ရေးသားသူ : Christ Leo Saturday, July 23, 2016

Browser တွေ ရှိနေပါပြီ။ ဒီ Web Browser တွေဟာ တစ်ခုနှင့် တစ်ခု အားသာချက်တွေ၊ အားနည်းချက်တွေ အသီးသီးရှိကြပေမဲ့ အားလုံးမှာပါတဲ့ လုပ်ဆောင်ချက်တစ်ခုအကြောင်း ပြောပြချင်ပါတယ်။ အဲဒါကတော့ Private Browsing လို့ အသိများတဲ့ Incognito Mode အကြောင်းပါပဲ။

စစချင်းပြောရရင်တော့ Incognito Mode ဆိုတာဘာလဲ ဆိုတဲ့မေးခွန်းနဲ့ စရမှာပေါ့။ Incognito Mode ဆိုတာ Web Browser တွေမှာပါတဲ့ Web Surfing နည်းတစ်မျိုးဖြစ်ပါတယ်။ အသုံးပြုသူတစ်ယောက်၏ Web သုံးစွဲစဉ်က လုပ်ဆောင်ချက်တွေကို နောက်ထပ်သုံးတဲ့သူတစ်ယောက် ကြည့်လို့မရအောင် Session တစ်ခုပြီးတာနဲ့ Cookies တွေ၊ Browsing History တွေကို အလိုအလျောက်ဖျက်ပေးတဲ့ လုပ်ဆောင်ချက်တစ်ခုပါပဲ။

အများသုံးကွန်ပျူတာတွေမှာ သုံးရတဲ့အခါမျိုးမှာ ကိုယ့်သွားခဲ့တဲ့ Website တွေ၊ ကိုယ်ရှာခဲ့တာတွေကို တခြားသူတွေ ပေးမသိချင်ကြပါဘူး။ ဒါ့အပြင် တစ်ချို့ Browser တွေက ထည့်လိုက်တဲ့ Password တွေကို အလိုလိုမှတ်ထားတာတွေ ရှိတတ်ပါတယ်။ ဒီလိုအခါမျိုးမှာဆို နစ်နာမှုတွေ ရှိလာနိုင်ပါတယ်။ Incognito Mode နဲ့သာ သုံးထားရင် ဒီကိစ္စတွေမှာ အဆင်ပြေပါလိမ့်မယ်။

တစ်ချို့ Website တွေကျတော့ IP တစ်ခုမှာ Account တစ်ခုပဲ သုံးခွင့်ပေးထားပါတယ်။ ဒီလိုအခါမျိုးမှာ အလုပ်အတွက် Account တစ်ခု၊ ကိုယ်ပိုင်သုံးတာ တစ်ခုရှိနေတာမျိုးဆိုရင် သာမန် Mode နဲ့တစ်ခု၊ Incognito Mode နဲ့ တစ်ခု ခွဲပြီး သုံးနိုင်ပါတယ်။ အကယ်လို့ Tab နဲ့ သုံးရတာ အဆင်မပြေရင် Mode ၂ ခုအတွက် Window နှစ်ခုဖွင့်ပြီး အပြိုင်အသုံးပြုခြင်းက ပိုမိုလွယ်ကူပါလိမ့်မယ်။

တစ်ချို့ သတင်းနဲ့ စာအုပ်တွေ တင်ပေးတဲ့ Website တွေမှာ ဘယ်နှစ်လ အခမဲ့ဖတ်ခွင့်ရမယ်၊ ဘယ်နှစ်ကြိမ် အခမဲ့ဖတ်ခွင့်ရမယ်ဆိုပြီး ကန့်သတ်ထားတာတွေ ရှိပါတယ်။ သူ့အကြိမ်ရေကျော်ရင် ငွေပမာဏတစ်ခု ပေးရတော့မှာပါ။ ဒီအခြေအနေအတွက် Incognito Mode ကို သုံးလို့ရပါတယ်။ အကယ်လို့သာ Incognito Mode နဲ့ ဝင်ခဲ့ရင် အဲဒီ့ Website အတွက် သင်ဟာ လူသစ်တစ်ယောက် အမြဲဖြစ်နေမှာပါ။

Incognito Mode ကို သုံးချင်ရင် လုပ်ရမှာတွေကလည်း မခက်ပါဘူး။ New ခေါ်လိုက်ရင် ပုံမှန် Tab ကို ဖွင့်မှာလား၊ Incognito Mode နဲ့ Tab ကို ဖွင့်မှာလားဆိုတာ ပြထားတာ တွေ့ရပါလိမ့်မယ်။ Google Chrome မှာဆိုရင် Incognito Window လို့ ပြနေမှာဖြစ်ပြီး Firefox ကတော့ Private Window လို့ ရေးထားပါတယ်။ အဲဒါကို နှိပ်လိုက်ရင် ထွက်လာတဲ့ Window ဟာ Incognito Mode သုံးဖို့ အဆင်သင့်ဖြစ်နေတဲ့ Window ပါပဲ။ IE8 နဲ့အထက်မှာတော့ InPrivate Browsing ဆိုတာကို Tools Menu အောက်မှာ တွေ့ရပါလိမ့်မယ်။ Shortcut ကတော့ Ctrl+Shift+P ပါ။

Mobile ဖုန်းတွေနဲ့ သုံးတယ်ဆိုရင်တော့ Settings ထဲမှာ Private Tab အနေနဲ့ဖြစ်ဖြစ်၊ Incognito Tab အနေနဲ့ဖြစ်ဖြစ် တွေ့နိုင်ပါတယ်။
"ဝိုး … သိပ်ကောင်းတာပဲ။ ဒါနဲ့ပဲ သုံးတော့မယ်" လို့ ယတိပြတ် မဆုံးဖြတ်လိုက်ပါနဲ့ဦ:။ ဒါနဲ့သုံးရင် လုံခြုံတယ်ဆိုပေမဲ့ ကိုယ်နဲ့တူတူသုံးတဲ့ တစ်ခြားတစ်ယောက်အတွက်ပဲ လုံခြုံတာပါ။ ကျန်တာတွေအတွက် မလုံခြုံပါဘူး။ ဆိုလိုတာက သင့် IP ကို သင်သုံးတဲ့ Website က မှတ်တမ်းတင်ထား နိုင်ပါတယ်။ အင်တာနက်အတွက် ဝန်ဆောင်မှုပေးတဲ့လုပ်ငန်းကလည်း သိနေနိုင်ပါတယ်။ နောက်ဆုံးဗျာ … အစိုးရကလည်း စောင့်ကြည့်နေနိုင်တယ်။

ဒီတော့ … ပိုကောင်းတာလိုချင်ရင်၊ ပိုလုံခြုံတာ လိုချင်ရင်တော့ ကိုယ့် Web Browser ကို VPN (Virtual Private Network) ကနေ သုံးတာက ပိုအဆင်ပြေပါလိမ့်မယ်။ VPN က သုံးတဲ့သူရဲ့ IP ကိုပါ ဖျောက်ပေးတယ်လေ။ ကံကောင်းတဲ့အချက်ကတော့ အခုနောက်ပိုင်းထွက်တဲ့ Chromium အခြေခံတဲ့ Broswer တွေ (Chrome နဲ့ Opera) က VPN ပါပြီးသားပဲ။ ဒီတော့ ကိုယ့် Browser ကို Upgrade လုပ်ရုံနဲ့ ဟန်ကျသွားလိမ့်မယ်။ ဒီ့ထက် အဆင်မြင့်တာ လိုချင်ရင်တော့ Tor Network (https://www.troproject.org/about/overview) ကို သုံးရလိမ့်မယ်။ ဒါပေမဲ့ Tor ကို လက်မခံတဲ့ Website တွေတော့ ရှိတယ်။ ဒီတော့ VPN လောက်ဆိုလည်း မဆိုးဘူးလို့ပဲ ပြောရမှာပေါ့။

ခြုံပြောရရင်တော့ Web Browser တစ်ခုမှာ နှစ်ယောက်နှင့် အထက် သုံးနေရရင်၊ ကိုယ့်သုံးတဲ့ Browsing History ကို ကျန်တဲ့သူတွေ မသိစေချင်ရင် Incognito Mode က အကောင်းဆုံးနည်းဖြစ်တယ် ဆိုတာပါပဲ။

Credit>>>Nub90d (MEHN Team)


အခြားPostများကြည့်လိုပါကအပေါ်က Menu မှာကြည့်လို့ရပါတယ်နော်
ကျွန်တော်ပိုင်နေရာလေးများ
ရောင်ပြန်လေးစာပေသို့ဒီမှာသွားပါ
18+တို့ဆုံဆည်းရာသိုဒီမှာသွားပါ
****အဆင်မပြေမှု့တစ်စုံတစ်ရာရှိပါက****
 
Facebook Account ဖြစ်တဲ့

အောက်ပါပုံလေးကိုနှိပ်ပြီးဝေဖန်အကြံပေးနိုင်ပါတယ်
https://www.facebook.com/yaungpyan.tec

****ကျွန်တော့်ရဲ့ ရောင်ပြန်လေး(နည်းပညာ)Page ကို Like နှိပ်ထားပါဦး****
https://www.facebook.com/yaungpyanlaytechnology/
@@@@စာပေ၀ါသနာပါရင်ကျွန်တော့်ရဲရောင်ပြန်လေး-စာပေ PageကိုLikeနှိပ်ထားပါဦး@@@@
https://www.facebook.com/yaungpyanebook/
$$$$အားပေးမှု့ကိုအထူးပင်ကျေးဇူးတင်ရှိပါသည်$$$$

ကိုယ်စိတ်နှစ်ဖြာကျန်းမာ၊ ချမ်းသာကြပါစေ

Leave a Reply

အဆင်မပြေတာများ ၊ လိုချင်တာများရှိရင်မှာခဲ့ပါ။

ကျွန်တော့်ရဲ့ရေးဖော်ရေးဖက်များ

Yaung Pyan Lay (ရောင်ပြန်လေး နည်းပညာ)
ဂျူးကလေး(ရောင်ပြန်လေး စာပေ)
Mr Yaung Pyan (Golden Myanmar)
ကိုမြတ် ( MICT Garden)
ငွေဇင်မိုး (ငွေဇင်မိုး မုံရွာ)
Aung Ko Latt (Aung Ko Latt စွယ်စုံ)
Maung Pauk (မောင်ပေါက်နည်းပညာ)
CKKH(နည်းပညာ)

Subscribe to Posts | Subscribe to Comments

@Copy Right 2016 / Designe By ရောင်ပြန်လေး(နည်းပညာ) / Power By Yaung Pyan Lay

- Copyright © ​ရောင်​ပြန်​​လေး - Hatsune Miku - Powered by Blogger - Designed by Johanes Djogan -