ရေးသားသူ : Christ Leo Wednesday, June 15, 2016


HTML Element

ရှေ့ဆုံးအခန်းမှာတော့ Tags တွေနဲ့ Element တွေကွာခြားပုံကို ထပ်ပြီးရှင်းပြမယ်၊ အောက်က စာကြောင်းကိုကြည့်ပါ၊

<p>what the hack is going on with my life</p>

အထက်က စာကြောင်းကို ကြည့်ပြီ Element က ဘယ်အစိတ်အပိုင်းလဲ လို့ မေးရင်၊ စာကြောင်းတစ်ကြောင်းလုံး က Element ပါ၊ <p> အစကနေ </p>

အဆုံးအထိပါ၊ စာသားတွေဖြစ်တဲ့ what the hack is going on with my life ဆိုတဲ့စာသားလဲပါတယ်၊ အဲ့ဒီ့ စာကြောင်းတစ်ကြောင်းလုံး ကိုမှ Element

တစ်ခုလို့ခေါ်တယ်၊ အကြောင်းအရာဖြစ်တဲ့ content ပါမယ်၊ အဲ့ဒီ့ Content ကို ၀ိုင်းထားတဲ့ အဖွင့် အပိတ် Tags တွေပါမယ်၊ ဒါကိုမှ Element

တစ်ခုလို့ခေါ်တယ်၊

<p> နဲ့ </p> တို့က html tags ပါ၊ သူတို့က  Element အဆင့်မဖြစ်သေးပါဘူး၊  သူတို့နဲ့ အတူ အကြောင်းအရာ content ပါလာမှ HTML Element

တစ်ခုဖြစ်လာမယ်၊

HTML Nesting

HTML မှာ Nested Element ဆိုတာရှိပါတယ်၊ Nested Element ဆိုတာ အသိုက်ဖွဲ့ထားတဲ့ ပုံစံရှိတဲ့ Element ပေါ့၊ သူက အများကြီးကို တစ်ခုနဲ့ တစ်ခု

ဝိုင်းထားတယ်၊ Content ကတော့ ခုထဲပါမယ်၊ အောက်က ဥပမာ ကိုကြည့်ပါ၊

<body>

<p><b><i>I am not such a greate guy.</i></b></p>

</body>

အထက်က ဥပမာမှာ content ဖြစ်တဲ့ အကြာင်းအရာ I am not such a great guy ဆိုတဲ့စာသားကို HTML Tags လေးခုနဲ့ဝိုင်းထားပါတယ်၊ <body>

ရယ်၊ <p> ဆိုတဲ့ Paragraph tags ရယ် <b>  ဆိုတဲ့ bold tags ရယ်၊ <i> ဆိုတဲ့ italic tag ရယ်တို့ပါဝင်ပါတယ်၊ ဒီလို အကြောင်းအရာတစ်ခုကို

HTML Tags တွေအများကြီးနဲ့ ၀ိုင်းထားမယ် ဆိုရင် Nested Elment လို့ခေါ်တယ်၊ Nested Element လို့ခေါ်ရင် html tags တွေရော

content ဖြစ်တဲ့စာသားတွေကောအားလုံးပါတယ်၊ ဒီတော့ content တစ်ခုကို HTML tags တစ်ခုထပ်ပိုတဲ့ tags တွေနဲ့ ၀င်းရံပြီး မှတ်သားထားရင်

Markup လုပ်ထားရင် အဲ့ဒီ့ အစုအဝေး တစ်ခုလုံးကို HTML Nested Element လို့ခေါ်တယ်ဆိုတာမှတ်သားပါ၊

Element တွေကို အသုံးပြုထားတဲ့ HTML tags တွေပေါ်မူတည်ပြီး နာမည်ခေါ်ကြတယ်၊ ဥပမာ paragraph tag နဲ့ ၀န်းရံထားတဲ့ content တစ်ခုပါတဲ့

element ကို <p> element လို့ခေါ်မယ်၊ အောက်မှာကြည့်ပါ၊

<p>ငုပ်လျှပ်သာကိုစီ ဆုတ်ကာလွေးတော့သည် ပြီလျှင်ရေမရှာ ခွေးသာကျွေးတော့သည် </p>

အထက်ကHTML Element ကို၊ <p> element လို့ခေါ်တယ်၊

<b>အချိန်ညနေ ဆောင်းအတွင်း အပေါင်းအသင်းနဲ့ ရေခက်လာ</b>

အထက်က HTML Element ကိုတော့ <b> element လို့ခေါ်ပါတယ်၊

<i>မုလေးရုံ တောအစ ဒေါနလမ်းမြေညီ လျှောကျစမ်းရေကြည်တဲ့ ရွှေနှင်းစီကန်ချောင်း

လွမ်းမတတ်စက၀ါ အငူက နံ့သာဖြူလေးမောင့် စံကျောင်း</i>

အထက်က HTML Element ကိုတော့ <i> element လို့ခေါ်ပါတယ်၊

<html>

<body>
<p>This is my first paragraph.</p>
</body>

</html>

အထက်က ဥပမာ တစ်ခုလုံးကတော့ Html element ဖြစ်ပါတယ်၊

အထက်က ဥပမာ တွေကိုကြည့်ပြီး Nested Element ဆိုတာ HTML tags တစ်ခုထပ်ပိုတဲ့ tags တွေနဲ့ ၀န်းရံထားတဲ့ content ပါတဲ့

အစုတစ်ခုကိုခေါ်တယ်ဆိုတာမှတ်ပါ၊ HTML Element တစ်ခုကိုနာမည်တပ်ခေါ်မယ်ဆိုရင် အရင်ထည့်ထားတဲ့ HTML tag ရဲ့

နာမည်ကိုအထူးပြုပြီးခေါ်ရပါတယ်၊

HTML Empty Element

HTML မှာ empty tag တွေလဲရှိတယ်၊  သူတို့မှာ content တွေမပါဘူး၊ <br/> နဲ့ <hr/> တို့က empty element ပါ၊ သူတို့တွေမှာ start tag အဖွင့် ရယ်

close tag အပိတ်ရယ် ဆိုပြီးပါတယ်၊ သူတို့တွေမှာ content မပါဘူး၊ self closing လို့ခေါ်တဲ့ ကို့ဘာသာကိုယ်ပြန်ပိတ်ထားတယ်၊ အဲ့ဒီ့လို tags တွေကိုတော့

HTML Empty Element လို့ခေါ်ပါတယ်၊

HTML Tags တွေက Case Sensitive အမျိုးအစားတွေမဟုတ်ပါဘူး၊ သူတို့ကို စာလုံးအကြီးနဲ့ ရေးလို့ရသလို အသေးနဲ့လဲရေးလို့ရတယ်၊ ဒါပေမယ့် 72coder

ကတော့ အသေးနဲ့ ရေးဖို့အကြံပြုပါတယ်၊

HTML Block Element

HTML မှာစာကြောင်းတွေကိုပိတ်ပစ်တဲ့ Elements တွေရှိတယ်၊ သူတို့ကိုတော့ Block Element လို့ခေါ်တယ်၊ သင် <h1>what is that </1>

လို့ရေးလိုက်ရင် အဲ့ဒီ့ What is that က စာလုံး အကြီးဖြစ်သွားရုံတင်မကဘူး၊ စာကြောင်းတစ်ကြောင်းလုံးကိုပါယူသွားတယ်၊ သူဘေးမှာ

ဘယ်သူ့ကိုမှ နေရာမယူခိုင်းတော့ဘူး၊ သူနောက်က လိုက်ရေးတဲ့စာတွေလဲ တကယ်ဝက်ဆိုက်မှာထွက်လာတော့ သူ့နောက်က

မလာပဲ နောက်တစ်ကြောင်းမှာ ပေါ်လာတယ်၊ ဒါကို block လုပ်ပြစ်တယ်လို့ခေါ်တယ်၊ အဲ့ဒီ့လို သက်ဆိုင်းရာစာကြောင်းကို block လုပ်ပြစ်တဲ့ HTML

elements တွေကို HTML Block Element လို့ခေါ်ပါတယ်၊ ဥပမာ <h1> <hr> <p> <ul> <table> တို့ပါ၊ နောက်လဲရှိပါသေးတယ်၊

HTML Inline Element

HTML Inline Element ကတော့ Block Element နဲ့ ပြောင်းပြန်ပါ၊ သူတို့နောက်မှာ အခြားစာကြောင်းတွေလိုက်လို့ရတယ်၊ လိုက်ခွင့်ရှိတယ်၊ သူတို့က

စာကြောင်းတစ်ကြောင်းလုံးကို Block elements တွေလိုမောင်ပိုင် မစီးလိုက်ပါဘူး၊ ဥပမာ <b> <i> <code> တို့လိုမျိုး Elements တွေပါ၊ သူတို့က

tags တွေဖြစ်ပေမယ့် အခုက content တွေပါတဲ့ အနေနဲ့ ရှင်းပြနေလို့ Elements တွေလို့သုံးလိုက်တာနော်၊

The HTML <div> Element

The HTML <div> element is a block level element that can be used as a container for grouping other HTML elements.

HTML ရဲ့ <div> Element ဆိုတာက HTML Element အုပ်စုတစ်ခုအနေနဲ့ သုံးလိုတဲ့  HTML Tags များနဲ့ Elements များကို ၀ိုင်းပြီး အုပ်စုတစ်ခုအနေနဲ့

သုံးလို့ရအောင် ဖန်တီးပေးပါတယ်၊  <div> element တစ်ခုကို <div> အဖွင့် နဲ့ </div> အပိတ်တို့ကိုအသုံးပြုပြီးရေးရပါတယ်၊ <div> Element ကို CSS

ဖိုင်တွေအတွက် အဓိက သုံးပါတယ်၊ သက်ဆိုင်ရာ အမျိုးအစားတူညီတဲ့ အလုပ်မျိုး အလှဆင်မူမျိုး style ထုတ်မူမျိုးကို လုပ်ဖို့အတွက် <div> ကိုသုံးပြီး

အလုပ်လုပ်လိုတဲ့အစိတ်အပိုင်းကိုသတ်မှတ်ပါတယ်၊ <div> မှာ အထူးအဓိပ္ပါယ်တော့မရှိဘူး၊ ဒါပေမယ့် <div> သုံးထားတဲ့ အုပ်စုက block level

element ဖြစ်တဲ့အတွက် ရှေ့နဲ့ နောက်မှာ အခြား Element နဲ့ Tag တို့မလာနိုင်အောင်စာကြောင်းကိုဖြတ်ထားပါတယ်၊ ဒါ့ကြောင့် <div> ပါတဲ့စာကြောင်းကို

Browser  ကတွေ့ရင် သူ့ရဲ့ ရှေ့ နဲ့ နောက်မှာ စာကြောင်းခြားပစ်မှာဖြစ်ပါတယ်၊ CSS မှာတော့ <div> ကိုအသုံးပြုပြီး HTML မှာ Table တွေနဲ့

တည်ဆောက်တဲ့ ၀က်ဆိုက် Layout (နေရာချထားပုံ) ကိုဖန်တီးပါတယ်၊

The HTML <span> Element

<span> element ကို တော့ inline element  အဖြစ် HTML Document မှာ စာသားတွေသိုလှောင် တဲ့ နေရာအဖြစ်သုံးပါတယ်၊ <span> element မှာ

တခြားထူးခြားတဲ့ အဓီပ္ပါယ်တော့မရှိပါဘူး၊ CSS မှာတော့ <span> ကိုအသုံးပြုပြီး စာသားအစိတ်အပိုင်းတစ်ခုကို Attributes တွေ သတ်မှတ်ပြီး Style

ထုတ်ဖို့သုံးနိုင်ပါတယ်၊

အခြားPostများကြည့်လိုပါကအပေါ်က Menu မှာကြည့်လို့ရပါတယ်နော်

****အဆင်မပြေမှု့တစ်စုံတစ်ရာရှိပါက****
 
Facebook Account ဖြစ်တဲ့

အောက်ပါပုံလေးကိုနှိပ်ပြီးဝေဖန်အကြံပေးနိုင်ပါတယ်
https://www.facebook.com/yaungpyan.tec


****ကျွန်တော့်ရဲ့ ရောင်ပြန်လေး(နည်းပညာ)Page ကို Like နှိပ်ထားပါဦး****

https://www.facebook.com/yaungpyanlaytechnology/

@@@@စာပေ၀ါသနာပါရင်ကျွန်တော့်ရဲ ရောင်ပြန်လေး-စာအုပ်စင် Page ကို Like နှိပ်ထားပါဦး@@@@

https://www.facebook.com/yaungpyanebook/
$$$$အားပေးမှု့ကိုအထူးပင်ကျေးဇူးတင်ရှိပါသည်$$$$

ကိုယ်စိတ်နှစ်ဖြာကျန်းမာ၊ ချမ်းသာကြပါစေ

Leave a Reply

အဆင်မပြေတာများ ၊ လိုချင်တာများရှိရင်မှာခဲ့ပါ။

ကျွန်တော့်ရဲ့ရေးဖော်ရေးဖက်များ

Yaung Pyan Lay (ရောင်ပြန်လေး နည်းပညာ)
ဂျူးကလေး(ရောင်ပြန်လေး စာပေ)
Mr Yaung Pyan (Golden Myanmar)
ကိုမြတ် ( MICT Garden)
ငွေဇင်မိုး (ငွေဇင်မိုး မုံရွာ)
Aung Ko Latt (Aung Ko Latt စွယ်စုံ)
Maung Pauk (မောင်ပေါက်နည်းပညာ)
CKKH(နည်းပညာ)

Subscribe to Posts | Subscribe to Comments

@Copy Right 2016 / Designe By ရောင်ပြန်လေး(နည်းပညာ) / Power By Yaung Pyan Lay

- Copyright © ​ရောင်​ပြန်​​လေး - Hatsune Miku - Powered by Blogger - Designed by Johanes Djogan -