ရေးသားသူ : Christ Leo Saturday, July 23, 2016

HTML Attribute

HTML ကိုလေ့လာရာမှာ Attributes တွေရဲ့ ကဏ္ဍက သိပ်ကိုအရေးပါပါတယ်၊ Attribute တွေကို ကျွမ်းကျင်စွားကိုင်တွယ် အသုံးပြုနိုင်ရင် HTML

ဝက်ဆိုက်စာမျက်နှာကို ပိုမို လှပသပ်ရပ်စေပါတယ်၊ HTML ရဲ့ Attribute တွေက HTML Tags တွေကို အချက်အလက်တွေ ထည့်ပေးတယ်၊ ဒီလို HTML

Tags တွေကို Attribute တွေက သတင်းအချက်အလက်တွေ ထပ်ဖြည့်ပေးပြီး ပိုမိုလှပတဲ့ HTML ဆိုက်ကိုဖြစ်စေသလို Element တစ်ခုစီကိုလဲ မတူညီတဲ့

စတိုင်းတွေအဖြစ်ပြောင်းလဲပေးနိုင်ပါတယ်၊ အောက်က ဥပမာကိုကြည့်ပါ၊

<body bgcolor = red>

<p> hey wht is this </p>

<hr width=300px>`

<body>

အထက်က ကုတ်ကို Run ကြည့်လိုက်ရင် နောက်ခံ အရောင်ကို အနီရောင်ခြယ်ထားတဲ့ ၀က်ဆိုက်စာမျက်နှာကိုတွေ့ရမှာပါ၊

<body bgcolor = red>

အနီရောင်ခြယ်ဖို့အတွက်အသုံးပြုလိုက်တဲ့ bgcolor = red ဆိုတာက attribute ပါ၊   သူ့ကိုထည့်လိုက်တာက <body> ဆိုတဲ့ HTMl Tag အထဲမှာပါ၊

ထည့်တဲ့နေရာက နောက်ဆုံး ပိတ်မယ့်မြား ရဲ့ရှေ့မှာပါ၊ အဲ့ဒီ့လို ပဲ အခြား HTML Tags တွေကို Attribute ထည့်ရင်လဲ အဖွင့် Tag ရဲ့

အဆုံးမှာထည့်ပေးရပါတယ်၊  HTMl Attribute တိုင်းမှာ name နဲ့ Value ဆိုပြီးရှိပါတယ်၊

အထက်က <body> ထဲမှာ ထည့်လိုက်တဲ့ bgcolor = red ဆိုတဲ့ စာကြောင်းမှာ bgcolor က name ဖြစ်ပြီး red က value ဖြစ်ပါတယ်၊ bgcolor = red

ဆိုတာက attribute နာမည် bgclolr နဲ့ တန်ဖိုး red ကိုထည့်လိုက်တယ်လို့အဓိပ္ပါယ်ရပါတယ်၊ ဒီတော့ အဓိပ္ပါယ်က HTML Document ရဲ့ body

အစိတ်အပိုင်းကို နောက်ခံအနီရောင်ထည့်မယ် လို့ပြောတာဖြစ်သွားပါတယ်၊

အထက်က ဥပမာမှာပဲ <hr width = 300px> လို့ထည့်ထားသေးပါတယ်၊ သူ့ကလဲ <hr/> ဆိုတဲ့ HTML Tag ထဲမှာ attribute ဖြစ်တဲ့ width = 300px

ကိုထည့်ထားတာ၊ အဲ့ဒီ့ Attribute မှာလဲ name ဖြစ်တဲ့ width နဲ့ တန်ဖိုး (value) ဖြစ်တဲ့ 300px; ဆိုပြီးပါပါတယ်၊  ဒါ့ကြောင့် အထက်က ကုတ်ကို Run

ကြည့်လိုက်ရင် 300 px သာရှိတဲ့ မျဉ်းကြောင်းတားထားတာကိုတွေ့ရမှာပါ၊ ဒီတော့ <hr width = 300px> ရဲ့ အဓိပ္ပါယ်က HTML Document မှာပါတဲ့

မျဉ်းကြောင်းကို အရှည် 300px ရှိတဲ့ မျဉ်းကြောင်းအဖြစ်ထားမယ်လို့ဖြစ်သွားတယ်၊

နောက်ထပ်ဥပမာ တစ်ခု ထပ်ပြပါမယ်၊

<a href= “72coder.com”>Visit Us</a>

အထက်က ဥပမာကတော့ အခြား ဆိုက်တစ်ကို သွားရောက်ဖို့အတွက် ထားတဲ့လင့်ပါ၊ အဲ့ဒီ့လင့်ကို Attribute ထည့်ထားတယ်၊ attribute က href=

“72coder” ပါ၊ သူမပါပဲ ရေးမယ်ဆိုရင်ဖြင့် <a> Visit Us </a> လို့ပဲဖြစ်သွားမယ်၊ Attribute ဖြစ်တဲ့ href = “72coder.com” ပါလို့  စာကြောင်းက

အရှည်ဖြစ်သွားတာ၊

Href = “72coder.com” မှာ href က attribute name ဖြစ်ပြီး “72coder” ကတော့ attribute value ပါ၊

အခြား Attribute တွေလဲ ရှိပါသေးတယ်၊ နောက်ပိုင်း သင်ပြပါဥိးမယ်၊


အခြားPostများကြည့်လိုပါကအပေါ်က Menu မှာကြည့်လို့ရပါတယ်နော်
ကျွန်တော်ပိုင်နေရာလေးများ
ရောင်ပြန်လေးစာပေသို့ဒီမှာသွားပါ
18+တို့ဆုံဆည်းရာသိုဒီမှာသွားပါ
****အဆင်မပြေမှု့တစ်စုံတစ်ရာရှိပါက****
 
Facebook Account ဖြစ်တဲ့

အောက်ပါပုံလေးကိုနှိပ်ပြီးဝေဖန်အကြံပေးနိုင်ပါတယ်
https://www.facebook.com/yaungpyan.tec

****ကျွန်တော့်ရဲ့ ရောင်ပြန်လေး(နည်းပညာ)Page ကို Like နှိပ်ထားပါဦး****
https://www.facebook.com/yaungpyanlaytechnology/
@@@@စာပေ၀ါသနာပါရင်ကျွန်တော့်ရဲရောင်ပြန်လေး-စာပေ PageကိုLikeနှိပ်ထားပါဦး@@@@
https://www.facebook.com/yaungpyanebook/
$$$$အားပေးမှု့ကိုအထူးပင်ကျေးဇူးတင်ရှိပါသည်$$$$

ကိုယ်စိတ်နှစ်ဖြာကျန်းမာ၊ ချမ်းသာကြပါစေ

Leave a Reply

အဆင်မပြေတာများ ၊ လိုချင်တာများရှိရင်မှာခဲ့ပါ။

ကျွန်တော့်ရဲ့ရေးဖော်ရေးဖက်များ

Yaung Pyan Lay (ရောင်ပြန်လေး နည်းပညာ)
ဂျူးကလေး(ရောင်ပြန်လေး စာပေ)
Mr Yaung Pyan (Golden Myanmar)
ကိုမြတ် ( MICT Garden)
ငွေဇင်မိုး (ငွေဇင်မိုး မုံရွာ)
Aung Ko Latt (Aung Ko Latt စွယ်စုံ)
Maung Pauk (မောင်ပေါက်နည်းပညာ)
CKKH(နည်းပညာ)

Subscribe to Posts | Subscribe to Comments

@Copy Right 2016 / Designe By ရောင်ပြန်လေး(နည်းပညာ) / Power By Yaung Pyan Lay

- Copyright © ​ရောင်​ပြန်​​လေး - Hatsune Miku - Powered by Blogger - Designed by Johanes Djogan -