- မူရင်းစာမျက်နှာ »
- Other Webdeveloper Lesson »
- HTML 7
ရေးသားသူ : Christ Leo
Tuesday, July 12, 2016
How To And Where To Writh and Save HTML Document
HTML ကိုလေ့လာမယ့်သူတွေအနေနဲ့ HTML ကုတ်တွေကိုတော့ ရေးရတော့မှာပေါ့၊ HTML ဖိုင်ကို ဘယ်မှာရေးပြီး ဘယ်လို Run ရမှာလဲဆိုတာကို
ဒီသင်ခန်းစာမှာ သင်ပြပါမယ်၊ အဆင့် ၅ ဆင့်နဲ့ သင်ကြားပေးသွားမယ်၊
့ပထမအဆင့်
ဒီအဆင့်မှာတော့ လိုအပ်တဲ့ ပြင်ဆင်မူတွေကိုလုပ်မယ်၊ သင့်ကွန်ပြူတာရဲ့ သင်နှစ်သက်တဲ့ အစိတ်အပိုင်းမှာ Folder တစ်ခုတည်ဆောက်ပါ၊ အဲ့ဒီ့ ဖိုဒါကို
HTML လို့ နာမည်ပေးလိုက်၊ နောက်ပိုင်း သင်ရေးသမျှ HTML ဖိုင်တွေအားလုံးကို အဲ့ဒီ့ HTML Folder ထဲမှာပဲသိမ်းမယ်၊ အဲ့ဒီ့ ဖိုဒါထဲမှာပဲနောက်ပိုင်း
သင့်ဝက်ဆိုက်ကို တင်လိုတဲ့ပုံတွေကိုသိမ်းမယ်၊ ဒီတော့ သေချာ လိုက်နာပါ၊ HTML Floder တစ်ခုကိုသေချာတည်ဆောက်ပါ၊ နောက်တစ်ခု ပြင်ဆင်ရ
မှာကတော့ Web borwser တစ်ခု ရှိရမယ်၊ Window အသုံးပြုသူတိုင်းမှာ Internet Explorer ဆိုတဲ့ Web borwser ရှိပြီးသား ဒါပေမယ့် အဲ့ဒီ့ IE ကိုမသုံးပဲ
Firefox (သို့) Google Chrome ကိုသုံးမယ်၊ မရှိရင် အောက်က လင့်မှာ ဒေါင်းလုပ်လုပ်ပြီးတပ်ဆင်ထားလိုက်၊ နောက်အရေးကြီးတဲ့ ပြင်ဆင်မူကတော့ Text
Editor ပါ၊ သင့်ကွန်ပြူတာက Window သုံးထားရင် Notepad ဆိုတဲ့ Text Editor ရှိတယ်၊ အဲ့ဒါကိုလဲ သုံးနိုင်တယ်၊ ဒါမှမဟုတ်ရင် Notepad++ ကို သုံး၊
Notepad++ ကို သုံးဖို့တော့ အထူး အကြံပြုချင်တယ်၊ တကယ့်ကိုကောင်းတဲ့ Text Editor ဖြစ်နေလို့၊ အောက်မှာ ဒေါင်းလုပ်ရယူနိုင်တယ်၊ 72coder မှာ
သင်ကြားပေးတဲ့ HTML, HTML5, CSS, CSS3, JavaScript, jQuery, PHP ဆိုတဲ့ သင်ခန်းစာတွေအားလုံးကို Notepad++ သုံးပြီးလေ့ကျင့်ဖို့ အထူး
တိုက်တွန်းလိုတယ်၊ ဒါတွေအားလုံး အဆင့်သင့်ဖြစ်ပြီဆိုရင် သင့်ရဲ့ Notepad++ ကိုဖွင့်လိုက်ပါ အောက်က အတိုင်းတွေ့ရမယ်၊
အထက်က ပုံမျိုးပေါ်တဲ့ Notepad++ ပေါ်လာရင်တော့ စတင်ပြီး HTML ကုတ်တွေရေးလို့ရပါပီ၊ အခု စမ်းသပ်ဖို့အတွက် ကုတ်တစ်ချို့ရေးမယ်၊
ဘာကုတ်တွေလဲဆိုတာ သိစရာမလိုသေးဘူး၊ နောက်ပိုင်းရှင်းပြမယ်၊ အခုတော့ အောက် က ကုတ်တွေအားလုံးကို သင့်ရဲ့ Notepad++ ထဲကိုကူရေးလိုက်၊
ဒုတိယ အဆင့်
၊ HTML ကုတ်တွေကိုရေးပြီးတာနဲ့ သိမ်းရတော့မယ်၊ သိမ်းဖို့အတွက်တော့ သင်အပေါ်ဆုံး အဆင့်မှာတည်ဆောက်ခဲ့တဲ့ HTML Folder ထဲမှာသိမ်းရပါမယ်၊
သိမးဖို့အတွက် Notepad++ ရဲ့အပေါ်ဆုံး Menu bar ကနေ File ဆိုတဲ့နေရာမှာခလစ်တစ်ချက်နှိပ်ပါ၊ ဒါဆိုရင်တော့ Submenu ကျလာမယ် ကျလာတဲ့
submenu ထဲက Save As ဆိုတဲ့နေရာမှာ ခလစ်တစ်ချက်နှိပ်ပါ၊ အောက်က ပုံအတိုင်း
အထက်က အတိုင်း Save As ကိုနှိပ်လိုက်ရင် သင့်ကို သိမ်းမယ့်နေရာကိုရှာခိုင်းတဲ့ နောက်ထပ် pop-up window တစ်ခုအောက်ပါအတိုင်းကျလာမယ်
အထက်က အတိုင်း သိမ်းဖို့နေရာရှာခိုင်းတဲ့ pop-up window ပေါ်လာရင်တော့ သင်အပေါ်ဆုံးမှာတည်ဆောက်ခဲ့တဲ့ HTML Folder ကိုရှာပါ၊ အခုတော့
Desktop ပေါ်မှာ HTML Folder တည်ဆောက်ထားတဲ့ ဥပမာ နဲ့ ပြထားတယ်၊ Desktop ပေါ်မှာ HTML Folder တည်ဆောက်ခဲ့တဲ့အတွက် အနီရောက်မြား
တိုပြထားတဲ့ နေရာမှာ ခလစ်တစ်ချက်နှိပ်ပြီး Desktop ထဲကိုသွားရပါတယ်၊ အနီရောင်မြားရှည်ပြထားတဲ့နေရာမှာ Desktop လို့ပြောင်းရင်ဖြင့် အဲ့ဒီ့နေရာက
Desktop ပေါ်ကိုရောက်နေပါပီ။ ဒါဆိုရင်တော့ သူ့အထဲမှာရှိတဲ့ HTML ဆိုတဲ့ folder ကိုရှာပါ၊ အထက်က ပုံမှာ အစိမ်းရောင်မြားပြထားတယ်၊ အဲ့ဒီ့ HTML
အထက်က ပုံအတိုင်း အနီရောင်မြားပြထားတဲ့နေရာမှာ HTML လို့ပြရင်ဖြင့် အခု သင်ရောက်ရှိနေတာ HTML Folder ဖြစ်နေပါပီ။ ဒါဆိုရင်တော့
သင်ရေးထားတဲ့ file ကိုစတင် သိမ်းလိုပရပီ၊ အထက်မှာတော့ သိမ်းမယ့် ဖိုင်နာမည်ကို firstwebpage လို့ပေးထားတယ်၊ ဒီမှာ သေချာကို
သတိထားရမှာက နောက်က extension က .html လို့ထည့်ရတာပါ၊ သင်ရေးထားတဲ့ ဖိုင်က html ဖိုင်ဖြစ်တဲ့အတွက် သိမ်းတဲ့အခါ ကျရင် HTML
ဖိုင်းအမျိုးအစားရဲ့ extension ဖြစ်တဲ့ .html ကို သိမ်းမယ့် ဖိုင်နာမည်ရဲ့နောက်ဆုံးမှာထည့်ပေးရပါမယ်၊ ဒီလိုသိမ်းပြီးသွားရင်ဖြင့်
အနက်ရောင်မြားပြထားတဲ့နေရာမှာ ခလစ်တစ်ချက်နှိပ်ပြီ Save လိုက်ပါ၊ ဒါဆိုရင်တော့ သင့်ရေးခဲ့တဲ့ HTML Document
ကိုအောင်မြင်စွာသိမ်းပြီးသွားပါပီ၊ ပြန်ပြီး စစ်ဆေးကြည့်ချင်ရင်တော့ သင့်ကွန်ပြူတာရဲ့ HTML Folder ရှိတဲ့နေရာကိုသွားပါ၊ အခုတော့ အပေါ်က ဥပမာ မှာ
HTML Folder ကို Desktop ပေါ်မှာသိမ်းထားပါတယ်၊ ဒီတော့ Desktop ပေါ်ကိုသွားလိုက်ပါ၊ ပြီးရင် HTML Folder
ကိုခလစ်နှစ်ချက်နှိပ်ပြီးဖွင့်ကြည့်ပါ၊ အောက်ပါအတိုင်း သင်သိမ်းထားတဲ့ firstwebpage ဆိုတဲ့ HTML Document ကိုတွေ့ရမှာပါ၊
အထက်က အတိုင်း HTML Folder ထဲမှာ သင်သိမ်းခဲ့တဲ့ firstwebpage ဆိုတဲ့ HTML Document ကိုတွေ့ရရင်ဖြင့် အားလုံး အဆင်ပြေပါပီ၊ အခု အဲ့ဒီ့
firstwebpage ဆိုတဲ့ HTML document ကို ခလစ်နှစ်ချက်နှိပ်ပြီး ဖွင့်ကြည့်ပါ၊ ဒါဆိုရင်တော့ အောက်က အတိုင်း firefox web browser မှာ သင့်ရဲ့ HTML
အထက်က အတိုင်းအားလုံး အဆင်ပြေရင်တော့ သင်ဝက်ဆိုက်စာမျက်နှာတစ်ခုကိုအောင်မြင်စွာ ဖန်တီးပီးသွားပါပီ၊ အဲ လှတော့မလှဘူးပေါ့၊ ဒါကတော့
မပူနဲ့ နောက်ပိုင်းမှအလှဆင်မယ်၊ အခု ရည်ရွယ်ချက်က ၀က်ဆိုက်ကို ဘယ်မှာရေးပြီး ဘယ်လိုသိမ်းရတယ်၊ ပြီးရင် လယ်လို Run ရတယ်ဆိုတာ
ကိုသင်ပေးတာ၊ နောက်ပိုင်း သင်ခန်းစာတွေမှာ ကုတ်တွေကိုပဲရေးပြမယ်၊ ကုတ်တွေကို Run လိုက်လို့ ပြောရင် Notepad++ ထဲမှာရေးပြီး HTML Folder
ထဲမှာသိမ်းရမယ်၊ ပြီးရင် သိမ်းထားတဲ့ ဖိုင်းကိုခလစ်နှစ်ချက်နှိပ်ပြီးဖွင့်ရမယ်၊ ဒီလို အစဆုံး လုပ်လိုပ်မပြောပဲ Run လိုက်လို့ပဲ နောက်ပိုင်းသင်ခန်းစာ
တွေမှာပြောသွားမယ်၊
Credit >>>>72Coder
အခြားPostများကြည့်လိုပါကအပေါ်က Menu မှာကြည့်လို့ရပါတယ်နော်
ကျွန်တော်ပိုင်နေရာလေးများ
ရောင်ပြန်လေးစာပေသို့ဒီမှာသွားပါ
18+တို့ဆုံဆည်းရာသို့ဒီမှာသွားပါ
****အဆင်မပြေမှု့တစ်စုံတစ်ရာရှိပါက****
Facebook Account ဖြစ်တဲ့
အောက်ပါပုံလေးကိုနှိပ်ပြီးဝေဖန်အကြံပေးနိုင်ပါတယ်