- မူရင်းစာမျက်နှာ »
- Blog Blog Knowledge »
- How To Do Your Blog Import-Export-Delete
ရေးသားသူ : Christ Leo
Friday, June 10, 2016
မင်္ဂလာပါ ကျွန်တော် သည်နေ့ အားလုံးနဲ့ မိတ်ဆက်ပေးခြင်တဲ့ နည်းပညာလေးကတော့ ဘလော့ကာပိုင်း ဆိုင်ရာ နည်းပညာရပ်တွေထဲက BLOGGER များအတွက် အလွန်ကို အရေးပါစေတဲ့ နည်းပညာလေးတစ်ရပ်ဘဲ ဖြစ်ပါတယ်..။ သည်နည်းလမ်းလေးကို ကျွန်တော့်ရဲ့ ၀က်ဆိုဒ်မှာလည်း တင်ပေးဖူးပြီးသားဖြစ်ပါတယ်.. ခုတော့ နည်းပညာဆောင်းပါးတစ်ပုဒ်အနေနဲ့ ကျွန်တော် ပြန်လည် ရေးသား တင်ပြလိုပါတယ်.. တကယ်တမ်းလည်း ဘလော့ကာတွေအတွက် မရှိမဖြစ် သိထားသင့်တဲ့ နည်းလမ်းလေးဆို မမှားပါဘူး... ဘလော့တခု ၀က်ဆိုဒ်တခု လုံးရဲ့ အသက်သွေးကြောလို့တောင် ပြောလို့ရပါတယ်.... ဘာလည်းဆိုတော့ ကျွန်တော်တို့ ဘလော့တွေ မှာ
ဘလော့တခုလုံး ( ပို့စ်များအပါအ၀င် ) ကိုဒေါင်းယူနည်း-ပြန်သွင်းနည်း ဆိုတဲ့ ဘလော့တခုရဲ့ အရေးပါဆုံး ကဏ္ဍလေးဘဲဖြစ်ပါတယ်... ဘာကြောင့် အရေးပါရသလဲဆိုတော့ ကျွန်တော်တို့ ဘလော့ကာ တော်တော် များများ တွေ့ဖူးကြမယ်လို့ထင်ပါတယ်... မိမိတို့ ဘလော့တွေမှာ Spam မိတာဘဲ ဖြစ်ဖြစ် တခြား အကြောင်းကြောင့် ဖြစ်ဖြစ်.... Hacker တွေကြောင့် ဖြစ်ဖြစ်.... ဘလော့တခု ဆုံးရှုံး ကြရတာကိုပေါ့... အဲလိုခါမှာ ခဲလေသမျှ သဲရေကြ ဖြစ်ကြရပါတယ်.. ကျွန်တော်တို့ ကာလရှည်ကြာ ကြိုးစားထားသမျှ တွေ ကုန်ဆုံးကြရတော့ အရမ်းကို ထိခိုင်စေပါတယ်...
ဒါကြောင့် ခုကျွန်တော် ရေးသားတဲ့ နည်းလမ်းလေးကတော့ မိမိတို့ ဘလော့ မည်သည့်အကြောင်းကြောင်းကြောင့် ဖြစ်စေ ဆုံးရှုံးခဲ့ပါက ချက်ချင်း ဆိုသလို မူလအဆိုင် ဟန်မပျက် ပြန်လည် တည်ဆောက်နိုင် တဲ့နည်းလမ်းလေးဖြစ်ပါတယ်... ကဲ အောက်မှာ သေခြာ ရှင်းပြထားပါတယ်နော်...
နည်းလမ်းကတော့ How To Do Your Blog Import-Export-Delete ဆိုပြီးပေးထားပါတယ်....
မိမိတို့ ဘလော့မှာ တင်ထားသမျှ POST တွေအားလုံးကို ဘယ်လို ဒေါင်းယူမယ် ဘယ်လိုပြန်သွင်းမယ် နောက် မလိုအပ်တဲ့ခါ ဘလော့ကို အပြီးပိုင် ဖျက်မယ် ဆိုတဲ့ နည်းလမ်း ၃ သွယ်ကို
ကျွန်တော် အသေးစိတ် ရေးသားဖေါ်ပြသွားမှာပါ....ဆက်လက် လေ့လာလိုက်ကြရအောင်ဗျာ....
မိမိဘလော့မှာ Export လုပ်ယူနည်း
ပထမဆုံးအနေနဲ့ မိမိတို့ရဲ့ blogger မှာ အကောင့်ဝင်လိုက်ပါနော်.. ၀င်ပြီးတာနဲ့... ဘလော့ကာ Setting ကိုသွားလိုက်ပါ..အောက်က ပုံတိုင်းတွေ့မြင်ရပါမယ်...
အိုကေ ရောက်တာနဲ့ Setting ထဲက အော်ကဆုံးမှာ ရှိနေတဲ့ 0ther ဆိုတာကိုကလစ်ပေးလိုက်ပါ။
အပေါ်ဆုံး မှာတွေ့မြင်ရမှာဖြစ်ပါတယ် Export Blog ဆိုတာလေးကို ကလစ်လိုက်ပါ ဒါဆို ဒေါင်းဖို့ ဘောက်လေး ကျလာမှာဖြစ်ပါတယ်
ပုံမှာ ပြထားသလို Download Blog ဆိုတာကလစ်ပြီး ဒေါင်းထားလိုက်ပါ.. မိမိ ဘလော့ရဲ့ ပို့စ်များခြင်း နည်းခြင်းအပေါ်မူတည်ပြီး စောင့်ရမှာဖြစ်ပါတယ်.. များရင် အချိန်ကြာပါမယ်..ဒေါင်းထားလိုက်ပါ။
ပြီးတာနဲ့ ဒေါင်းထားတဲ့ Folder လေးထဲ ၀င်ကြည့်လိုက်ပါ မိမိတို့ဘလော့ရဲ့ ဘလော့တခုလုံးရဲ့ xml ဖိုင်လေးကို အောက်ကတိုင်းတွေ့မြင်ကြရမှာဖြစ်ပါတယ်...
ဒါဆို အဲ xml ဖိုင်လေးကို သေခြာ မှတ်ထားလိုက်ပါနော်... ဒါက ဘလော့တခုလုံးရဲ့ အသက်သွေးကြောလေးပါ... သူရှိနေသမျှ ဘယ်ချိန် မိမိဘလော့ ပျက်ပါစေ ပါသွားပါစေ ချက်ချင်းဆိုသလို ပြန်လည် အသက်သွင်းနိုင်မှာဖြစ်ပါတယ်...။ ဆက်လက်ပြီး အဲဖိုင်လေးကို ဘလော့ အသစ်တခုမှာ ထည့်သွင်းနည်း ရှင်းပြပါမယ်....
မိမိဘလော့မှာ Import Blog လုပ်နည်း
ဒါကတော့ မိမိတို့ အပေါ်က ဘလော့တခုလုံးကို ဒေါင်းယူ သိမ်းဆည်းထားခဲ့တဲ့... ဖိုင်လေးကို ဘလော့ အသစ်တခုခု မှာ မူရင်းဘလော့မှာရိခဲ့တဲ့ တိုင်းပြန်လည် မူမပျက် ထည့်သွင်းနည်းဘဲ ဖြစ်ပါတယ်...
ပထမဆုံး မိမိတို့ ထည့်လိုတဲ့ဘလော့ရဲ့ Setting >> Other ဆိုတဲ့နေရာကိုသွားလိုက်ပါ... အပေါ်က နည်းတိုင်းပါဘဲ... ရောက်တာနဲ့ အောက်ကပုံတိုင်းကြည့်လိုက်ပါ
ပုံမှာတွေ့ရတဲ့တိုင်း Impotr Blog ဆိုတာလေးကို ကလစ်လိုက်ပါ ဒါဆို ဘောက်လေးတခုတက်လာမှာဖြစ်ပါတယ် အဲဘောက်လေး မှာဘဲ ထည့်သွင်းခြင်း လုပ်ကြရမှာပါ
အိုကေ ဘော်ကလေးတက်လာတာနဲ့ အပေါ်က Browse ဆိုတာလေးကို ကလစ်လိုက်ပါ ဒါဆို ဇယားတခုထွက်လာမယ် အဲသည်နေရာမှာ စောစောက မိမိတို့ ဒေါင်းယူသိမ်းဆည်းခဲ့တဲ့ xml ဖိုင်လေး ရှိတဲကေ နရာကို အရောက်သွားလိုက်ပါ ရောက်တာနဲ့ အဲ ဖိုင်လေးကို Double ကလစ်လိုက်ပါ
သည်မှာ ကျွန်တော်တို့ သူက စာလိမ် လိုမျိုး စာလုံးတွေ ပေးထားပါမယ် (သို့) နံပါတ် တွေဖြစ်ကောင်းဖြစ်ပါမယ် အဲတာကို သူပေးထားသည့်အတိုင်း ပြန်လည် ရေးချပေးရမှာ ဖြစ်ပါတယ်
ပြီးတာနဲ့ အောက်က Import Blog ဆိုတာကလစ်ပြီး စောင့်ဆိုင်းနေယုံပါဘဲ..... သည်နေရာမှာ
သတိပြု ဖို့ တချက် ပြောလိုက်ခြင်ပါတယ်.. မကြာခဏ ကြည့်ပေးပါ ဘာကြောင့်လည်းဆိုတော့ စာလိမ် စာလုံးလေးတွေကို တခါတလေမှာ မပြီးဆုံးမှီ ပြောင်းပြောင်း ပေးတတ်ပါသေးတယ.် သူပြောင်းလိုက်တာနဲ့ သူပေးထားသလို ပြန်ရေး ပြီး ပြန်လ်ုပပေးရမှာဖြစ်ပါတယ်... ဒါကလည်း ကျွန်တော်တို့ ဒေါင်းထားတဲ့ ဘလော့ရဲ့ MB...GB..အပေါ်မှာ မူတည်ပါတယ်.. ပို့စ်တွေ အရမ်းများတဲ့ ဆိုးဒ်တခုကို ဒေါင်းထားပြီး ပြန်သွင်းတာဆို အချိန် တော်တော် ကြာကြာ စောင့်ဆိုင်းပေးရမှာ ဖြစ်ပါတယ် အဲလို ကြာတာနဲ့အမျှ စာလိမ်လေးတွေ ပြောင်းပေးတတ်ပါတယ် အသစ် အသစ်လေးတွေ ထပ် ကျကျလာတတ်လို့ပါ... နားလည်မယ်ထင်ပါတယ်နော် ပြီးတာနဲ့ မိမိတို့ ရဲ့ ဘလော့ကာ တခုလုံးအတွက်
အစားသွင်းခြင်းကိစ္စ အောင်မြင်ပါပြီ.... နောက်ထပ် ဘလော့ကို အပြီး ဖျက်နည်းလေးပါ...
မိမိဘလော့ကို အပြီးဖျက်ပြစ်နည်း
ကဲ ဒါကတော့ မလိုအပ်ဘဲ ဖွင့်ထားတဲ့ ဘလော့တခုကို ဖျက်ပြစ်တဲ့နည်းလေးပါ... နည်းလမ်းတွေကတော့
သွားပုံလာပုံခြင်းက တနေရာတည်းမှာပါ.. ခုရေးသားတဲ့ နည်းလမ်း ၃ သွယ် မှာ တနေရာတည်းကို ဦးတည် သွားရောက်ပြီး လုပ်ဆောင်ရတာတွေပါ....
Blogger Sing In >> Blogger Setting >> Other ဆိုတဲ့တိုင်း အပေါ်ကလိုဘဲ သွားလိုက်ပါ...
အပေါ်မှာေ တွ့ရတဲ့တိုင်း Delete Blog ဆိုတာကိုကလစ်ပေးလိုက်ပါ ဘောက်လေးတခုကျလာမယ်
ကျလာတဲ့ ဘော်ကလေးထဲက Delete This Blog ဆိုတာကလစ်ပေးလိုက်တာနဲ့ မိမိတို့ မလိုအပ်တဲ့ ဘလော့လေးကို ဖျက်သိမ်းပေးလိုက်ပါတယ်... ကဲ ဒါဆို ဘလော့တစ်ခုအတွက် သိပ်ကို အရေးပါတဲ့ အခန်းကဏ္ဍ လေးတွေကို သိလောက်ပါပြီနော်... နောက်နောင်ကိုလည်း ဘလော့ကာဆိုင်ရာ နည်းပညာလေးတွေကို ဆက်လက် ရေးသားတင်ဆက်ပေးပါ့မယ်....အဆင်ပြေပါစေ..။
အခြားPostများကြည့်လိုပါကအပေါ်က Menu မှာကြည့်လို့ရပါတယ်နော်
****အဆင်မပြေမှု့တစ်စုံတစ်ရာရှိပါက****
Facebook Account ဖြစ်တဲ့
အောက်ပါပုံလေးကိုနှိပ်ပြီးဝေဖန်အကြံပေးနိုင်ပါတယ်