- မူရင်းစာမျက်နှာ »
- Other Webdeveloper Lesson »
- html_10
ရေးသားသူ : Christ Leo
Tuesday, July 26, 2016
Color
ဒီအခန်းမှာတော့ သင့်ဝက်ဆိုက်ကို တည်ဆောက်ရာမှာ မဖြစ်မနေ သုံးရမယ့် Colors ဆိုတဲ့ အရောင်တွေအကြောင်းကို သင်ပေးသွားမယ်၊ အရောင်တွေကို
နာမည်သုံးမျိုးနဲ့ မှတ်ပြီး ခေါ်ဝေါ်အသုံးပြုနိုင်တယ်၊ ဘယ် အရောင်ကိုပဲ သုံးသုံး အရောင်တအေားလုံးက Red, Blue , Green ဆိုတဲ့ အရောင်သုံးမျိုးကို
လိုအပ်သလိုရောစပ်လိုက်လို့ဖြစ်ပေါ်လာတာ၊ အောက်မှာ အရောင်နာမည် တွေကိုခေါ်သုံးတဲ့နည်း သုံးမျိုး၊
Color name : : ဒီနည်းကတော့ အရောင်တွေရဲ့နာမည်ကို တိုက်ရိုက် ခေါ်ပြီးသုံးတဲ့နည်းပါ၊ Yellow, Green စသဖြင့်ပေါ့၊
Hexadecimal Value : : HEX လို့ အတိုကောက်ခေါ်ပါတယ်၊ သူကတော့ အရောင်တန်ဖိုးတွေကို သင်္ချာ ဂဏန်းတွေနဲ့ အင်္ဂလိပ် အက္ခရာတွေပါ ပါပြီး
သတ်မှတ်တာပါ၊ ဥပမာ အဖြူရောင်ဆိုရင် #FFFFFF; အနက်ရောင်ဆိုရင် #000000; စသဖြင့်သတ်မှတ်ကြပါတယ်၊
RGB : : rgb ကတော့ red, green, blue ဆိုတဲ့အရောင်သုံးမျိုးကို လိုအပ်တဲ့ အမာဏအလိုက်ရေးလိုက်တာပါ၊ ဥပမာ rgb(101, 0,
10) ဆိုပြီးရေးပါတယ်၊ ဒါဆိုရင်တော့ rgb(အနီရောင် 101 , အစိမ်းရောင် 0, အပြာရောင် 10) ဆိုတဲ့အဓိပ္ပါယ်ပါ၊ ဒီနေရာမှာ အရောင်တွေရဲ့ အပျော့ ဆုံး
တန်ဖိုးကို 0 အဖြစ်သတ်မှတ်ပြီး အပြင်းဆုံး (အပြစ်ဆုံး) တန်ဖိုးကိုတော့ 250 အထိသတ်မှတ်ကြပါတယ်၊
အထက်က အခြေအနေကို ကြည့်ရင် အရောင်တွေကိုခေါ်သုံးလို့ရတဲ့ နည်းသုံးမျိုးရှိတယ်၊ အပေါ်ဆုံးက color name ကိုတိုက်ရိုက်ရေးသုံးရင် တော့
လွယ်တယ်ထင်ရတယ်၊ နို့ပေမယ့် အရောင်အမျိုးအစားပေါင်း သန်းနဲ့ ချီရှိတာ ဘယ်လို အလွတ်မှတ်မလဲ၊ အူးလားလား မဖြစ်နိုင်ဘူး၊ အလွတ်ကျက်လို့လဲ
အဆင်မပြေဘူး၊ ဒီတော့ ဒီ Color name တွေကို တိုက်ရိုက်ခေါ်သုံးတဲ့နည်းကိုစွန့်လွတ်လိုက်မယ်၊
ဒုတိယ အရောင်ကိုခေါ်သုံးတဲ့နည်းကတော့ သင်္ချာ ဂဏန်းတွေနဲ့ အင်္ဂလိပ် စာလုံးတွေကို ထွေရာလေးပါး ညှက်ပြီးသုံးတဲ့နည်းပါ၊ ဟုတ်သလိုလိုရှိပေမယ့်
သူလဲ အလွတ်မှတ်ရမှာ မလွယ်လှဘူး၊ ဒီတော့ သူနည်းကို သုံးလို့မသင့်ဘူး (Hesadecimal Value ကိုသုံးရင်ရှေ့က # သင်္ကေသခံရမယ်၊
တတိယ နည်းကိတော့ သင့်စိတ်ကြိုက် အနီ အစိမ်း အပြာ အရောင်တွေကို လိုသလို တန်ဖိုးသတ်မှတ်ပြီးသုံးတာ၊
အနီရောင်ကို ဖျော့ဖျော့လေးထည့်လိုက်မယ်ဆိုရင် ရှေ့ ဆုံးက အနီရောင်ကို ကိုစားပြုတဲ့ နေရာမှာ 10 လောက်ထည့်လိုက် rgb(10, ပြီးရင် အစိမ်းရောင်ကို
မတောက် မထုံး အရောင်လေးထည့်မယ်ဆိုရင်ဖြင့် 100 လောက်ထည့်လိုက် (10,100 ပြီးရင် အပြာရောင်ထူထူ လေး ထည့်မယ်ဆိုပြီး 225 ထည့်လိုက် rgb
(10,100,225) ၊ ဒါဆိုရင် ဘာအရောင်မှန်းမသိတဲ့အရောင်ကိုရမယ်၊ ဒီနည်းက ကြည့်ရတာ တော့ လန်းသလိုလို ဘာလိုလို နဲ့ သင့်ကို web designer
ဘ၀က နေ အရောင်စပ်လို့ တသက်လုံးမပြီးတော့တဲ့ တသက်တာ အရောင်စပ်သမား ဘ၀ကိုပို့လိုက်လိမ့်မယ်၊
နည်းက သုံးမျိုးထဲရှိတယ်ပြောပြီး သုံးမျိုးလုံးသုံးလို့ အဆင်မပြေဘူးဆိုတော့ ဘာကိုသုံးရမလဲ၊ အရောင်မထည့်ပဲ ပြောင် အဖြူရောင်ဆိုက်တွေပဲ
လုပ်ရမှာလားလို့မေးကောင်းမေးလိမ့်မယ်၊
ဒီလိုတော့ မဟုတ်ဘူး ဖြေရှင်းလို့ရနိုင်တဲ့နည်းတော့ ရှိတယ်၊ ဒါကတော့ Photoshop ကိုသုံးပြီးအရောင်ရှာမယ်၊ ဒီအတွက် photoshop ကိုဖွင့်လိုက်၊ သင်
Designer တစ်ယောက်လုပ်တော့ မယ်ဆိုရင် Photoshop မရှိလို့မဖြစ်ဘူး၊ ရှိကိုရှိမှရမယ်၊ ဒါမှမဟုတ်ရင် Desinger မလုပ်နဲ့၊ မရှိသေးရင် အောက်က
လင့်မှာယူ
အခု Photoshop ကိုဖွင့်လိုက် အောက်က အတိုင်း
ကြိုက်တဲ့နေရာ နှိပ်၊ ဒါဆိုရင်တော့ အောက်က အတိုင်း အရောင်ရွေးလို့ရတဲ့ ဇယားမယ်
အထက်မှာ ပြထားတဲ့ပုံကတော့ Photoshop မှာပါတဲ့ color Picker ပုံပါ အခုယူထားတာ Foreground Color ပုံ၊ အနီရောင်မြားပြထားတဲ့ အစက်လေးက
သင့်ရဲ့ pointer ပါ၊ သူ့ကိုအသုံးပြုပြီး ကြိုက်နေရာကို ထောက်လိုက် ဒါဆိုရင် အဲ့ဒီ့ နေရာက အရောင်ကိုရွေးပေးလိမ့်မယ်၊ အစိမ်းရောင်ပြထားတဲ့မြားက
သင်ရွေး နေတဲ့အရောင်ရဲ့နာမည်၊ သင်အနီရောင်မြားကိုသုံးပြီး အရောင်ရွေးတိုင်း အစိမ်းရောင်မြားပြထားတဲ့နေရာမှာ အရောင် နာမည်ပြောင်းနေမယ်၊
Hexadecimal Value ပါ၊ ဒါနဲ့ မှ လက်ရှိရောက်နေတဲ့ အရောင် ပရ၀ုဒ် ကို မကြိုက်သေးဘူးဆိုရင် အနက်ရောင်မြားပြထားတဲ့နေရာကို ခလစ်ထောက်ပြီး
အပေါ်အောက်ဆွဲလို့ရတယ်၊ သူကို ဆွဲနေတဲ့ အချိန်မှာ အနီရောင်မြားရှိတဲ့ အရောင်မျက်နှာပြင်က ပြောင်းနေမယ်။ သင့် အကြီုက်ဆုံးအရောင်နေရာမှာ
ခလစ်တစ်ချက်နှိပ် ဒါဆိုရင် အဲ့ဒီ့ အရောင်နာမည် အစိမ်းရောင်မြားပြထားတဲ့ နေရာမှာပေါ်မယ်၊ အဲ့ဒီ့တန်ဖိုးကိုယူ ရှေ့က # sharp ထည့်၊ ဒါဆိုရင်
သင်ရွေးလိုက်တဲ့အရောင်နာမည်ဖြစ်သွားပီ သင့်ဝက်ဆိုက်မှာသုံးတော့၊
နောက်ပြီးတော့ သင်က ပုံတစ်ပုံကိုတွေ့ထားတယ်၊ အဲ့ဒီ့ပုံမှာ ပါတဲ့အရောင်ကိုမှလိုချင်သပ ဆိုရင်ဖြင့်လဲ အဲ့ဒီ့ ပုံကို Photoshop ထဲကိုထည့်လိုက် ပြီးရင်
foreground ဖြစ်ဖြစ် background ဖြစ်ဖြစ် ဖွင့် ပြီးရင် eyedropper tool ကိုသုံးပြီး သင်ကြိုက်တဲ့ ပုံရဲ့ ကြိုက်တဲ့နေရာက
အရောက်ကိုခလစ်တစ်ချက်ထောက် ဒါဆိုရင်ဖြင့် အရောင်နာမည်နေရာမှ တန်ဖိုးပြောင်းသွားမယ်၊ ပြောင်းသွားတဲ့တန်ဖိုးကို ယူ ရှေ့က Sharp ထည့် ပြီးရင်
အဲ့ဒီ့ တန်ဖိုးကိုသင့် ဆိုက်မှာသုံး သင်လိုချင်တဲ့အရောင်ရပီ၊
သင် eyedropper tool ထောက်ရမယ့်နေရာက ဓာတ်ပုံရဲ့ အတွင်းမှာနော်၊
Web desinger အဖြစ်ရပ်တည်သွားလိုသူတွေဖြစ်စေ ဓာတ်ပုံတွေကို ပြုပြင်တည်းဖြတ်တဲ့ အတတ်ပညာကိုလေ့လာ လိုသူတွေဖြစ်စေ 72coder ရဲ့
Photoshop သင်ခန်းစာမှာ Photoshop နဲ့ ပတ်သတ်သမျှ လေ့လာနိုင်ပါတယ်၊ Web Designer လုပ်မယ့်သူတွေတော့ မဖြစ်မနေလေ့လာရမယ်၊
အခြားPostများကြည့်လိုပါကအပေါ်က Menu မှာကြည့်လို့ရပါတယ်နော်
ကျွန်တော်ပိုင်နေရာလေးများ
ရောင်ပြန်လေးစာပေသို့ဒီမှာသွားပါ
18+တို့ဆုံဆည်းရာသို့ဒီမှာသွားပါ
****အဆင်မပြေမှု့တစ်စုံတစ်ရာရှိပါက****
Facebook Account ဖြစ်တဲ့
အောက်ပါပုံလေးကိုနှိပ်ပြီးဝေဖန်အကြံပေးနိုင်ပါတယ်