ရေးသားသူ : Christ Leo Thursday, August 18, 2016


၁၉၈၇ ခုနှစ်မှာ GIF ဖိုင်တွေကို စတင်မိတ်ဆက်ခဲ့ပြီးကတည်းက၊ အင်တာနက်လောကမှာ GIF ဖိုင်တွေဟာ အဓိကနေရာတစ်ခုကနေ ပါဝင်ခဲ့တယ်ဆိုတာ လူတိုင်းသိကြမှာပါ။ အခုဆို Facebook မှာလည်း GIF ဖိုင်တွေကို တိုက်ရိုက်ကြည့်နိုင်အောင် လုပ်ပေးထားပြီးပြီဆိုတော့၊ ရယ်စရာ GIF လေးတွေ၊ ထူးထူးဆန်းဆန်း GIF လေးတွေကို ကျနော်တို့ နေ့စဉ်တွေ့နေရပါတယ်။
ဒါဆို ဒီထဲကမှ ကိုယ်ကြိုက်တဲ့ GIF ဖိုင်လေးတစ်ခုကို ဖုန်း wallpaper အဖြစ်ထားချင်တယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ ပုံမှန်အရ ဖုန်း Wallpaper ကို ဗီဒီယိုနဲ့ GIF တွေ ထားလို့မရပါဘူး။ ဒါပေမယ့် Android စနစ်ရဲ့ လွတ်လပ်တဲ့သဘောသဘာဝကြောင့်  app တစ်ခု အကူအညီနဲ့ ဖုန်း wallpaper ကို GIF တင်ထားလို့ရပါတယ်။

တစ်ခုသတိပြုရမှာက၊ ဒီ app ဟာ ပုံမှန်ထက် သင့်ဘက်ထရီကို အနည်းငယ်ပိုအကုန်မြန်စေမှာဖြစ်ပါတယ်။ ဖုန်းမှာ ကိုယ့်စိတ်ကြိုက် GIF ကို wallpaper တင်ထားချင်သူတွေအတွက်ဖြစ်ပြီး၊ ကိုယ့်ဖုန်းကို သူများနဲ့မတူ၊တစ်မူထူးချင်သူတွေ အကြိုက်တွေ့မယ့် app ဖြစ်ပါတယ်။
အဆင့် (၁) ပထမဦးဆုံး App တစ်ခုအကူအညီယူရပါမယ်
စိတ်အချရဆုံးနဲ့ အခမဲ့ရနိုင်တဲ့ app ကတော့ AnimGIF Live Wallpaper 2 Lite ဖြစ်ပါတယ်။ 
အဆင့် (၂) – GIF ရှာမယ်
ဒီအဆင့်မှာတော့ ကိုယ့်ဖုန်းနဲ့ လိုက်မယ့်၊ ကိုယ့်စိတ်ကြိုက် GIF ဖိုင်တစ်ခုကို အင်တာနက်က ရှာပါ။ GIF အစုံအလင်ရှိတဲ့ Giphy ကနေ ရှာနိုင်သလို၊ Google ကနေလည်း ရှာနိုင်ပါတယ်။ ဖုန်း resolution နဲ့ ညီတဲ့ GIF ဖိုင်မျိုးဆို အကောင်းဆုံးဖြစ်ပြီး၊ အနည်းငယ် resolution နည်းတဲ့ဖိုင်တွေလည်း အလုပ်ဖြစ်ပါတယ်။ GIF ဖိုင်တွေ့ရင် ဒေါင်းလုဒ်ဆွဲပြီး၊ ဖုန်းထဲ save လိုက်ပါ။
အဆင့် (၃) – App စသုံးမယ်
AnimGIF Live Wallpaper 2 Lite ကို install လုပ်ပြီးပြီဆိုရင်၊ အထဲဝင်လိုက်ပါ
အပေါ်ဆုံးက AnimGIF LWP 2 ကို နှိပ်လိုက်ပါ
စခရင် ဘယ်ဘက်အပေါ်ထောင့်က Settings ခလုတ်ကို နှိပ်ပြီး၊ ‘Settings’ ထဲဝင်ပါ။
Select GIF files ကို ရွေးလိုက်ပါ။
  • မိမိဖုန်းထဲက ကိုယ် wallpaper ထားချင်တဲ့ GIF နေရာကို ရှာပြီး၊ ရွေးပေးလိုက်ပါ။
  • ပြီးရင် back ခလုတ်နဲ့ ပြန်ထွက်ပြီး၊ အောက်နားက ‘Set’ ကို နှိပ်ပေးလိုက်တာနဲ့ Home Screen မှာပဲ ထားမှာလား၊ Lock Screen မှာကော ထားမှာလား ဆိုတာရွေးခိုင်းပါလိမ့်မယ်။ ကိုယ်ကြိုက်ရာရွေးလိုက်ပါ။ Home screen မှာတစ်မျိုး၊ Lock စခရင်မှာလည်း GIF တစ်မျိုး ထားနိုင်ပါတယ်။
  • ဘက်ထရီအကုန်မြန်နိုင်တာကြောင့် မသုံးချင်တဲ့အရာ ရိုးရိုး wallpaper ပြန်ပြောင်းထားနိုင်ပါတယ်။

အောက်မှာLink ပါ
Pcloud Download

Mediafire Download

အဆင်ပြေရာကဒေါင်းပါ


အခြားPostများကြည့်လိုပါကအပေါ်က Menu မှာကြည့်လို့ရပါတယ်နော်
ကျွန်တော်ပိုင်နေရာလေးများ
ရောင်ပြန်လေးစာပေသို့ဒီမှာသွားပါ
18+တို့ဆုံဆည်းရာသိုဒီမှာသွားပါ
****အဆင်မပြေမှု့တစ်စုံတစ်ရာရှိပါက****
 
Facebook Account ဖြစ်တဲ့

အောက်ပါပုံလေးကိုနှိပ်ပြီးဝေဖန်အကြံပေးနိုင်ပါတယ်
https://www.facebook.com/yaungpyan.tec

****ကျွန်တော့်ရဲ့ ရောင်ပြန်လေး(နည်းပညာ)Page ကို Like နှိပ်ထားပါဦး****
https://www.facebook.com/yaungpyanlaytechnology/
@@@@စာပေ၀ါသနာပါရင်ကျွန်တော့်ရဲရောင်ပြန်လေး-စာပေ PageကိုLikeနှိပ်ထားပါဦး@@@@
https://www.facebook.com/yaungpyanebook/

Leave a Reply

အဆင်မပြေတာများ ၊ လိုချင်တာများရှိရင်မှာခဲ့ပါ။

ကျွန်တော့်ရဲ့ရေးဖော်ရေးဖက်များ

Yaung Pyan Lay (ရောင်ပြန်လေး နည်းပညာ)
ဂျူးကလေး(ရောင်ပြန်လေး စာပေ)
Mr Yaung Pyan (Golden Myanmar)
ကိုမြတ် ( MICT Garden)
ငွေဇင်မိုး (ငွေဇင်မိုး မုံရွာ)
Aung Ko Latt (Aung Ko Latt စွယ်စုံ)
Maung Pauk (မောင်ပေါက်နည်းပညာ)
CKKH(နည်းပညာ)

Subscribe to Posts | Subscribe to Comments

@Copy Right 2016 / Designe By ရောင်ပြန်လေး(နည်းပညာ) / Power By Yaung Pyan Lay

- Copyright © ​ရောင်​ပြန်​​လေး - Hatsune Miku - Powered by Blogger - Designed by Johanes Djogan -