- မူရင်းစာမျက်နှာ »
- Other Webdeveloper Lesson »
- html_8
ရေးသားသူ : Christ Leo
Tuesday, July 26, 2016
How to put Image in HTML Document
သင့်ဝက်ဆိုက်ရဲ့ စာမျက်နှာတွေထဲကို ဓာတ်ပုံတွေထည့်လို့ရပါတယ်၊ သင့်ဝက်ဆိုက်မှာပေါ်လိုတဲ့ ဓာတ်ပုံမှန်သမျှကို HTML Tag နဲ့ Attribute ကို
အသုံးပြုပြီးထည့်ရပါမယ်၊ သုံးမယ့် Tag ကတော့ <img> ပါ၊ သူ့ရဲ့ထူးခြားချက်ကတော့ သူ့မှာ အပိတ်မပါဘူး၊ သူ့ကိုသူပြန်ပီတ်တဲ့ Self Closing Tag ပါ၊
<imag> Tag ကို အသုံးပြုပြီး သင့်ဝက်ဆိုက်ထဲ ကို ဓာတ်ပုံတွေထည့်ရာမှာ အဓိပ သုံးရတာကတော့ src= “” ဆိုတဲ့ Attribute ပါ၊ သူကိုတော့ <img> ရဲ့
အထဲ နောက်ဆုံး အပိတ် မြားလေးမတိုင်းမီထည့်ရပါတယ်၊ ဥပမာ သင်ထည့်မယ့် ပုံက 1.jpg ဆိုတဲ့ပုံဆိုပါစို့ ဒါဆိုရင်တော့ အောက်ပါအတိုင်းရေးပြီး အဲ့ဒီ့
1.jpg ကိုသင့်ဝက်ဆိုက်ထဲကို ထည့်နိုင်ပါတယ်၊ ထည့်မယ့်ပုံကို src= “” ဆိုတဲ့ sorce ကုတ်နောက်က အဖွင့်အပိတ် နှစ်ထပ်ကော်မာထဲမှာ ထည့်ရမှာ
အောက်မှာကြည့်ပါ၊
<img src= “1.jpg” >
လွယ်ပါတယ်၊ အရင်ဆုံး image ထည့်ရင်သုံးတဲ့ <img> tag ကိုရေးတယ်၊ ပြီးတော့ <img ရဲ့ အဆုံးမှာ src = “” ဆိုတဲ့ source ကုတ်ကိုထည့်တယ်၊ ပြီးရင်
src = “” နောက်က အဖွင့်အပိတ် နှစ်ထပ်ကော်မာထဲမှာ ဓာတ်ပုံကိုထည့်တယ်၊ ထည့်မယ့် ဓာတ်ပုံကိုတော့ သင်ရေးထားတဲ့ HTML Document ကိုသိမ်းတဲ့
HTML Folder ထဲမှာ ထည့်ထားဖို့လိုတယ်နော်၊ အခုလက်တွေ့ ဥပမာ အနေနဲ့အောက်က ပုံကို HTML Document ထဲကိုထည့်ကြည့်မယ်၊
ပုံနာမည်ကိုတော့ waiferkolar.png လို့ပေးထားတယ်၊ (72coder ရဲ့တည်ထောင်သူပါ)၊ သင်ကြိုက်တဲ့ ပုံကိုသုံးလို့ရပါတယ်၊ ဒီပုံမှမဟုတ်ဘူး၊ အခု အဲ့ဒီ့ ပုံကို
HTML Floader ထဲကိုထည့်ရမယ်၊ အောက်က အတိုင်း၊
အထကလို သင်ရေးနေတဲ့ HTML Doucment နဲ့ သင်အသုံးပြုမယ့် ပုံက folder တစ်ခုထဲမှာရှိဖို့က သိပ်ကိုအရေးကြီးလှပါတယ်၊ folder တစ်ခုထဲမှာ အတူတူ
မရှိရင်တော့ ဘယ်လိုမှအလုပ်မဖြစ်ပါဘူး၊ နောက်တစ်ခုက ပုံရဲ့ extension ကိုသေချာသိဖို့လိုပါတယ်၊ သင်သုံးမယ့်ပုံက JPG လား၊ Gif လား၊ png
အမျိုးအစားလား အတိအကျသိဖို့လိုတယ်၊ အသေအချာမသိရင် အဲ့ဒီ့ပုံပေါ်မှာ ခလစ်တစ်ချက်ထောက်လိုက် ဒါဆိုရင် အောက်ပိုင်းမှာ
ဓာတ်ပုံအမျိုးအစားကိုပြောတဲ့ စာသားကိုတွေ့ရမှာပါ၊ အထက်မှာ ဓာတ်ပုံအမျိုးအစားပြတဲ့နေရာကို မြားစိမ်းပြထားတယ်၊
အထက်ကအတိုင်း အားလုံး အဆင်ပြေပြီးဆိုရင်တော့ ကုတ်စရေးမယ်၊ ပုံထည့်မှာဖြစ်တဲ့အတွက် HTML ရဲ့ image tag ဖြစ်တဲ့ <img> ကိုစရေးမယ်၊ ပြီးရင်
HTML image tag နဲ့ တွဲတဲ့ Attribute ဖြစ်တဲ့ src= “” ကိုထည့်မယ်၊ ပြီးပီဆိုရင် ပုံရဲ့နာမည်ဖြစ်တဲ့ waiferkolar.png ကိုထည့်မယ်၊ အောက်က အတိုင်း
<html>
<head>
<title>Firstwebpage</title>
</head>
<body>
what is this website name <br/>
<img src= "waiferkolar.png">
</body>
</html>
အထက်က အတိုင်း ကုတ်ရေးပြီးရင် Run ကြည့်လိုက်ပါ၊ ဒါဆိုရင်တော့ သင့်ရဲ့ ၀က်ဆိုက်မှာ အောက်ပါအတိုင်း စာသားနဲ့ ပုံကိုတွေ့ရမယ်၊
အထက်က အတိုင်း သင့်ဝက်ဆိုက်မှာ စာနဲ့ ပုံပေါ်ရင်ဖြင့် အားလုံးအဆင်ပြေပါတယ်၊ ဒါကတော့ ၀က်ဆိုက်စာမျက်နှာထဲကို ပုံထည့်တဲ့နည်းပါ၊
ဓာတ်ပုံကိုထည့်တဲ့အခါမှာ ထည့်လိုက်တဲ့ ဓာတ်ပုံရဲ့ အမြင့် (height) နဲ့ အကျယ် (width) တို့ကိုလဲ attribute အဖြစ်ထည့်သင့်ပါတယ်၊
ဘာလို့ထည့်သင့်လဲဆိုတော့ သင့်ဝက်ဆိုက်ကို အသုံးပြုသူက လာလည်တဲ့အခါ ၀က်ဆိုက်ကိုအရင်ဆုံး ၀န်တင်ပါလိမ့်မယ် (loding) အဲ့ဒီ့အခါမှာ
သင့်ဝက်ဆိုက်မှာ ပုံတွေအများကြီးပါနေတယ်ဆိုရင်တော့ ပုံတွေတင်တဲ့အချိန်က တကယ့်ကိုကြာနေနိုင်ပါတယ်၊ ဒီတော့ ၀က်ဆိုက်တစ်ခုလုံး ၀န်တင်ပြီးဖို့က
အတော့ကိုစောင့်ရမယ်၊ (အထူးသဖြင့် အင်တာနက် ကွန်နက်ရှင်နှေးတဲ့နေရာတွေမှာပေါ့)၊ ဒီတော့ ဓာတ်ပုံရဲ့ အမြင့် နဲ့ အကျယ်ကို Attribute
အဖြစ်ထည့်ထားခဲ့ရင်ဖြင့် သင့်ဝက်ဆိုက်ကို ၀င်တင်တဲ့ အခါ ဓာတ်ပုံတွေရဲ့ အမြင့် နဲ့ အကျယ်ကို ချန်ခဲ့ပြီး စာသားတွေကို
အရင်ဝင်တင်နေလိမ့်မယ်၊ နောက်မှာ ဓာတ်ပုံကိုအရင်ဝန်တင်လိမ့်မယ်၊ ဒီတော့ သင့်ဆိုက်ကိုလာလည်သူက ဓာတ်ပုံတွေဝင်တင်နေတဲ့ အချိန်အတွင်းမှာ
စာတွေကိုဖတ်နေနိုင်တယ်၊ ဓာတ်ပုံအရွယ်အစားကိုအတိအကျ မထည့်ထားရင် အင်တာနက် Browser က ဓာတ်ပုံအတွက် ဘယ်လောက်
အရွယ်အစားချန်ခဲ့ရမယ်မှန်းမသိဘူး၊ ဒီတော့ ဓာတ်ပုံကို အရင်ဝင်တင်တယ်၊ နောက်မှာ ကျန်တဲ့အစိတ်အပိုင်းတွေကို ၀န်တင်တယ်၊
ဒီတော့ ဓာတ်ပုံရဲ့ အရွယ်အစားဖြစ်တဲ့ height အမြင့် နဲ့ width အကျယ်တို့ကို ထည့်တာ ဘယ်လောက်ထိအရေးသာလဲဆိုတာကိုသဘောပေါက်လောက်ပါပီ၊
အခု Height နဲ့ width ကိုထည့်ကြမယ်၊ ထည့်ဖို့အတွက် သင့်ဓာတ်ပုံက ဘယ်လောက်အရွယ်အစားရှိလဲဆိုတာကိုသိဖို့လိုတယ်၊
ဓာတ်ပုံဘယ်လောက်အရွယ်အစားရှိလဲ မကြည့်တတ်ရင်တော့ အဲ့ဒီ့ ဓာတ်ပုံပေါ်မှာ cursor (pointer) ထောက်လိုက် (မနှိပ်နဲ့နော်) ဒါဆိုရင်တော့ အဲ့ဒီ့
pointer ထောက်လိုက်တဲ့ ဓာတ်ပုံရဲ့ Dimention နဲ့ ဓာတ်ပုံရဲ့အချက်အလက်တွေကိုပြပေးတဲ့ ဇယား အသေးလေးကျလာပါမယ်၊ အောက်မှာကြည့်ပါ၊
အထက်က ပုံအတိုင်း သင် အရွယ်အစားသိလိုတဲ့ ဓာတ်ပုံပေါ်ကို pointer ထောက်လိုက်ရင် သူ့အောက်မှာ ဇယားလေးကျလာမှာပါ၊ အခုပေါ်က waiferkolar
ပုံမှာပြထားတဲ့အတိုင်းပါ၊ item type: PNG image ဆိုတာက ဓာတ်ပုံအမျိုးအစားက PNG အမျိုးအစားလို့ ပြောတာပါ၊ Dimensions 267 x 380 ဆိုတာက
ဓာတ်ပုံရဲ့ အကျယ် (width) 267 pxils ဖြစ်ပြီး အမြင့် (height) 380 pxils ဖြစ်တယ်လို့ပြောတာပါ၊
အခု အထက်က ပုံရဲ့ attribute ဖြစ်တဲ့ height နဲ့ width တို့ ကို သင့်ဝက်ဆိုက်မှာတင်တဲ့ image tag ထဲမှာထည့်မယ်၊ အမြင့်ကိုထည့်ဖို့အတွက် height =
380px အကျယ်ကိုထည့်ဖို့အတွက် width = 267px ဆိုပြီးထည့်ရမယ်၊ အောက်မှာကြည့်ပါ၊
<img src= "waiferkolar.png" height = “380” width = “267”>
အထက်က အတိုင်း height နဲ့ width တို့ကိုသင့်ရဲ့ ၀က်ဆိုက်ထဲကိုထည့်တဲ့ ပုံမှာထည့်နိုင်ပါတယ်၊
နောက်ထပ်လေ့လာစရာတစ်ခုကတော့ HTML ရဲ့ Alter Attribute ပါ၊ တစ်ချို့ လူတွေက သူတို့ ရဲ့ အင်တာနက် Browser ကို ဓာတ်ပုံတွေ ၀န်မတင်အောင်
Setting ချထားတယ်၊ ဒီတော့ သင့်ဆိုက်မှာတင်ထားတဲ့ ဓာတ်ပုံတွေက အဲ့ဒီ့ လိုလူတွေရဲ့ Browser နဲ့ သွားတွေ့ရင် ဓာတ်ပုံတွေမပေါ်တော့ပဲ
ဗလာနေရာကြီးဖြစ်နေတယ်၊ ကြည့်ရတာ အဆင်မပြေဘူး၊ ဒီလို Browser တွေအတွက် အဆင့်ပြေအောင်း သုံးလို့ရတဲ့ Attribute တစ်ခုရှိတယ်၊ သူကတော့
alt လို့ခေါ်တဲ့ alter attribute ပါ၊ သူ့ကိုရေးရင် alt= “ ” လို့ရေးရတယ်၊ နှစ်ထပ်ကောင်မာရဲ့ ကြားမှာ သင်ကြိုက်တဲ့စာသားကိုထည့်ပြီးရေးလို့ရတယ်၊
ဓာတ်ပုံနဲ့ ပတ်သတ်တဲ့စာသားဆိုရင်ပိုပြီး သင့်တော်တယ်၊ ဒီလို alt အသုံးပြုပြီး စာသားတစ်ခုခု ထည့်လိုက်ခြင်းအားဖြင့် ဓာတ်ပုံတွေက ၀န်မတင်တဲ့ web
browser နဲ့ တွေ့ရင် ဓာတ်ပုံအစား သင် Alt attribute သုံးပြီးရေးထားတဲ့စာသားပေါ်လာမယ်၊ ဓာတ်ပုံ ၀န်တင်လို့ရရင်တော့ အဲ့ဒီ့ alter attribute
သုံးထားတဲ့စာသား မပေါ်ပဲ ဓာတ်ပုံပဲ ပေါ်မယ်၊ အောက်မှာ Altre attribute ကိုထည့်ပြီးရေးတဲ့ပုံကိုကြည့်ပါ၊
<img src= "waiferkolar.png" alt= “waiferkolar” height = “380” width = “267”>
အထက်မှာတော့ alt ဆိုတဲ့ alter attribute ထဲကို waiferkolar ဆိုတဲ့ စာသားထည့်လိုက်တယ်၊ ဒါကြောင့် ၀က်ဆိုင်ဝန်တင်တဲ့အခါ brwoser က
ဓာတ်ပုံကိုလက်မခံရင် ဓာတ်ပုံနေရာမှာ waiferkolar ဆိုတဲ့စာသားပေါ်လာမယ်၊
အခြားPostများကြည့်လိုပါကအပေါ်က Menu မှာကြည့်လို့ရပါတယ်နော်
ကျွန်တော်ပိုင်နေရာလေးများ
ရောင်ပြန်လေးစာပေသို့ဒီမှာသွားပါ
18+တို့ဆုံဆည်းရာသို့ဒီမှာသွားပါ
****အဆင်မပြေမှု့တစ်စုံတစ်ရာရှိပါက****
Facebook Account ဖြစ်တဲ့
အောက်ပါပုံလေးကိုနှိပ်ပြီးဝေဖန်အကြံပေးနိုင်ပါတယ်