ရေးသားသူ : Christ Leo Friday, July 22, 2016



စမတ်ဖုန်း ကိုင်တဲ့ လူတိုင်း Bluetooth ကို သိကြ ပါတယ်။ ဒါပေမယ့် သူ့ကို အသုံး ချနိုင်တဲ့ နည်းလမ်း အားလုံးကို လူတော်တော် များများ မသိ ကြပါဘူး။ ဒီ Tutorial ကို ဖတ်ကြည့် ရင်တော့ သူငယ်ချင်းတွေ မသိသေးတဲ့ Bluetooth လျှို့ဝှက်ချက် တွေကို သိနိုင်မှာ ဖြစ်ပါတယ်။ Bluetooth ရဲ့ စွမ်းရည်နဲ့ သူ့ကို Set Up လုပ်နည်း တွေကို
ရေးသား ပေးလိုက် ပါတယ်။

Bluetooth ဆိုတာ ဘာလဲ ?

Bluetooth ဆိုတာ အီလက်ထရောနစ် ကိရိယာတွေ တစ်ခုနဲ့ တစ်ခု ချိတ်ဆက် အလုပ် လုပ်နိုင်တဲ့ ကြိုးမဲ့ ဆက်သွယ်မှု စံနှုန်း တစ်ခု ဖြစ်ပါတယ်။ သူ့ကို စမတ်ဖုန်းကနေ စပီကာများ၊ လက်တော့များ အထိ ထည့်သွင်း ပေးထား ကြပါတယ်။ သူ့ကို သုံးဖို့ WiFi , Mobile Data နဲ့ Cellular Network များ မလိုပါဘူး။ Bluetooth ပါတဲ့ ကိရိယျာနှစ်ခုကို နီးကပ်တဲ့ အကွာ အဝေး နားမှာ ထားလိုက် တာနဲ့ အိုကေပါပြီ။

Bluetooth Version Numbers များ အကြောင်း

Bluetooth ရဲ့ ပထမဆုံး ဗားရှင်းကို ၁၉၉၉ မှာ စတင် မိတ်ဆက် ခဲ့တာပါ။ အခု နောက်ဆံးပေါ် ဗားရှင်းက Bluetooth 4.2 ပါ။ ဗားရှင်းမြင့် လာတာနဲ့ ဒေတာ ကူးပြောင်းမှုနှုန်းက ပိုမိုမြန်ဆန် လာတာပါ။ ဒီနေ့ခေတ် စမတ်ဖုန်း တော်တော် များများမှာ Bluetooth 4.0 ကို ထည့်ပေး ထားကြ ပါတယ်။

Bluetooth နဲ့ NFC တို့ရဲ့ ကွာခြားချက်

Bluetooth နဲ့ NFC တို့ဟာ တူညီချက်များစွာရှိပါတယ်။ ဒေတာ ကူးပြောင်းမှု ပိုမို မြန်ဆန်အောင် Bluetooth နဲ့ NFC ကို ပူးတွဲ သုံးနိုင် ပါသေးတယ်။ အဓိက ကွာခြားချက် တွေကတော့

• NFC ကို သုံးဖို့ ဖုန်းနှစ်လုံးကို Pair လုပ်ဖို့ မလိုပါဘူး။ အဲဒီ အတွက် ဒေတာ ကူးပြောင်းဖို့ ပိုမို မြန်ပါတယ်။ Bluetooth ကို သုံးဖို့ ဖုန်းနှစ်လုံးကို Pair လုပ်ရမှာပါ။
• NFC ကို သုံးရင် ဖုန်းနှစ်လုံးကို ပိုမို နီးကပ်တဲ့ အကွာ အဝေးမှာ ထားရပါမယ်။ ( ၁၀ စင်တီမီတာအောက်)
• NFC ကို မိုဘိုင်းဖုန်းကနေ ငွေပေးချေတဲ့ စနစ်များ အတွက် သုံးနိုင်ပါတယ်။ Bluetooth ကိုတော့ အဲဒီလို သုံးလို့ မရပါဘူး။
Bluetooth 4.0 ကို ပေ ၂၀၀ အကွာအဝေးအတွင်းမှာတောင် သုံးနိုင်ပါတယ်။ ဒေတာ ကူးပြောင်းမှု ကလည်း NFC ထက် ပိုမြန်ပါတယ်။

Bluetooth ကို ဖွင့်နည်း

သူ့ကို အသုံးပြုဖို့ အတွက် အရင်ဆုံး Enable လုပ်ရမှာပါ။ Settings> Bluetooth ထဲသွားပြီး Enable လုပ်ပေးပါ။ ပိုမြန်တဲ့ နည်းက Notification Bar ကိုဆွဲချပြီး Enable လုပ်ပါ။



ဖုန်းနှစ်လုံးကို Bluetooth ဖြင့် ချိတ်ဆက်နည်း

ဖုန်းနှစ်လုံးမှ Bluetooth ကိုဖွင့်ပြီးတာနဲ့ Settings> Bluetooth ထဲသွားပါ။ သင် ချိတ်ဆက် ချင်တဲ့ ဖုန်းအမည်ကို ရှာပြီး နှိပ်ပါ။ အချို့ Bluetooth Devices များကို ချိတ်ဆက်ဖို့ အတွက် PIN ကို ရိုက်ထည့် ရပါတယ်။

Bluetooth ကို အသုံးချနည်းများ


၁။ သီချင်းနားထောင်ခြင်း။

Bluetooth ကို အများဆုံးသုံးကြတာကတော့ Bluetooth Speaker များ၊ Bluetooth Headphones များနဲ့ ချိတ်ဆက်ပြီး သီချင်းနားထောင်ကြတာပါ။ ကြိုးတွေနဲ့ ချိတ်ဆက်ဖို့ မလိုတော့ပါဘူး။ လေ့ကျင့်ခန်းလုပ်တဲ့ လူများအတွက် ပိုတောင် အသုံးဝင်ပါသေးတယ်။



၂။ ဖုန်းပြောခြင်း။

ဖုန်းပြောဖို့အတွက်လည်း Bluetooth ကို သုံးနိုင်ပါတယ်။ Bluetooth နားကြပ်နဲ့ ဖုန်းကို ကြိုးမဲ့ ချိတ်ဆက်ထားပါ။ ဒါဆိုရင် နားကြပ်ကနေ ဖုန်းပြောနိုင်ပါပြီ။

၃။ ဖိုင်များ ကူးပြောင်းခြင်း။

Bluetooth ဖြင့် ဖုန်းနှစ်လုံးကို ချိတ်ဆက်လိုက်တာနဲ့ ဖိုင်များကို ကြိုးမဲ့ ပေးပို့နိုင်ပါပြီ။ အရွယ်အစားကြီးတဲ့ ဖိုင်များကို ပေးပို့ဖို့အတွက် အိုကေပါပဲ။



၎။ ကားထဲမှာ အသုံးပြုခြင်း။

ကားတွေမှာလည်း Bluetooth ပါပါတယ်။ သင့်ဖုန်းကို ကားနဲ့ Bluetooth ဖြင့် ချိတ်ဆက်လိုက်တာနဲ့ ဖုန်းထဲက သီချင်းများကို ကားမှာ နားဆင်နိုင်ပါပြီ။ ဖုန်းခေါ်ဆိုမှုများလည်း ပြုလုပ်နိုင်ပါတယ်။

From : Myanmar Digital Life Journal - By : Thu Ya 


အခြားPostများကြည့်လိုပါကအပေါ်က Menu မှာကြည့်လို့ရပါတယ်နော်
ကျွန်တော်ပိုင်နေရာလေးများ
ရောင်ပြန်လေးစာပေသို့ဒီမှာသွားပါ
18+တို့ဆုံဆည်းရာသိုဒီမှာသွားပါ
****အဆင်မပြေမှု့တစ်စုံတစ်ရာရှိပါက****
 
Facebook Account ဖြစ်တဲ့

အောက်ပါပုံလေးကိုနှိပ်ပြီးဝေဖန်အကြံပေးနိုင်ပါတယ်
https://www.facebook.com/yaungpyan.tec

****ကျွန်တော့်ရဲ့ ရောင်ပြန်လေး(နည်းပညာ)Page ကို Like နှိပ်ထားပါဦး****
https://www.facebook.com/yaungpyanlaytechnology/
@@@@စာပေ၀ါသနာပါရင်ကျွန်တော့်ရဲရောင်ပြန်လေး-စာပေ PageကိုLikeနှိပ်ထားပါဦး@@@@
https://www.facebook.com/yaungpyanebook/
$$$$အားပေးမှု့ကိုအထူးပင်ကျေးဇူးတင်ရှိပါသည်$$$$

ကိုယ်စိတ်နှစ်ဖြာကျန်းမာ၊ ချမ်းသာကြပါစေ

Leave a Reply

အဆင်မပြေတာများ ၊ လိုချင်တာများရှိရင်မှာခဲ့ပါ။

ကျွန်တော့်ရဲ့ရေးဖော်ရေးဖက်များ

Yaung Pyan Lay (ရောင်ပြန်လေး နည်းပညာ)
ဂျူးကလေး(ရောင်ပြန်လေး စာပေ)
Mr Yaung Pyan (Golden Myanmar)
ကိုမြတ် ( MICT Garden)
ငွေဇင်မိုး (ငွေဇင်မိုး မုံရွာ)
Aung Ko Latt (Aung Ko Latt စွယ်စုံ)
Maung Pauk (မောင်ပေါက်နည်းပညာ)
CKKH(နည်းပညာ)

Subscribe to Posts | Subscribe to Comments

@Copy Right 2016 / Designe By ရောင်ပြန်လေး(နည်းပညာ) / Power By Yaung Pyan Lay

- Copyright © ​ရောင်​ပြန်​​လေး - Hatsune Miku - Powered by Blogger - Designed by Johanes Djogan -