြစ် Post တစ်ခုလောက်တော့ သင့်Page အသစ်မှာ စတင်ထားသင့်ပါတယ်။ ဒါကတော့ Page ကို Invitation တွေမပို့ခင်လုပ်ထားရမှာလေးပါ။

ကဲ Invitation တွေစပြီး ပို့တော့မယ်ဆိုရင် ဘယ်လိုမျိုးပို့ဆောင်မလဲဆိုတာပြောပြပေးမှာပါ။ Invitation ပို့တာကတော့ ပုံစံနှစ်မျိုးရှိပါတယ်။ သာမန် Manual ပို့တာနဲ့ Extension ခံပြီး Auto ပို့တာဆိုပြီးပါ။ သာမန်ရိုးရိုး Manual ပို့တာကတော့ လွယ်ပါတယ်။ သင့် Facebook Page ထဲဝင်လိုက်ရင် Cover Photo မှာ ညာဘက်အောက်ထောင့်ဆုံးမှာ အစက်သုံးစက်နဲ့ Menu ခလုတ်တစ်ခုကိုတွေ့ရမှာဖြစ်ပြီး နှိပ်လိုက်ပြီးရင် အထဲက Invite Friend ဆိုတာကို
တွေ့ရပါလိမ့်မယ်။

 

Invite Friend ကိုနှိပ်လိုက်ရင် အောက်ပါပုံအတိုင်း မြင်ရမှာဖြစ်ပါတယ်။ သူငယ်ချင်းတွေကို Invite တစ်ယောက်ချင်းလိုက်လုပ်ရမှာပါ။

 

Mobile Version မှာလည်းအတူတူပါပဲ တစ်ယောက်ချင်းစီ Select လုပ်ပြီးတော့ Invite လုပ်ရမှာမို့ ကွဲပြားမှုသိပ်မရှိပါဘူး။ ကဲ အခုကတော့ ကျွန်တော့်အနေနဲ့ တစ်ယောက်ချင်းစီ Manuel လုပ်တာက အချိန်ကုန်၊ လူလည်း ပင်ပန်းတာမို့ လွယ်ကူစွာပဲ ပြုလုပ်နိုင်မယ့် နည်းလမ်းတစ်ခုကို ပြောပြပေးမှာပါ။ ကျတော်လုပ်ထားတဲ့ Page ကလည်း အသစ်ဖြစ်တာမို့ ဘယ်သူ့ကိုမှ Invitation မလုပ်ရသေးပါဘူး။

အရင်ဆုံး ပထမလုပ်ရမှာက Chrome Browser နဲ့ သင့် Facebook ကို Log In လုပ်ပြီး သင်ထောင်ထားတဲ့ Page ကိုသွားလိုက်ပါ။ ပြီးရင် Google Search မှာ facebook invite all လို့ရိုက်ရှာလိုက်ပါ။ ကျတော် Link ပါတွဲထားပေးပါတယ်။

 
ပြီးရင် အပေါ်ဆုံးမှာ သင်တွေ့ရတဲ့ Link ထဲဝင်လိုက်ပါ။ ပုံပါအတိုင်းပါပဲ။ Facebook Invite All ဆိုတဲ့ chrome web store ကိုရောက်သွားမှာဖြစ်ပြီး Add to Chrome ကိုနှိပ်ပြီး Comfirm ပေးလိုက်ပါ။

 

အောက်ပုံမှာပြထားတဲ့အတိုင်းအမှန်ခြစ် Icon လေးကသင့် Chrome Bar မှာရှိနေရင်ရပါပြီ။

 

ပြီးရင်တော့ သင့်Page ထဲကိုသွားပြီး ခုနက Menu ကီးကို နှိပ်လိုက်ပြီး ခုနကလိုပဲ invite friend ကိုနှိပ်လိုက်ပါ။ အဲ့ဒါက Invite မလုပ်ရသေးခင်အခြေအနေပါပဲ။ ပြီးရင် ခုနကပေါ်နေတဲ့ အမှန်ခြစ် Extention Icon ကိုနှိပ်လိုက်ပါ။

စပြီးသင့်Friend List ထဲက လူတွေကို Invite လုပ်နေပါပြီ။ လူများရင်များသလောက်နည်းရင်နည်းသလောက်အချိန်အနည်းငယ်ပေးရပါတယ်။ ကျတော်ကတော့ Friend ကိုးရာလောက်ပဲရှိလို့ စက္ကန့်ပိုင်းပဲကြာတာကိုတွေ့ရပါတယ်။ ပြီးသွားရင်ဒီအတိုင်းမြင်ရမှာပါ။

 

ကဲ အဲ့ဒါဆိုရင်တော့ သင့်အနေနဲ့ သင့်Friend List ထဲကလူတွေအားလုံးကို Invite လုပ်ပြီးဖြစ်နေပါပြီ။ ဒီနည်းလမ်းလေးက ဘာမှမခက်ခဲသလို၊ သင့်ကိုအချိန်ရော၊ လူပါသက်သာစေပါတယ်။ Friend အသစ်တွေထပ်ဝင်လာရင်လည်း Invite friend ကိုနှိပ်ပြီး Extention ကိုပြန်နှိပ်လိုက်ရင် Invite မလုပ်ရသေးတဲ့ Friend တွေကိုချည်းရွေးပြီး Invite လုပ်သွားမှာဖြစ်ပါတယ်။

ဒီနည်းလမ်းလေးကိုသဘောကျတယ်ဆိုရင်၊ တခြားလူတွေလည်း ဒီPost လေးကိုသိမြင်နိုင်အောင် ဒီ Article လေးကို Share လုပ်ပေးပါဦး။ digitaltimes.com.mm အနေနဲ့ မိတ်ဆွေတို့အတွက် ထပ်မံထူးခြားကောင်းမွန်တဲ့
အကြောင်းအရာလေးတွေကို ယူဆောင်လာခဲ့ပါဦးမယ်။

 Credit - digitaltimes.com.mm


ယခုဘလော့သည်မိတ်ဆွေများထံမှပြန်လည်မျှဝေထားပါသည်
ကျွန်တော်ပိုင်နေရာလေးများ
ရောင်ပြန်လေးစာပေသို့ဒီမှာသွားပါ
18+တို့ဆုံဆည်းရာသိုဒီမှာသွားပါ
****အဆင်မပြေမှု့တစ်စုံတစ်ရာရှိပါက****
 
Facebook Account ဖြစ်တဲ့

အောက်ပါပုံလေးကိုနှိပ်ပြီးဝေဖန်အကြံပေးနိုင်ပါတယ်
https://www.facebook.com/yaungpyan.tec

****ကျွန်တော့်ရဲ့ ရောင်ပြန်လေး(နည်းပညာ)Page ကို Like နှိပ်ထားပါဦး****
https://www.facebook.com/yaungpyanlaytechnology/
@@@@စာပေ၀ါသနာပါရင်ကျွန်တော့်ရဲရောင်ပြန်လေး-စာပေ PageကိုLikeနှိပ်ထားပါဦး@@@@
https://www.facebook.com/yaungpyanebook/

Leave a Reply

အဆင်မပြေတာများ ၊ လိုချင်တာများရှိရင်မှာခဲ့ပါ။

ကျွန်တော့်ရဲ့ရေးဖော်ရေးဖက်များ

Yaung Pyan Lay (ရောင်ပြန်လေး နည်းပညာ)
ဂျူးကလေး(ရောင်ပြန်လေး စာပေ)
Mr Yaung Pyan (Golden Myanmar)
ကိုမြတ် ( MICT Garden)
ငွေဇင်မိုး (ငွေဇင်မိုး မုံရွာ)
Aung Ko Latt (Aung Ko Latt စွယ်စုံ)
Maung Pauk (မောင်ပေါက်နည်းပညာ)
CKKH(နည်းပညာ)

Subscribe to Posts | Subscribe to Comments

@Copy Right 2016 / Designe By ရောင်ပြန်လေး(နည်းပညာ) / Power By Yaung Pyan Lay

- Copyright © ​ရောင်​ပြန်​​လေး - Hatsune Miku - Powered by Blogger - Designed by Johanes Djogan -