- မူရင်းစာမျက်နှာ »
- Other IT Knowledge »
- Google Play Games ကနေ ကိုယ်ဂိမ်းဆော့နေတာကို ဗီဒီယို record လုပ်ထားနိုင်ပြီ
ရေးသားသူ : Christ Leo
Friday, June 24, 2016
အရင်တုန်းကတော့ ဖုန်းထဲမှာ ကိုယ်ဆော့တဲ့ဂိမ်းကို ဗီဒီယို record လုပ်ချင်ရင် တခြား အက်ပလီကေးရှင်းတစ်ခုနဲ့ လုပ်ခဲ့ရပါတယ်။
ဒါပေမယ့် အခုအခါမှာတော့ ဖုန်းထဲမှာ သက်သက် အက်ပလီကေးရှင်းတစ်ခုသွင်းပြီး ဗီဒီယို record လုပ်နေစရာမလိုတော့ဘဲ၊ Google Play Games ထဲမှာတင် လုပ်နိုင်ပြီဖြစ်ပါတယ်။ Record လုပ်ထားတဲ့ ဗီဒီယိုကို edit လုပ်တာ၊ Youtube ပေါ်တင်တာတွေကိုပါ Play Games နဲ့တင် လုပ်ဆောင်နိုင်ပါသေးတယ်။
Download ဆွဲနည်း
Download ကိုနှိပ်ပါ
5 Sec စောင့်ပါ
SKID AD ကိုနှိပ်ပါ
လိုချင်တာကိုဆွဲလို့ရပါပြီ..
အခြားPostများကြည့်လိုပါကအပေါ်က Menu မှာကြည့်လို့ရပါတယ်နော်
****အဆင်မပြေမှု့တစ်စုံတစ်ရာရှိပါက****
အောက်ပါပုံလေးကိုနှိပ်ပြီးဝေဖန်အကြံပေးနိုင်ပါတယ်
ဒါပေမယ့် အခုအခါမှာတော့ ဖုန်းထဲမှာ သက်သက် အက်ပလီကေးရှင်းတစ်ခုသွင်းပြီး ဗီဒီယို record လုပ်နေစရာမလိုတော့ဘဲ၊ Google Play Games ထဲမှာတင် လုပ်နိုင်ပြီဖြစ်ပါတယ်။ Record လုပ်ထားတဲ့ ဗီဒီယိုကို edit လုပ်တာ၊ Youtube ပေါ်တင်တာတွေကိုပါ Play Games နဲ့တင် လုပ်ဆောင်နိုင်ပါသေးတယ်။
ဒီ Record feature ကို အရင်တုန်းက တခြားနိုင်ငံတွေမှာသာ ရရှိခဲ့ပြီး၊ မြန်မာနိုင်ငံကနေဆို record လုပ်ဖို့ ခလုတ်တောင် မတွေ့ခဲ့ရပါဘူး။ အခုမှ ရတာဖြစ်ပါတယ်။ ဒါဆို နှောင့်နှေးမနေဘဲ၊ Clash of Clans မှာ ကိုယ့်ရဲ့ အကြမ်းစား War တိုက်ပုံတိုက်နည်းတွေ၊ Clash Royale မှာ ကတ်ချပုံချနည်းတွေကို အမြန်ဆုံး video record လုပ်လိုက်ကြရအောင်။
လုပ်နည်းကတော့
- ပထမဆုံး ဖုန်းထဲက Play Games ဆိုတဲ့ app လေးကို ဖွင့်ပါ။ ဒီပုံလေးနဲ့ app ပါ။
- ၀င်ဝင်ချင်း စာမျက်နှာမှာ “Record Gameplay” ဆိုတာ ပေါ်နေပါလိမ့်မယ်။ အဲဒီကနေလည်း ဗီဒီယို record တန်းလုပ်လို့ ရပါတယ်။ ဒါပေမယ့် ကိုယ် record လုပ်ချင်တဲ့ဂိမ်းကိုတော့ ရွေးလို့ရမှာမဟုတ်ပါဘူး။
- ကိုယ့် record လုပ်ချင်တဲ့ဂိမ်းကို ရွေးချင်တယ်ဆိုရင်တော့ – ဘယ်ဘက်အပေါ်ထောင့်ဘား (ဟမ်ဘာဂါမီနူးလို့ ခေါ်ပါတယ်) ကနေ “My Games” ထဲ ၀င်လိုက်ပါ။
- ပြီးရင် ဘေးက “All My Game” ထဲ သွားလိုက်ရင်၊ ကိုယ့်ဆီမှာ သွင်းထားတဲ့ဂိမ်းတွေ ပေါ်လာပါလိမ့်မယ်။
- ကိုယ် ဗီဒီယို record လုပ်ချင်တဲ့ဂိမ်းကို နှိပ်လိုက်ရင် အပေါ်ညာဘက်မှာ Play တဲ့ ခလုတ်လေးနဲ့ Record လုပ်တဲ့ အနီရောင်အ၀ိုင်းခလုတ်လေးကို တွေ့ပါလိမ့်မယ်။ Record ကို နှိပ်လိုက်ပါ။
- ဒီအခါ ဗီဒီယိုမှတ်တမ်းရိုက်ထားမှာကို HD နဲ့ ရိုက်မလား၊ 480P နဲ့ ရိုက်မလား မေးလိမ့်မယ်။ ကိုယ် ရိုက်ချင်တဲ့ဟာကို ရွေးလိုက်ပါ။ HD ဆို ဖိုင်ဆိုက်ပိုကြီးပြီး၊ ရုပ်ထွက်ပိုကြည်ပါမယ်။ ပြီးရင် Launch နှိပ်လိုက်ပါ။
- အခုဆို ဂိမ်းထဲ ၀င်သွားတာကို တွေ့ရပါလိမ့်မယ်။ Record ခလုတ်လေးကို နှိပ်လိုက်တာနဲ့ 3,2,1 ရေပြီး ဗီဒီယို record စလုပ်မှာဖြစ်ပါတယ်။
- Record ရပ်ချင်တယ်ဆိုရင် Stop ခလုတ်လေးကို နှိပ်ပြီး ရပ်နိုင်ပါတယ်။
- Record ပြီးတဲ့အခါ ဗီဒီယိုကို တခါတည်း edit လုပ်နိုင်သလို၊ ဒီကနေလည်း Youtube ပေါ် တန်းပြီး upload လုပ်နိုင်ပါတယ်။
Google Play Games ရဲ့ ယခု Record လုပ်ဆောင်ချက်ဟာ၊ ဂိမ်းထဲမှာတင်မဟုတ်ဘဲ ဖုန်း Home screen မှာလည်း အလုပ်လုပ်တာကြောင့်၊ ကိုယ်ဖုန်းသုံးနေသမျှကို ဗီဒီယို record လုပ်ထားနိုင်မှာဖြစ်ပါတယ်။
ကဲ အားလုံး အခုပဲစမ်းကြည့်ပြီး၊ ကိုယ့်ရဲ့ ဂိမ်း skill တွေကို အွန်လိုင်းပေါ်မှာ ပြန်ကြွားဖို့ video record လုပ်လိုက်ရအောင်။
Credit>>>>Ye Wint
Download ဆွဲနည်း
Download ကိုနှိပ်ပါ
5 Sec စောင့်ပါ
SKID AD ကိုနှိပ်ပါ
လိုချင်တာကိုဆွဲလို့ရပါပြီ..
အခြားPostများကြည့်လိုပါကအပေါ်က Menu မှာကြည့်လို့ရပါတယ်နော်
****အဆင်မပြေမှု့တစ်စုံတစ်ရာရှိပါက****
Facebook Account ဖြစ်တဲ့
အောက်ပါပုံလေးကိုနှိပ်ပြီးဝေဖန်အကြံပေးနိုင်ပါတယ်