ရေးသားသူ : Christ Leo Thursday, August 4, 2016





လွန်ခဲ့တဲ့ ၁၀ လလုံးလုံး Play Store မှာ Beta ဗားရှင်းအနေနဲ့ ရှိနေခဲ့တဲ့ Apple Music ဟာ အခုဆိုရင် Beta အဆင့်ပြီးမြောက်ပြီး၊ တရားဝင်ဗားရှင်းအနေနဲ့ မနေ့ကပဲ ထွက်ရှိလာပြီဖြစ်ပါတယ်။
Official အနေနဲ့ထွက်ရှိလာတဲ့ Apple Music အက်ပလီကေးရှင်းအသစ်မှာ Equalizer ပါဝင်လာပြီး၊ Settings ထဲက၊ EQ နေရာကို နှစ်ချက်နှိပ်ပြီး၊ အသံချိန်ညှိနိုင်မှာဖြစ်ပါတယ်။ ကလက်ဆီကယ်၊ဟစ်ဟော့ပ်၊ ဟဲဗီးမက်တယ် စတဲ့ ဂီတပုံစံမျိုးစုံကို အသံချိန်ညှိနိုင်သလို၊ ကိုယ့်စိတ်ကြိုက်ဂီတသံမျိုးထွက်ဖို့အတွက်လည်း အလိုရှိသလိုချိန်ညှိနိုင်ပါတယ်။Apple Music for Android အသစ်မှာ စွမ်းဆောင်ရည်ပိုင်း၊ အသံထွက်ပိုင်းဆိုင်ရာနဲ့ လုံခြုံရေးပိုင်းတို့ကိုလည်း ပိုမိုကောင်းမွန်အောင် လုပ်ပေးထားကြောင်းသိရပါတယ်။

Apple Music ကို ၂၀၁၅ ခုနှစ်၊ ဂျွန်လမှာ စတင်ထုတ်ပြီးကတည်းက အခုဆိုရင် လစဉ်ကြေးပေးအသုံးပြုသူပေါင်း ၁၅ သန်းကျော် ရှိနေပြီဖြစ်ပြီး၊ streaming နားဆင်နိုင်တဲ့ သီချင်းပုဒ်ရေပေါင်း သန်း ၃၀ ကျော်ရှိပါတယ်။ Beats 1 ရေဒီယိုအပြင် နာမည်ကျော်ဂီတပညာရှင်တွေဖြစ်တဲ့ Dr.Dre ၊ Drake ၊ Elton John နဲ့ Skrillex တို့ရဲ့ ရေဒီယိုစတေရှင်တွေလည်း ပါရှိပါတယ်။

Apple Music for Android ရဲ့ အားသာချက်နောက်တစ်ခုကတော့ OS ချင်းမတူညီတာကြောင့် Android မှာ Apple Music ကို Home Screen widget ထားနိုင်ချင်းနဲ့ SD ကတ်ထဲသီချင်းတွေကို save နိုင်ခြင်းစတဲ့ လုပ်ဆောင်ချက်တွေပါဝင်ပြီး၊ Android ပရိတ်သတ်တွေ အကြိုက်တွေ့နေတဲ့ ဂီတ streaming app တစ်ခုဖြစ်ပါတယ်။

Apple Music အခမဲ့သုံးလစမ်းသပ်အသုံးပြုခွင့်လည်း ထပ်တိုးပေးထားတာကြောင့် အခုချက်ချင်း ဒေါင်းလုဒ်ဆွဲသုံးကြည့်ဖို့ တိုက်တွန်းပါရစေ။ ဒါပေမယ့် in-app purchases တွေပါဝင်တာကြောင့် မြန်မာနိုင်ငံကနေတော့ တန်းပြီးဒေါင်းလုဒ်ဆွဲနိုင်မှာမဟုတ်ဘဲ၊ VPN တစ်ခုခုသုံးပြီးမှ ရယူနိုင်မှာပါ။
ဒါပေမယ့်ကျွန်တော့် Member တွေအတွက်တော့ရအောင်ဖန်တီးပေးလိုက်ပါတယ်
အောက်မှာ Downloadရယူပါ
>>>>Download<<<<


အခြားPostများကြည့်လိုပါကအပေါ်က Menu မှာကြည့်လို့ရပါတယ်နော်
ကျွန်တော်ပိုင်နေရာလေးများ
ရောင်ပြန်လေးစာပေသို့ဒီမှာသွားပါ
18+တို့ဆုံဆည်းရာသိုဒီမှာသွားပါ
****အဆင်မပြေမှု့တစ်စုံတစ်ရာရှိပါက****
 
Facebook Account ဖြစ်တဲ့

အောက်ပါပုံလေးကိုနှိပ်ပြီးဝေဖန်အကြံပေးနိုင်ပါတယ်
https://www.facebook.com/yaungpyan.tec

****ကျွန်တော့်ရဲ့ ရောင်ပြန်လေး(နည်းပညာ)Page ကို Like နှိပ်ထားပါဦး****
https://www.facebook.com/yaungpyanlaytechnology/
@@@@စာပေ၀ါသနာပါရင်ကျွန်တော့်ရဲရောင်ပြန်လေး-စာပေ PageကိုLikeနှိပ်ထားပါဦး@@@@
https://www.facebook.com/yaungpyanebook/

Leave a Reply

အဆင်မပြေတာများ ၊ လိုချင်တာများရှိရင်မှာခဲ့ပါ။

ကျွန်တော့်ရဲ့ရေးဖော်ရေးဖက်များ

Yaung Pyan Lay (ရောင်ပြန်လေး နည်းပညာ)
ဂျူးကလေး(ရောင်ပြန်လေး စာပေ)
Mr Yaung Pyan (Golden Myanmar)
ကိုမြတ် ( MICT Garden)
ငွေဇင်မိုး (ငွေဇင်မိုး မုံရွာ)
Aung Ko Latt (Aung Ko Latt စွယ်စုံ)
Maung Pauk (မောင်ပေါက်နည်းပညာ)
CKKH(နည်းပညာ)

Subscribe to Posts | Subscribe to Comments

@Copy Right 2016 / Designe By ရောင်ပြန်လေး(နည်းပညာ) / Power By Yaung Pyan Lay

- Copyright © 2025 ​ရောင်​ပြန်​​လေး - Hatsune Miku - Powered by Blogger - Designed by Johanes Djogan -