ရေးသားသူ : Christ Leo Tuesday, August 30, 2016


ဒီနေ့ခေတ် Messenger များမှာ မပါမဖြစ် ပါရှိလေ့ရှိတာကတော့ Emoji လေးများပါပဲ။ Emoji လေးများဟာ သူငယ်ချင်း၊ မိသားစုများနဲ့ Chat ပြုလုပ်ရာမှာ ပျော်ရွှင်ခြင်း၊ ၀မ်းနည်းခြင်း၊ အံ့သြခြင်း စတဲ့ သင့်ရဲ့ ခံစားချက်များကို ချစ်စရာရုပ်ပုံလေးများနဲ့ ပြောပြနိုင်တာ ဖြစ်ပါတယ်။ သင်နဲ့ တူတဲ့ Emoji ရုပ်ပုံလေးများကို သင်ကိုယ်တိုင် ပြုလုပ်ပြီး သူငယ်ချင်းများနဲ့ မျှဝေချင်ရင်တော့ Bitmoji ဆိုတဲ့ Android App အသစ်ကို အသုံးပြုနိုင်ပါတယ်။ Bitmoji ကို အသုံးပြုပြီး သင့်ရဲ့ ပုံတူ Emoji လေးတစ်ခု ပြုလုပ်လိုက်တာနဲ့ သင့်ရဲ့ Emoji အတွက် Mode များစွာကို App က အလိုလို ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။

Bitmoji ကို အင်စတော လုပ်ပြီးရင် Facebook အကောင့်နဲ့ အသုံးပြုနိုင်သလို အကောင့် အသစ်တစ်ခု ပြုလုပ်နိုင်ပါတယ်။ ကျွန်တော်ကတော့ Facebook အကောင့်နဲ့ပဲ အသုံးပြုချင်တဲ့ အတွက် Continue with Facebook ကို နှိပ်ပါတယ်။

နောက်အဆင့်မှာ Bitmoji ရဲ့ အလုပ်လုပ်ပုံကို ရှင်းပြပေးထားပါတယ်။ ဘယ်ဘက် အပေါ်ထောင့်မှ ကြက်ခြေခတ် ခလုတ်ကို နှိပ်ပါ။

ကျွန်တော်ကတော့ Bitmoji ကို အသုံးပြုနေတာ တစ်ပတ်လောက်ကြာပြီ ဖြစ်လို့ ကျွန်တော့်ရဲ့ Emoji ကို ပြုလုပ်ပြီးသား ဖြစ်နေပါပြီ။ ပြုလုပ်ပြီး သူများအတွက် ညာဘက်အပေါ်ထောင့်မှ Edit ခလုတ်ကို နှိပ်ပြီး ပြင်ဆင်နိုင်ပါတယ်။ အခုမှ စသုံးသူတွေအတွက်တော့ Emoji တစ်ခု ပြုလုပ်ဖို့ ပြသပေးမှာပါ။

 

ပထမဆုံး မျက်နှာပုံသဏ္ဍာန်ကို ရွေးချယ်ခိုင်းပါတယ်။ သင့်မျက်နှာ ပုံသဏ္ဍာန်နဲ့ တူတဲ့ ပုံကို တစ်ချက်နှိပ်ပါ။ ပြီးရင်တော့ ညာဘက်ကနေ ဘယ်ဘက်သို့ ပွတ်ဆွဲပြီး နောက်အဆင့်ကို သွားပါ။ ဒါမှမဟုတ် ဘယ် ၊ ညာ မျှားလေးကို အသုံးပြုပြီး ရှေ့၊ နောက် ပြောင်းလဲနိုင်ပါတယ်။

 

နောက်အဆင့်တွေမှာတော့ အသားအရောင်၊ ဆံပင်အရောင်၊ ဆံပင် အရှည်၊ ဆံပင် ပုံစံ၊ မေးရိုး၊ မျက်ခုံး ၊ မျက်လုံး၊ သူငယ်အိမ်၊ နှာခေါင်း၊ ပါးစပ်၊ အရပ်အမြင့်၊ ခန္တာကိုယ်အနေအထား စတာတွေကို ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

ပြီးရင်တော့ ညာဘက်အပေါ်ထောင့်မှ အမှန်ခြစ် ခလုတ်ကို နှိပ်ပါ။ ဒါဆိုရင် သင့်ရဲ့ Emoji ကို ပြုလုပ်ပြီးဖြစ်ပြီး App ရဲ့ Main Screen ကို ရောက်ရှိမှာ ဖြစ်ပါတယ်။ အဲဒီမှာ သင့်ရဲ့ Emoji များကို ပြသပေးထားပါတယ်။ အပေါ်ဘက်မှာတော့ Mode မျိုးစုံကို ပြသပေးထားပါတယ်။

 

Emoji တစ်ခုကို သူငယ်ချင်းများနဲ့ Facebook Messenger, Hangouts, Viber , SMS ကနေ မျှဝေနိုင်ပါတယ်။ ဒီလို လုပ်ဖို့အတွက် မျှဝေချင်တဲ့ Emoji ကိုနှိပ်ပါ။ အောက်ဘက်မှာ မျှဝေချင်တဲ့ Messenger ကိုရွေးပေးပါ။

 

Viber ကို ရွေးချယ်မယ်ဆိုရင် နောက်အဆင့်မှာ သူငယ်ချင်းကို ရွေးပေးပါ။

 

ပြီးရင်တော့ SEND ခလုတ်ကို နှိပ်ပါ။

 

ဒါဆိုရင်တော့ သင့်ရဲ့ Emoji ကို အောက်ပါပုံမှာလို မျှဝေတာကို တွေ့နိုင်ပါတယ်။

 
 
 Emoji ကို မျှဝေနိုင်တဲ့ နောက်ထပ် နည်းတစ်နည်းက ပိုမိုကောင်းမွန်ပါတယ်။ Bitmoji App ကိုဖွင့်စရာမလိုတဲ့ အတွက် ပိုမိုအဆင်ပြေပါတယ်။ ဥပမာ အားဖြင့် Facebook Messenger ကိုဖွင့်ရင် သင်ပြုလုပ်ထားတဲ့ Bitmoji ရုပ်ပုံလေးကို Floating Icon အနေနဲ့ ထိပ်မှာ မြင်တွေ့နိုင်ပါတယ်။ အဲဒီ အိုင်ကွန်ကို နှိပ်ပြီး လွယ်ကူလျှင်မြန်စွာ Share လုပ်နိုင်ပါတယ်။

 

Bitmoji ရဲ့ Settings ထဲမှာ “ Show In-App Floater” ဆိုတဲ့ Option ကိုမြင်တွေ့နိုင်ပါတယ်။ ဒါကတော့ Floating Icon ကို အဖွင့်အပိတ်လုပ်တာဖြစ်ပါတယ်။

 

Bitmoji ဟာ သင်နဲ့ တူတဲ့ Emoji ရုပ်ပုံလေးများ ဒါမှမဟုတ် သင့်စိတ်ကြိုက်ရုပ်ပုံလေးများ ပြုလုပ်နိုင်လို့ ပျော်စရာကောင်းတဲ့ Fun App တစ်ခုဖြစ်ပါတယ်။ Bitmoji ကို Android 4.0 နဲ့ သူ့အထက်မှာ အသုံးပြုနိုင်ပါတယ်။


https://play.google.com/store/apps/details?id=com.bitstrips.imoji&hl=en


Credit - www.myanmardigitallife.com


ယခုဘလော့သည်မိတ်ဆွေများထံမှပြန်လည်မျှဝေထားပါသည်
ကျွန်တော်ပိုင်နေရာလေးများ
ရောင်ပြန်လေးစာပေသို့ဒီမှာသွားပါ
18+တို့ဆုံဆည်းရာသိုဒီမှာသွားပါ
****အဆင်မပြေမှု့တစ်စုံတစ်ရာရှိပါက****
 
Facebook Account ဖြစ်တဲ့

အောက်ပါပုံလေးကိုနှိပ်ပြီးဝေဖန်အကြံပေးနိုင်ပါတယ်
https://www.facebook.com/yaungpyan.tec

****ကျွန်တော့်ရဲ့ ရောင်ပြန်လေး(နည်းပညာ)Page ကို Like နှိပ်ထားပါဦး****
https://www.facebook.com/yaungpyanlaytechnology/
@@@@စာပေ၀ါသနာပါရင်ကျွန်တော့်ရဲရောင်ပြန်လေး-စာပေ PageကိုLikeနှိပ်ထားပါဦး@@@@
https://www.facebook.com/yaungpyanebook/

Leave a Reply

အဆင်မပြေတာများ ၊ လိုချင်တာများရှိရင်မှာခဲ့ပါ။

ကျွန်တော့်ရဲ့ရေးဖော်ရေးဖက်များ

Yaung Pyan Lay (ရောင်ပြန်လေး နည်းပညာ)
ဂျူးကလေး(ရောင်ပြန်လေး စာပေ)
Mr Yaung Pyan (Golden Myanmar)
ကိုမြတ် ( MICT Garden)
ငွေဇင်မိုး (ငွေဇင်မိုး မုံရွာ)
Aung Ko Latt (Aung Ko Latt စွယ်စုံ)
Maung Pauk (မောင်ပေါက်နည်းပညာ)
CKKH(နည်းပညာ)

Subscribe to Posts | Subscribe to Comments

@Copy Right 2016 / Designe By ရောင်ပြန်လေး(နည်းပညာ) / Power By Yaung Pyan Lay

- Copyright © 2025 ​ရောင်​ပြန်​​လေး - Hatsune Miku - Powered by Blogger - Designed by Johanes Djogan -